backup og meta

Omicron မျိုးကွဲ BA.2 နဲ့ ပတ်သက်လို့

Omicron မျိုးကွဲ BA.2 နဲ့ ပတ်သက်လို့

ကိုဗစ်ကတော့ ကမ္ဘာကြီးကို ခြိမ်းခြောက်လာခဲ့တာ နှစ်နဲ့ချီပြီး ကြာခဲ့ပါပြီ။ ကိုဗစ် Wave တစ်ခုချင်းစီကို မျိုးစိတ် တစ်ရပ်စီနဲ့ ဖန်တီးလာခဲ့တာပါ။ အခုနောက်ဆုံးကတော့ Omicron ပါ။ Omicron က စဖြစ်စမှာ မျိုးစိတ်က BA.1 ဆိုပေမယ့် အခုချိန်မှာတော့ ကမ္ဘာ့နိုင်ငံ အသီးသီးမှာ BA.2 အနေနဲ့ ကူးစက်နေပါတယ်။ ဒီ  Omicron မျိုးကွဲ BA.2 နဲ့ ပတ်သက်လို့ သိထားဖို့ လိုမယ့် အချက်လေးတွေကို ပြောပြပေးချင်ပါတယ်။

Omicron မျိုးကွဲ BA.2 နဲ့ ပတ်သက်လို့

Omicron မျိုးကွဲ BA.2 နဲ့ ပတ်သက်လို့

ဒီဗိုင်းရပ်စ်နဲ့ ပတ်သက်လို့ ဘာတွေ သိထားဖို့ လိုမလဲဆိုတာကို အတူတူ ဆက်ကြည့်လိုက်ရအောင်လား။

Omicron မျိုးကွဲ BA.2ဆိုတာ

Omicron မျိုးကွဲ BA.2ဆိုတာ ကိုရိုနာဗိုင်းရပ်စ် တစ်မျိုးပါပဲ။ ဗီဇပြောင်းလဲမှု အဆင့်ဆင့်နဲ့ ဆင့်ကဲ ပြောင်းလဲလာခဲ့တဲ့ ကိုဗစ်ကူးစက်မြန် အသက်ရှူလမ်းကြောင်းဆိုင်ရာ ရောဂါကို ဖြစ်စေနိုင်တဲ့ ကိုရိုနာဗိုင်းရပ်စ် တစ်မျိုးပါ။ လက်ရှိ ကမ္ဘာ့နိုင်ငံ အများစုမှာ စတင် ကူးစက်နေတဲ့ ကိုဗစ် မျိုးဗီဇပြောင်း မျိုးကွဲ တစ်ရပ်ပါ။

Omicron BA.1 နဲ့ BA.2 က တော်တော်လေး ဆင်တူပေမယ့် ဗီဇပြောင်းလဲမှု ၂၀ ကျော် ကွာခြားမှု ရှိနေပါတယ်။ ဒီဗိုင်းရပ်စ် မျိုးကွဲက နိုဝင်ဘာလက ဖိလစ်ပိုင်မှာ စတွေ့ခဲ့တာဖြစ်ပြီး ဘယ်ကနေ အစပြုလာလဲဆိုတာကိုတော့ သေသေချာချာ မသိရသေးပါဘူး။

ဘယ်နေရာတွေမှာ ဖြစ်ပွားနေပြီလဲ

လက်ရှိမှာ Omicron ဗိုင်းရပ်စ်ရဲ့ မျိုးကွဲ BA.2 ကို နိုင်ငံပေါင်း ၅၇ နိုင်ငံမှာ တွေ့ရှိခဲ့ရပါတယ်။ Omicron ကူးစက်မှုရဲ့ ထက်ဝက်လောက်က BA.2 မျိုးကွဲ ကူးစက်ခံရတာပါ။ ဖြစ်ပွားမှုက အတော်လေး မြင့်တက်နေပါတယ်။

