ဒါပေမယ့် လေ့လာမှုတိုင်းကတော့ တူညီတဲ့ ရလဒ် ထွက်နေတာတော့ မဟုတ်ပါဘူး။ ၂၀၂၁ ခုနှစ်က ပြုလုပ်ခဲ့တဲ့ လေ့လာမှုတွေမှာ ဗီတာမင် D ချို့တဲ့မှုနဲ့ ကိုဗစ်ကို ပြင်းပြင်းထန်ထန် ခံစားရမှု အကြားမှာ ဆက်စပ်မှု ရှိတယ်လို့ မတွေ့ရပေမယ့် စပိန်တက္ကသိုလ် တစ်ခုက လုပ်ဆောင်ခဲ့တဲ့ လူ ၇၆ ဦးပါဝင်တဲ့ လေ့လာမှု မှာတော့ ဗီတာမင် Dက ကိုဗစ်ကြောင့် လက္ခဏာ ပြင်းပြင်းထန်ထန် မခံစားရအောင် ကာကွယ်ပေးနိုင်တယ်လို့ တွေ့ရှိခဲ့ရတယ်လို့ ဆိုပါတယ်။ ဗီတာမင် D လုံလောက်စွာ ရရှိစေမှုက ကိုဗစ်ကြောင့် အထူးကြပ်မတ်ကုသခံရတာမျိုး မရှိစေဖို့ ကာကွယ်ပေးတယ်လို့လည်း တွေ့ရှိခဲ့ရပါတယ်။
အမေရိကန်က သုတေသီတွေ လူနာ ၂၃၅ ဦးရဲ့ သွေးနမူနာတွေနဲ့ လုပ်ဆောင်ခဲ့တဲ့ လေ့လာမှုမှာတော့ ဗီတာမင် D လုံလောက်ပြည့်ဝစွာ ရရှိတဲ့ ကိုဗစ်လူနာတွေက ကိုဗစ်ကြောင့် သေဆုံးနိုင်ခြေရော ရောဂါလက္ခဏာ ပြင်းပြင်းထန်ထန် ခံစားရနိုင်ခြေပါ နည်းနေတာကို တွေ့ရှိခဲ့ရပါတယ်။
နောက်ထပ် လေ့လာမှု တစ်ရပ်အရသိရတာကတော့ ဗီတာမင် D ကို ဖြည့်စွက်အာဟာရ အနေနဲ့ ပုံမှန် သုံးစွဲပေးတာက အသက်ရှူလမ်းကြောင်းဆိုင်ရာ ပိုးဝင်ကူးစက်မှုတွေကို ထိထိရောက်ရောက် ကာကွယ်ပေးနိုင်တယ်လို့ တွေ့ရှိခဲ့ရပါတယ်။ ဒါကြောင့် ကိုဗစ်ကို ကာကွယ်ချင်တယ်ဆိုရင် ပုံမှန်လေး ထိုက်သင့်တဲ့ ပမာဏ ရရှိအောင် ဂရုစိုက်ပေးတာက အဆင်အပြေဆုံး ဖြစ်မှာပါ။
ဒါကြောင့် ဗီတာမင် Dက ကိုဗစ်ကိုဗစ်ကို တကယ်ပဲ ကာကွယ်ပေးနိုင်သလား။ ရောဂါ ပြင်းပြင်းထန်ထန် မခံစားရအောင် လျှော့ချပေးနိုင်သလား။ နောက်ဆက်တွဲ ကျန်းမာရေး ပြဿနာတွေ ပြင်းပြင်းထန်ထန် မခံစားရအောင် ကာကွယ်ပေးနိုင်သလား။ သေဆုံးနိုင်ခြေကို လျှော့ချပေးနိုင်သလား ဆိုတာတွေကို သေသေချာချာ သိရှိနိုင်စေဖို့အတွက် နောက်ထပ် လေ့လာမှုတွေ လုပ်ဆောင်ဖို့ ရှိနေပါတယ်။
ပုံမှန်အားဖြင့်ကတော့ ကိုယ်ခံအားစနစ် ကျန်းမာစေဖို့နဲ့ အသက်ရှူလမ်းကြောင်းဆိုင်ရာ ဗိုင်းရပ်စ်တွေ ကူးစက်မှုကို ကာကွယ်ဖို့ဆိုရင် ဗီတာမင်D ပြည့်ဝနေဖို့တော့ လိုပါမယ်။
တစ်နေ့တာမှာ ဗီတာမင် D ပမာဏ ဘယ်လောက် လိုအပ်မလဲ။
အခြားသော ဗီတာမင်တွေနဲ့ အာဟာရဓာတ်တွေလိုပါပဲ ဗီတာမင် D လိုအပ်ချက်ကလည်း အသက်အရွယ်၊ ကျား/မ ကွာခြားချက်၊ နေထိုင်မှုပုံစံတွေအပေါ်လိုက်ပြီး တစ်ဦးနဲ့ တစ်ဦး လိုအပ်တဲ့ ပမာဏ ကွာခြားနိုင်ပါတယ်။ ကိုယ်ဝန်ဆောင်ဖြစ်နေမယ်၊ နို့တိုက်မိခင်ဖြစ်နေမယ်ဆိုရင်လည်း ဗီတာမင် D လိုအပ်ချက်က ကွာခြားနိုင်ပါတယ်။
ပုံမှန်အားဖြင့်တော့ အသက် ၁၈-၇၀ကြား လူတစ်ယောာက်က တစ်နေ့ကို 600 IU သို့ 15 micrograms လိုအပ်ပါတယ်။ ဒါပေမယ့် နေရောင်မထိတဲ့သူ၊ အရိုးပွရောဂါရှိသူတွေဆိုရင်တော့ ဒီထက်ပိုလိုမှာပါ။
ဗီတာမင် Dက ပြည့်ဝဖို့ လိုတယ်ဆိုပေမယ့် အရမ်းများသွားမယ် သွေးထဲမှာ ဗီတာမင် D ပမာဏ 50 ng/mL ထက် များနေမယ်ဆိုရင် မအီမသာဖြစ်တာ၊ အော့အန်တာ၊ ကြွက်သားတွေ အားနည်းတာ၊ နာကျင်တာ၊ အာရုံကြော ကျန်းမာရေးကို ထိခိုက်တာ၊ အစာ စားချင်စိတ် မရှိတာ၊ ရေဓာတ်ဆုံးရှုံးတာ၊ ရေအရမ်းငတ်တာ၊ ကျောက်ကပ် ကျောက်တည်တာတွေလိုမျိုး ကျန်းမာရေးပြဿနာတွေ ခံစားရနိုင်ပါတယ်။
မှတ်ချက်များ
သင့်အတွေးများကို ဝေမျှပါ။
သင့်ကျန်းမာရေးအတွေးများကို Hello Sayarwonနဲ့ ဝေမျှလိုက်ပါ။
ဆက်သွယ်ရန် သို့မဟုတ် ဝင်မည်။ နှင့် ဝင်ရောက်ဆွေးနွေးပါမည်။