သွေးတွင်း အောက်ဆီဂျင်နည်းနေပြီဆိုတာသိသာစေမယ့် လက္ခဏာများ

ဆေးပညာပိုင်းဆိုင်ရာတည်းဖြတ်သူ | ရေးသားသူ

Update Date အောက်တိုဘာ 27, 2020 . 2 mins read
Share now

အသက်ရှူ ကျပ်ရင်းက အသက်ဆုံးသွားတဲ့အထိပဲ။ ကိုဗစ်ကြောင့်  မောတယ်၊ အသက်ရှူ ကျပ်လာတယ်၊ သွေးတွင်းအောက်ဆီဂျင်က ထိုးကျသွားတယ်ဆိုတဲ့ စကား အခုတလော တော်တော်လေး ကြားရတယ်နော်။

သွေးတွင်းအောက်ဆီဂျင် ကျတာက အ​ကြောင်းမဲ့ ရုတ်တရက် ဖြစ်တာမျိုး မဟုတ်ပါဘူး။ သွေးတွင်းအောက်ဆီဂျင် ကျနေပြီဆိုတာကို သိသာတဲ့ လက္ခဏာလေးတွေ ရှိပါတယ်။

သွေးတွင်းအောက်ဆီဂျင် ဘာကြောင့် ကျရတာလဲ………

သွေးတွင်း အောက်ဆီဂျင် ကျတယ်ဆိုတာက သွေးထဲမှာ ရှိသင့်တဲ့ အောက်ဆီဂျင် ပမာဏရဲ့ အောက်ကို ရောက်နေတာပါ။ သွေးတွင်း အောက်ဆီဂျင် ပမာဏ ကျဆင်းရတာက အခုလောလောဆယ်မှာ ကိုဗစ်ကြောင့် အဖြစ်များပေမယ့် ဒီအချက်တွေကြောင့်လည်း ဖြစ်နိုင်ပါတယ်

သွေးတွင်း အောက်ဆီဂျင် ကျတဲ့အခါ ဘယ်လို လက္ခဏာတွေ ရှိလဲ

သွေးတွင်းအောက်ဆီဂျင် ကျသွားတဲ့အခါ ပုံမှန်မဟုတ်တဲ့ သွေးလည်ပတ်မှုတွေ  ဖြစ်ပြီး အခုလို လက္ခဏာတွေ ခံစား ရနိုင်ပါတယ်။

  • အသက်ရှူတာ ပြတ်တောင်း ပြတ်တောင်းဖြစ်တာ
  • ခေါင်းကိုက်တာ
  • ဂနာမငြိမ်ဖြစ်တာ
  • မူးဝေတာ
  • အသက်ရှူ မြန်လာတာ
  • ရင်ဘတ် အောင့်တာ
  • အာရုံ ရှုပ်ထွေးတာ
  • သွေးပေါင်တက်တာ
  • ဟန်ချက်ညီညီ လုပ်ဆောင်နိုင်စွမ်းကျတာ (စကားတွေပလုံးပထွေးပြောတာ၊ လှုပ်ရှားမှု မူမှန်တာ)
  • အမြင်အာရုံ ဝေဝါးတာ
  • အရမ်း စိတ်လှုပ်ရှားနေတာ
  • အသာရောင် ပြာနှမ်းတာ
  • အသက်ရှူရခက်လာတာ
  • နှုတ်ခမ်းတွေ ပြာနှမ်းလာတာ
  • နှလုံးခုန်မြန်တာမျိုးတွေ ခံစားရနိုင်ပါတယ်။

ဒီလို အခြေအနေဖြစ်နေရင် ကုသမှု အမြန်ဆုံး ခံယူပါ။

အပေါ်မှာ ပြောခဲ့တဲ့ လက္ခဏာတွေကို ခံစားနေရသလို အခုလို အခြေအနေတွေ ဖြစ်လာပြီဆိုရင် အမြန်ဆုံး ကုသမှု ခံယူပါ။

  • ပြင်းထန်တဲ့ အသက်ရှူ ပြတ်တောင်း ပြတ်တောင်းဖြစ်တာကို ရုတ်တရက် ခံစားရမယ်ဆိုရင်
  • အနားယူနေစဉ်မှာ အသက်ရှူရ ပြတ်တောင်းပြတ်တောင်း ဖြစ်လာရင်
  • အနားယူနေပေမယ့် အသက်ရှူ မဝသလို ခံစားလာရရင်
  • လေ့ကျင့်ခန်း လုပ်နေစဉ်၊ ကိုယ်လက်လှုပ်ရှားမှု လုပ်နေစဉ် အသက်ရှူ ရခက်လာရင်
  • အသက်ရှူ ရကျပ်လို့ ရုတ်တရက် လန့်နိုးလာမယ်ဆိုရင်
  • နင်နေသလို ခံစားရရင်
  • ချောင်းဆိုးရင်း အသက်ရှူ ကျပ်လာရင်
  • နှလုံးမြန်ရင်း အသက်ရှူ ကျပ်နေတာဆိုရင်
  • ဖောရောင်မှုနဲ့အတူ အသက်ရှူရခက်လာရင် အမြန်ဆုံး ကုသမှု ခံယူဖို့ လိုပါမယ်။
COVID-19 Outbreak updates
Country: Myanmar
Data

117,946

Confirmed

97,819

Recovered

2,484

Death
Distribution Map

Hello Health Group သည် ဆေးပညာအကြံဉာဏ်များ၊ ရောဂါရှာဖွေမှုများနှင့် ကုသမှုများ မပြုလုပ်ပေးပါ။

