backup og meta

ကိုယ်ခံအားကောင်းတယ်ဆိုပြီး ဗီတာမင် C တွေ လွန်လွန်ကဲကဲ မှီဝဲမိတဲ့အခါ

မှ အချက်အလက် စစ်ဆေးထားပါသည်။ Dr. Phyo Wai Lynn


Ye Zon Aung မှ ရေးသားသည်။ · 07/12/2021 တွင် အသစ်ဖြည့်စွက်ခဲ့သည်။

    ကိုယ်ခံအားကောင်းတယ်ဆိုပြီး ဗီတာမင် C တွေ လွန်လွန်ကဲကဲ မှီဝဲမိတဲ့အခါ

    ဗီတာမင် C ဟာ ကိုယ်ခံအားစနစ်ကို အကျိုးပြုတဲ့ အာဟာရဓာတ်တစ်မျိုးဖြစ်ပါတယ်။ ဒါ့အပြင် ဗီတာမင် C က ဝိတ်ကျစေတယ်လို့လည်း လူသိများပါတယ်။ တကယ်တော့ ဗီတာမင် C က သွေးတွင်းထဲက ကိုလက်စထရောကို လျှော့ချပေးတာပါ။ ကိုယ်အလေးချိန်ကို လျှော့ချပေးတာမဟုတ်ပါဘူး။

    ဒါပေမယ့်လည်း ဗီတာမင် C ဟာ လူ့ကျန်းမာရေးကို အကျိုးပြုတယ်ဆိုတာကတော့ သေချာပါတယ်။ ဗီတာမင် C ကို မှန်ကန်စွာ မှီဝဲမယ်ဆိုရင် အောက်ပါ အကျိုးကျေးဇူးတွေ ရရှိမှာဖြစ်ပါတယ်။

    ဒီလိုအကျိုးကျေးဇူးများပြားလှတဲ့အတွက်ကြောင့်လည်း လူတွေက ဗီတာမင် C ကို လိုအပ်တာထက်ပိုပြီး မှီဝဲတာမျိုးတွေ ပြုလုပ်လာကြပါတယ်။

    အထူးသဖြင့် ယခုလို COVID-19 ကာလမျိုးမှာ ဗီတာမင် C ဓာတ်က ကိုယ်ခံအားကောင်းမွန်စေတယ်ဆိုတဲ့အချက်ကြောင့် ပုံမှန်မှီဝဲနေတဲ့အစားအစာတွေအပြင် ဖြည့်စွက်စာတွေ၊ ဆေးဝါးတွေကိုပါ အသုံးချပြီး ဗီတာမင် C ကို မှီဝဲလာကြတာပါ။

    ဗီတာမင် C ဟာ ကျန်းမာရေးကို အကျိုးပြုပေမယ့် အလွန်အကျွံမှီဝဲမိရင် ဘေးထွက်ဆိုးကျိုးတွေရှိပါတယ်။ ဒီအချက်ကိုလည်း သတိထားဖို့ လိုအပ်ပါတယ်။

    ဗီတာမင် C ကို အလွန်အကျူးမှီဝဲမိတဲ့အခါ

    ဗီတာမင် C လို့ လူသိများတဲ့ ဗီတာမင်ဓာတ်က ရေမှာပျော်ဝင်နိုင်တဲ့ Ascorbic acid ကိုခေါ်ဆိုတာဖြစ်ပါတယ်။ အသီးအနှံတွေနဲ့ ဟင်းရွက်တွေမှာ အဓိကပါရှိပါတယ်။ နေ့စဉ်လုံလောက်မျှတစွာ မှီဝဲစားသောက်ပေးမယ်ဆိုရင် ဓာတ်တိုးဆန့်ကျင်ဂုဏ်သတ္တိကြောင့် ကိုယ်ခံအားစနစ်ကို အထောက်အကူဖြစ်ပေါတယ်။

    ပုံမှန်အားဖြင့် လူတစ်ယောက်ရဲ့ နေ့စဉ် ဗီတာမင် C လိုအပ်ချက်က အနည်းဆုံး ၁၀၀ မီလီဂရမ် ဝန်းကျင်ဖြစ်ပါတယ်။ သူ့ရဲ့ အလွယ်တကူပျော်ဝင်နိုင်တဲ့ အစွမ်းသတ္တိကြောင့် ခန္ဓာကိုယ်က အများဆုံးလက်ခံနိုင်တဲ့ ပမာဏက ၂၀၀၀ မီလီဂရမ်ဖြစ်ပါတယ်။ အရွယ်ရောက်ပြီးသူတိုင်း ၁၀၀ မီလီဂရမ် ပမာဏနေ့စဉ် မှီဝဲနိုင်နေဖို့ လိုအပ်တာပါ။

