backup og meta

ဝက်ခြံတွေပျောက်ကင်းစေပြီး ကျန်းမာလှပတဲ့အရေပြားပိုင်ဆိုင်နိုင်ဖို့ Rosehip oil ရဲ့ ကောင်းကျိုး (၉)ခု


Dr. Thurein Hlaing Win မှ ရေးသားသည်။ · 08/11/2022 တွင် အသစ်ဖြည့်စွက်ခဲ့သည်။

    ဝက်ခြံတွေပျောက်ကင်းစေပြီး ကျန်းမာလှပတဲ့အရေပြားပိုင်ဆိုင်နိုင်ဖို့ Rosehip oil ရဲ့ ကောင်းကျိုး (၉)ခု

    ပထမဆုံးမေးခွန်းက Rosehip oil ဆိုတာဘာလဲဆိုတာပါ။

    Rosehip oil ဆိုတာက Rosehip အစေ့ကနေ ထုတ်ယူထားတဲ့ အဆီဖြစ်ပါတယ်။ ဒီအစေ့က ချီလီနိုင်ငံမှာ အများဆုံး အလေ့ကျပေါက်တဲ့ နှင်းဆီမျိုးစိတ်တစ်ခုဖြစ်တဲ့ rosa canina အမျိုးအစားကနေ ရရှိတာဖြစ်ပါတယ်။

    ဒီအဆီမှာ အသားအရေအတွက်ကောင်းကျိုးများစေတဲ့ ဗီတာမင်တွေ၊ ခန္ဓာကိုယ်အတွက် မရှိမဖြစ်လိုအပ်တဲ့ အကျိုးပြုအက်ဆစ်အဆီဓာတ်တွေပြည့်ဝစွာပါဝင်နေပြီး ရောဂါပိုးတွေကို တိုက်ဖျက်ပေးနိုင်တာနဲ့ ရောင်ရမ်းမှုတွေကိုလျှော့ချပေးနိုင်တဲ့ အာနိသင်တွေပါဝင်ပါတယ်။ ဒီဆောင်းပါးမှာတော့ rosehip oil ရဲ့ ဝက်ခြံတွေပျာက်ကင်းစေနိုင်တဲ့ အာနိသင်နဲ့ အရေပြားအလှအပအတွက် ကောင်းကျိုးတွေအကြောင်းကို ရှင်းပြပေးရင်း အသားအရေပြဿနာရှိနေသူတွေအတွက် ဘယ်လိုအကျိုးရှိနိုင်တယ်ဆိုတာကို ပြောပြပေးမှာပါ။

    ၁။ ဝက်ခြံကြောင့်ဖြစ်တဲ့ ရောင်ရမ်းမှုတွေကို လျော့ကျစေတယ်။

    ဝက်ခြံပေါက်တတ်တဲ့သူတွေအတွက် အသားရေထိန်းသိမ်းရေးပစ္စည်းရွေးချယ်ရတာ တကယ်ခက်ပါတယ်။ တည့်တာမတည့်တာ၊ ဝက်ခြံတွေ ပိုဆိုးလာနိုင်တာမျိုးတွေရှိတော့ အတော်လေးသတိထားရွေးရတယ်။ သတင်းကောင်းကတော့ Rosehip oil မှာ ရောင်ရမ်းမှုတွေကို လျော့ကျစေတဲ့ ဓာတ်တွေပါဝင်တယ်။ Anthocyanin နဲ့ polyphenols လို့ခေါ်ပါတယ်။ ပြီးတော့သူ့မှာပါဝင်တဲ့ ဗီတာမင်အီး (vitamin E) ကလည်း ရောင်ရမ်းမှုတွေကို လျော့ကျစေနိုင်ပါတယ်။ ဒီအာနိသင်တွေကြောင့် ရောင်ရမ်းမှုကိုဖြစ်စေတဲ့ ဝက်ခြံနဲ့ အခြားအရေပြားရောဂါတွေကို သက်သာစေနိုင်တယ်။ ဒါကြောင့် ဝက်ခြံရှိနေတဲ့သူတွေ အရေပြားနီမြန်းရောင်ရမ်းမှုကို ခံစာနေရတဲ့သူတွေအတွက် သင့်တော်ပါတယ်။