အိန္ဒိယမှာတော့ ဖြစ်ပွားမှုက တော်တော်လေး များပြားနေပါတယ်။

BA.2 က ပိုပြီး ကူးစက်မြန်လား

လေ့လာမှုရလဒ်တွေအရတော့ BA.2 က BA.1 ထက် ပိုပြီး ကူးစက်မြန်ပါတယ်။ ကာကွယ်ဆေးတွေကိုလည်း ကောင်းကောင်း ခုခံရှောင်ရှားနိုင်ပါတယ်။ ကာကွယ်ဆေး ထိုးထားသူတွေမှာ ကူးစက်မှုက ကာကွယ်ဆေး မထိုးထားတဲ့သူတွေထက်တော့ နည်းပါတယ်။ ကာကွယ်ဆေးက ထိုက်သင့်သလောက် ကာကွယ်မှု ပေးသလို ကူးစက်ခံရရင်လည်း လက္ခဏာ မပြင်းထန်အောင် လုပ်ဆောင် ပေးပါတယ်။

BA.2 က BA.1 ထက် ကူးစက်မှုက ပိုမြန်တယ်လို့ နိုင်ငံ အရပ်ရပ်ရဲ့ လေ့လာမှုတွေအရ သိရပါတယ်။

BA.2က ပိုပြီး အန္တရာယ် များသလား

BA.2 က ယခင် အိုမီခရွန် မျိုးကွဲ BA.1 ထက် ရောဂါလက္ခဏာတွေ ပိုပြင်းထန်သလား ဆိုတာကိုတော့ တိတိကျကျ မသိရသေးပါဘူး။ ကာကွယ်ဆေး ထိုးနှံမှုတွေက တော်တော်လေး ပြီးစီးနေပြီ ဖြစ်တာကြောင့်လည်း ဒီ BA.2 မျိုးကွဲကြောင့် သေဆုံးတာ၊ ရောဂါပြင်းပြင်းထန်ထန် ခံစားရတာတွေက ဖြစ်နိုင်ခြေ နည်းနိုင်တယ်လို့ သုတေသီတွေက ခန့်မှန်းကြပါတယ်။

 ဘယ်လိုပဲဆိုဆို သတိကြီးကြီး ထားပြီး ဂရုစိုက် ကာကွယ်တာက အကောင်းဆုံး နည်းလမ်းပါ။

Omicron မျိုးကွဲ BA.2ကို ဘယ်လို ကာကွယ်မလဲ

ဘယ်လိုတွေပဲ အမည်နာမတွေ ပြောင်းလဲပါစေ အိုမီခရွန် မျိုးကွဲ BA.2က ကိုရိုနာဗိုင်းရပ်စ် တစ်မျိုးပါပဲ။ ဒါကြောင့် ကိုဗစ်ကို ကာကွယ်တဲ့ နည်းလမ်းတွေ ဖြစ်ကြတဲ့

[embed-health-tool-bmi]

မသက်ဆိုင်ကြောင်း ရှင်းလင်းချက်

Hello Health Group သည် ဆေးပညာအကြံဉာဏ်များ၊ ရောဂါရှာဖွေမှုများနှင့် ကုသမှုများ မပြုလုပ်ပေးပါ။

Episode #64 – Why are experts concerned about Omicron? https://www.who.int/emergencies/diseases/novel-coronavirus-2019/media-resources/science-in-5/episode-64—why-are-experts-concerned-about-omicron?gclid=CjwKCAiA1JGRBhBSEiwAxXblwdHZa5OZYhXyl6k4la5T3yb-XNZZZQp-IEK8_q2KPEuwDUT9rGDHYBoCqZAQAvD_BwE Accessed Date 7 March 2022

Omicron BA.2: What we know about the Covid sub-variant https://www.bbc.com/news/health-60233899 Accessed Date 7 March 2022

ယခုပုံစံ

21/03/2022

Aye Thi Mon မှ ရေးသားသည်။

မှ အချက်အလက် စစ်ဆေးထားပါသည်။ Aye Thi Mon

Aye Thi Mon မှ ပြင်ဆင်ခဲ့ပါသည်။


ဆက်စပ် အကြောင်းအရာများ

Omicronကြောင့် ဘေဘီလေးတွေမှာ croup ဖြစ်နိုင်ပါတယ်။

Omicronကြောင့် လည်ချောင်းနာပြီး အသံဝင်ခဲ့ရင်


မှ အချက်အလက် စစ်ဆေးထားပါသည်။

Aye Thi Mon


Aye Thi Mon မှ ရေးသားသည်။ · 21/03/2022 တွင် အသစ်ဖြည့်စွက်ခဲ့သည်။

ad iconadvertisement

ဤဆောင်းပါးက အကူအညီဖြစ်ပါသလား။

ad iconadvertisement
ad iconadvertisement