    ဒါပေမယ့် တကယ်လို့များ အမြင့်ဆုံးပမာဏထက်ပိုပြီး မှီဝဲမိတဲ့အခါမျိုးမှာ ဘာတွေဖြစ်လာနိုင်လဲဆိုရင်တော့

    • ပုံမှန်မဟုတ်တဲ့ နာကျင်မှုတွေ ခံစားလာရမယ်၊
    • ကြွက်တက်မယ်၊
    • ဝမ်းလျှောမယ်၊
    • ဗိုက်အောင့်၊ ဗိုက်နာမယ်၊
    • ခေါင်းကိုက်မယ်၊
    • အော့အန်မယ်၊
    • အိပ်မပျော်ဖြစ်မယ်၊ စတာတွေပါပဲ။

    ဒါက ချက်ခြင်းခံစားရမယ့် ဝေဒနာတွေဖြစ်ပါတယ်။ နေ့စဉ်ရက်ဆက်ဖြစ်လာရင်၊ ဗီတာမင် C လွန်ကဲမှု (Vitamin C Overdose) ဖြစ်လာရင်တော့ အောက်ပါ နာတာရှည်ဝေဒနာတွေကိုပါ ကြုံဆုံရနိုင်ပါတယ်။

    • အစာခြေစနစ် ထိခိုက်တာ၊ ပုံမှန်မဟုတ်တာ၊
    • သံဓာတ်လွန်ကဲစေတာ၊
    • ကျောက်ကပ်မှာကျောက်တည်တာတွေပါပဲ။

    ဒါကြောင့် ဗီတာမင် C ကို မှီဝဲရာမှာ သတိထားဖို့နဲ့ သဘာဝအစားအစာတွေကနေသာ အဓိကမှီဝဲဖို့တိုက်တွန်းလိုပါတယ်။ သဘာဝအစားအစာတွေမှာပါရှိတဲ့ ဗီတာမင် C ပမာဏဟာ လူတစ်ယောက်နေ့စဉ်လိုအပ်တာထက်ပိုလျှံနေတာမျိုးဖြစ်နိုင်ခြေမရှိပေမယ့် ဆေးဝါးတွေကနေတဆင့် မှီဝဲမယ်ဆိုရင်တော့ လွန်ကဲတာမျိုးဖြစ်နိုင်ခြေပိုများပါတယ်။

    ဆေးဝါးကနေတဆင့် ဗီတာမင် C ကို မှီဝဲမယ်ဆိုရင်အောက်ပါလူမျိုးတွေကိုသာ မှီဝဲစေသင့်တယ်လို့ ဆရာဝန်တွေက လမ်းညွှန်ထားပါတယ်။ သူတို့တွေကတော့

    • အရက်အလွန်အကျွံသောက်သုံးသူများ၊
    • ဆေးလိပ်သောက်သူများ၊
    • နာမကျန်းဖြစ်နေသူများ၊
    • ပိုးသတ်ဆေး သောက်နေသူများ၊
    • အနာသက်သာဆေးသောက်နေသူများ၊
    • ဓါတ်ဆီ၊ ရေနံဆီတွေ နှင့် အမြဲထိတွေ့ကိုင်တွယ်နေရသူများ၊
    • သတ္တုတွင်း၊ သတ္တုပစ္စည်းများ နှင့် ထိတွေ့ကိုင်တွယ်နေရသူများ၊ စတာတွေပါပဲ။

    ဒါကြောင့် ဗီတာမင် C ကို ညီညွတ်မျှတစွာမှီဝဲပြီး ခန္ဓာကိုယ်ကြီး ကိုယ်ခံအားကောင်းမွန်ကာ ကျန်းမာသန်စွမ်းစေဖို့ အသုံးချနိုင်ကြပါ။ တစ်ဖက်မှာလည်း တန်ဆေး လွန်ဘေးဆိုတာကို မမေ့ဖို့ သတိပေးစကားဆိုပါရစေ။

    မသက်ဆိုင်ကြောင်း ရှင်းလင်းချက်

    Hello Health Group သည် ဆေးပညာအကြံဉာဏ်များ၊ ရောဂါရှာဖွေမှုများနှင့် ကုသမှုများ မပြုလုပ်ပေးပါ။

    မှ အချက်အလက် စစ်ဆေးထားပါသည်။

    Dr. Phyo Wai Lynn


    Ye Zon Aung မှ ရေးသားသည်။ · 07/12/2021 တွင် အသစ်ဖြည့်စွက်ခဲ့သည်။

    advertisement iconadvertisement

    ဤဆောင်းပါးက အကူအညီဖြစ်ပါသလား။

    advertisement iconadvertisement
    advertisement iconadvertisement