    ၂။ အမာရွတ်နဲ့ အရေးအကြောင်းတွေကို ပျောက်ကင်းစေတယ်။

    Rosehip oil မှာပါဝင်တဲ့ အကျိုးပြုအက်ဆစ်အဆီဓာတ်နဲ့ ဓာတ်တိုးဆန့်ကျင်အာနိသင်တွေက တစ်ရှူးနဲ့ ဆဲလ်တွေရဲ့ အသစ်ပြန်လည်မွေးဖွားမှုကို အထောက်အကူပြုစေပါတယ်။ ဒါကြောင့် အနာကျက်မြန်စေတာ၊ အမာရွတ်တွေကိုပျောက်ကင်းစေနိုင်တာနဲ့ အရေးအကြောင်းတွေကို သက်သာစေတဲ့အစွမ်းကိုပေးပါတယ်။ ဝက်ခြံပေါက်ပြီး ကျန်ခဲ့တဲ့အမာရွတ်တွေ၊ မျက်နှာအရေးအကြောင်းရှိသူတွေအတွက် အကျိုးရလဒ်များပါတယ်။

    ၃။ နေရောင်ခြည်ကြောင့် အသားအရေပျက်စီးတာကို ကာကွယ်ပေးတယ်။

    နေရောင်ခြည်မှာပါတဲ့ UV နဲ့ထိတွေ့မှုက အရေပြားကျုံ့နိုင်ဆန့်နိုင်တဲ့ဓာတ်ဖြစ်တဲ့ ကော်လဂျင်ထုတ်လုပ်မှုကို လျော့ကျစေတယ်။ အရေးအကြောင်းနဲ့ နေလောင်တာတွေဖြစ်စေတယ်။ Rosehip oil မှာပါဝင်တဲ့ ဗီတာမင် အေ၊ စီနဲ့ အီးတွေက နေရောင်ခြည်ကြောင့်အသားအရေပျက်စီးမှုကို ကာကွယ်ပေးနိုင်စွမ်းရှိပါတယ်။ နေရောင်ခြည်ကြောင့်ဖြစ်တဲ့ အသားအရေပြဿနာတွေကို လျှော့ချပေးနိုင်တယ်။ နေလောင်တာက မြန်မာနိုင်ငံလို နေရောင်ခြည်ပေါပေါများများရတဲ့နိုင်ငံတွေမှာ အဖြစ်များလို့ Rosehip oil က အသုံးဝင်ပါလိမ့်မယ်။

    ၄။ မှဲ့ခြောက်တွေ တင်းတိပ်တွေနဲ့ အရေပြားအရောင်ရင့်လာတဲ့ အစက်အပြောက်တွေကို လျှော့ချပေးတယ်

    အရေပြားမှာ မယ်လနင် (melanin) ထုတ်လုပ်မှုမြင့်လာတဲ့အခါ အညိုရောင်အစက်အပျောက်တွေ မှဲ့ခြောက်တွေ၊ တင်းတိပ်တွေဖြစ်လာတယ်။ ဖြစ်ပွားစေတဲ့အကြောင်းရင်းတွေက

    Rosehip oil မှာက ဗီတာမင်အေ ကြွယ်ဝစွာပါဝင်တယ်။ အဲဒါက အရေပြားအရောင်ရင့်မှုနဲ့ တခြားမြင်နိုင်တဲ့ အိုမင်းရင့်ရော်လာမှုတွေကို လျှော့ချပေးတယ်။ ပြီးတော့ lycopene နဲ့ beta carotene တွေလည်းပါဝင်တဲ့အတွက်ကြောင့် အရေပြားကို တောက်ပကြည်လင်နိုင်စေပါတယ်။

    ၅။ ချွေးပေါက်တွေကိုပွင့်စေပြီး အသားအရေကိုတောက်ပစေတယ်။

    Rosehip oil မှာ ပိတ်ဆို့နေတဲ့ချွေးပေါက်တွေကို ပွင့်စေပြီး အရေပြားကိုစိုပြည်တောက်ပစေနိုင်တဲ့ သဘာဝအစွမ်းသတ္တိတွေရှိပါတယ်။ ဒါက သူ့မှာမြောက်များစွာပါဝင်တဲ့ ဗီတာမင်အေ (vitamin A) နဲ့ ဗီတာမင်စီ (vitamin C) ကြောင့်ဖြစ်ပါတယ်။