ဒီဆောင်းပါးက သင့်အတွက် အသုံးဝင်ပါသလား။
happy unhappy
ရင်းမြစ်များ

သင်ဒါလည်း နှစ်သက်နိုင်ပါတယ်။

GCS 3 ဆိုတာ ဘာလဲ..ခေါင်းဒဏ်ရာမှာ GCS ကိုဘာလို့သိသင့်လဲ

GCS 3ဆိုတာက သာမန်လူတွေနဲ့ သိပ်မရင်းနှီးသေးတဲ့ စကားလုံးပါ။ ပြင်းပြင်းထန်ထန် ဒဏ်ရာရနေတဲ့ သူတစ်ယောက်ကို GCS စစ်ဆေးလိုက်တဲ့အခါ 3ပဲရတယ်ဆိုတာ ဘာပြောတာလဲ။

ဆေးပညာပိုင်းဆိုင်ရာတည်းဖြတ်သူ Dr. Phyo Wai Lynn
ရေးသားသူ Dr. Htet Htet Zaw Win

Pepper Spray နဲ့ ဖြန်းခံထိတဲ့အခါ

Pepper Spray နဲ့ ဖြန်းမိတဲ့အခါ ဘာတွေ လုပ်ရမလဲ။ ဆေးခန်းပဲ ပြေးရမလား။ အိမ်မှာပဲ သက်သာအောင် လုပ်လို့ ရမလား။ ဘာတွေ ဖြစ်နိုင်လဲ။

ဆေးပညာပိုင်းဆိုင်ရာတည်းဖြတ်သူ Dr. Phyo Wai Lynn
ရေးသားသူ Aye Thi Mon

နေပူ ထဲမှာ အကြာကြီး လမ်းလျှောက်ရမယ်ဆိုရင် ဘာတွေသတိထားသင့်လဲ။

နေပူ ထဲမှာ ရေရှည်လမ်းလျှောက်နိုင်ဖို့ဆိုတာ ထင်သလောက် မလွယ်ပါဘူး။ သေချာဂရုမစိုက်ဘူးဆိုရင် အိမ်ရောက်တာနဲ့ မှောက်ပြီး နောက်နေ့တွေ လျှောက်နိုင်မှာ မဟုတ်ပါဘူး။

ဆေးပညာပိုင်းဆိုင်ရာတည်းဖြတ်သူ Dr. Phyo Wai Lynn
ရေးသားသူ Dr. Htet Htet Zaw Win

လူစုလူဝေးအကြားမှာ ကိုဗစ်အန္တရာယ် ကင်းကင်းနဲ့ နေနိုင်ဖို့ဆိုရင်

COVID-19 အရှိန်ကျလာနေပြီဆိုပေမယ့် သတိထားဖို့ လိုအပ်နေပါသေးတယ်။ အခြေအနေအရ လူစုလူဝေးအကြားမှာ ပါဝင်ပတ်သက်ရဖို့ရှိလာရင် ပိုပြီး ဂရုစိုက်ဖို့ လိုအပ်ပါလိမ့်မယ်

ဆေးပညာပိုင်းဆိုင်ရာတည်းဖြတ်သူ Dr. Phyo Wai Lynn
ရေးသားသူ Ye Zon Aung

သင့်အတွက် ရွေးချယ်ထားသည်

ဆီးချိုရှိသူတွေအတွက် ကျန်းမာတဲ့ စားသောက်မှုပုံစံ

ဆီးချိုရှိသူတွေအတွက် ကျန်းမာတဲ့ စားသောက်မှုပုံစံ

ဆေးပညာပိုင်းဆိုင်ရာတည်းဖြတ်သူ Dr. Phyo Wai Lynn
ရေးသားသူ Aye Thi Mon
ရေးသား ထုတ်ဝေခဲ့သည် မတ် 10, 2021 . 2 mins read
ဆီးချို ရှိသူတွေ သတိထားသင့်တဲ့ ရေဓာတ်ခန်းခြောက် ခြင်း

ဆီးချို ရှိသူတွေ သတိထားသင့်တဲ့ ရေဓာတ်ခန်းခြောက် ခြင်း

ဆေးပညာပိုင်းဆိုင်ရာတည်းဖြတ်သူ Dr. Phyo Wai Lynn
ရေးသားသူ Aye Thi Mon
ရေးသား ထုတ်ဝေခဲ့သည် မတ် 9, 2021 . 2 mins read
အာပူရွက် ရဲ့ကျန်းမာရေး အာနိသင်

အာပူရွက် ရဲ့ကျန်းမာရေး အာနိသင်

ဆေးပညာပိုင်းဆိုင်ရာတည်းဖြတ်သူ Dr. Phyo Wai Lynn
ရေးသားသူ Aye Thi Mon
ရေးသား ထုတ်ဝေခဲ့သည် မတ် 5, 2021 . 2 mins read
နှလုံးရောဂါနှင့် ဆီကြော်အစားအစာ များ

နှလုံးရောဂါနှင့် ဆီကြော်အစားအစာ များ

ဆေးပညာပိုင်းဆိုင်ရာတည်းဖြတ်သူ Dr. Phyo Wai Lynn
ရေးသားသူ Ye Zon Aung
ရေးသား ထုတ်ဝေခဲ့သည် ဖေ‌ဖော်ဝါရီ 16, 2021 . 2 mins read