ဆီးခုံမွေး ရိတ်ခြင်းဖြင့် ရနိုင်တဲ့ ကောင်းကျိုးတွေ
ဆီးခုံမွေး ရိတ်ခြင်း ကနေရရှိမယ့် ကောင်းကျိုးတွေကတော့
၁။ တစ်ကိုယ်ရေ သန့်ရှင်းမှု
အမွေးအမျှင်တွေ ပါးသွားတဲ့အခါ သန့်ရှင်းရေး လုပ်ဖို့၊ ချေးချွတ်သန့်စင်ဖို့ ပိုလွယ်ကူပါတယ်။ ပုံမှန်အားဖြင့် ဘောင်းဘီ၊ အတွင်းခံဘောင်းဘီနဲ့ အမြဲထိကပ်နေပြီး ချွေးအလွန်ထွက်တာကြောင့် ဘက်တီးရီးယားပိုးတွေ အမြဲ ကပ်ငြိနေနိုင်ပါတယ်။ ဆီးခုံမွေးနည်းသွားတဲ့အခါ ချွေးထွက်နည်းသွားနိုင်တဲ့အပြင် ကိုယ့်ရဲ့ တစ်ကိုယ်ရေသန့်ရှင်းမှုအတွက်လည်း အကျိုးဖြစ်စေပါတယ်။
၂။ လိင်တံ ကျန်းမာရေး
အမွေးအမျှင်တွေ မရှိတော့တဲ့အတွက် ဘက်တီးရီးယားပိုးမွှားတွေအပြင် တခြားသော အင်းဆက်ပိုးမွှားတွေပါ မကပ်တွယ်နိုင်တော့တဲ့အတွက် ပိုပြီး သန့်ရှင်းသွားတယ်။ ဒါ့အပြင် မှိုကြောင့် ဖြစ်တဲ့ အရေပြားရောဂါတွေ ဥပမာ – ပွေး၊ ဝဲ၊ ညှင်း၊ ဖြစ်နိုင်ခြေကို လျှော့ချပေးနိုင်တယ်။ ဆီးကျိတ်ကင်ဆာရှိ၊ မရှိ ကိုယ့်ရဲ့ ဝှေးစေ့ကို အသေးစိတ် စစ်ဆေးကြည့်လို့ ရတယ်။
၃။ ထိတွေ့ခံစားမှု
အမွေးအမျှင် နည်းသွားတဲ့အခါ တစ်ကိုယ်ရေ အာသာဖြေတာ ဖြစ်စေ၊ ကိုယ့်ရဲ့ ချစ်သူနဲ့ လိင်ဆက်ဆံတဲ့အခါဖြစ်စေ ပိုပြီး ထိတွေ့ခံစားမှု ကောင်းလာပါတယ်။ အမွေးအမျှင်တွေ မရှိတော့တဲ့အတွက် ကိုယ့်ရဲ့ လိင်ဆက်ဆံဖော်ကိုလည်း ယားယံမှုတွေ မဖြစ်စေနိုင်တော့ပါဘူး။
၄။ အရွယ်အစား
ပုံမှန် အမွေးအမျှင်တွေနဲ့ ဖုံးနေတဲ့ နေရာဟာ ပြောင်ရှင်းသွားတဲ့အခါ ကိုယ့်ရဲ့ လိင်တံဟာ ပိုပြီး သန့်ရှင်းသွားတယ်။ ခါတိုင်းထက် ပိုပြီး ကြီးနေသလို စိတ်ထဲမှာ ခံစားရစေပါတယ်။
ဆီးခုံမွေး ရိတ်ဖို့အတွက် ဘာတွေ ပြင်ဆင်သင့်လဲ
၁။ ရိတ်ရလွယ်ကူစေဖို့ အရင်ဆုံး ရှည်နေတဲ့ အမွေးတွေကို ကပ်ကြေးဖြင့် တိုအောင် ညှပ်လိုက်ပါ။
၂။ ပြီးရင် ရေနွေးနွေးနဲ့ လိင်တံတစ်ဝိုက်ကို လောင်းချလိုက်ပါ။
၃။ ခြောက်အောင် သုတ်ပြီးသွားရင် အမွေးအမျှင်ရိတ်တဲ့ ခရင်မ်၊ ဂျယ်လ် များများ သုတ်လိမ်းထားပါ။
၄။ အသစ်စက်စက် ဘလိတ်ဓားကို အသုံးပြုပြီး အမွေးအမျှင်တွေကို ဖြည်းညှင်းစွာ ရိတ်ပါ။
၅။ အရေပြားကို ဆွဲဆန့်ထားပြီး ဓားကို အောက်ဘက်သို့ ဦးတည်ပြီး ရိတ်ပါ။
၆။ အမွေးအမျှင်ရိတ်ပြီးသွားရင် ရေနဲ့ ပြောင်စင်အောင် ဆေးကြောပြီး ခြောက်အောင် သုတ်ပါ။
၇။ ယားယံမှုကင်စေဖို့ အစိုဓာတ်ထိန်းခရင်မ် တစ်မျိုးမျိုး လိမ်းပေးရင် ပိုကောင်းပါတယ်။
မှတ်ချက်များ
သင့်အတွေးများကို ဝေမျှပါ။
သင့်ကျန်းမာရေးအတွေးများကို Hello Sayarwonနဲ့ ဝေမျှလိုက်ပါ။
ဆက်သွယ်ရန် သို့မဟုတ် ဝင်မည်။ နှင့် ဝင်ရောက်ဆွေးနွေးပါမည်။