    ၆။ အရေပြားတင်းအားကို လှုံ့ဆော်ပေးတယ်။

    အရေပြားတင်းအားလို့ အလွယ်ပြောလိုက်ရပေမယ့် အရေပြားကျုံ့နိုင်ဆန့်နိုင်ပြီး တင်းရင်းစေတဲ့ကော်လဂျင် (Collagen) ဓာတ်ကိုဆိုလိုပါတယ်။ အသက်အရွယ်ကြီးပြင်းလာတာနဲ့အမျှ ကော်လဂျင်ဓာတ်ထုတ်လုပ်မှုက လျော့နည်းလာပြီး အရေပြားက တွဲကျလာတာ၊ အရေးအကြောင်းတွေဖြစ်လာတာ စသဖြင့် အိုမင်းရင့်ရော်လာပါတယ်။

    Roeship oil မှာက ကော်လဂျင်ထုတ်လုပ်ဖို့အတွက်လိုအပ်တဲ့ ဗီတာမင်စီနဲ့ ဗီတာမင်အေတို့ ကြွယ်ဝစွာပါဝင်ပြီး ကော်လဂျင်ကို ဖြိုခွင်းတဲ့ဓါတ် ခန္ဓာကိုယ်မှာ မဖြစ်ပေါ်လာအောင်လည်း တားမြစ်ပေးတဲ့အတွက် အရေပြားအိုမင်းရင့်ရော်မှုကို တားဆီးပေးနိုင်ခြင်းဖြစ်ပါတယ်။

    ၇။ အစိုဓာတ်ဖြည့်ပေးတယ်။

    ကျန်းမာစိုပြေပြီး နူးညံ့တဲ့အသားအရေဖြစ်နိုင်ဖို့က အစိုဓာတ်ရှိနေဖို့လိုအပ်တယ်။ အစိုဓာတ်မရှိတော့ရင် အရေပြားပြဿနာတွေဖြစ်လာနိုင်တယ်။ Rosehip oil မှာက အကျိုးပြုအက်ဆစ်အဆီဓာတ်တွေပါဝင်တဲ့အတွက်ကြောင့် ဆဲလ်တွေရဲ့ နံရံကိုသန်မာစေပြီး ရေဓာတ်ကိုထိန်းထားနိုင်စေတယ်။ ဒီအဆီမှာပြည့်ပြည့်ဝဝပါဝင်တဲ့ အကျိုးပြုအက်ဆစ်အဆီဓာတ်တွေက အသားခြောက်တာတွေကို အစိုဓာတ်ဖြည့်တာနဲ့ အရေပြားယားယံတာတွေအတွက် အရမ်းကောင်းတယ်။

    ၈။ အစိုဓာတ်ထိန်းပေးတယ်။

    အစိုဓာတ်ထိန်းတာနဲ့ အစိုဓာတ်ဖြည့်တာက တူမလိုနဲ့ သိပ်မတူတဲ့နည်းလမ်းနှစ်ခုပါ။ အစိုဓာတ်ဖြည့်တယ်ဆိုတာက hydration လုပ်တာကိုပြောတာဖြစ်ပြီး ရေဓာတ်လိုအပ်နေတာကို ဖြည့်တင်းတာပါ။ အစိုဓာတ်ထိန်းတယ်ဆိုတာက moisturizing လုပ်တာဖြစ်ပြီး ရှိနေတဲ့အစိုဓာတ်ကို ပျောက်မသွားအောင်ထိန်းထားတာဖြစ်ပါတယ်။ Rosehip oil က ဒီတာဝန်နှစ်မျိုးလုံးကို ထမ်းဆောင်နိုင်ပါတယ်။ ရေဓာတ်ကိုဖြည့်တင်းပေးတာရော ထိန်းသိမ်းပေးတာရောလုပ်ပေးတဲ့အတွက် အသားအရေအိုမင်းပြီးရင့်ရော်လာမှုကို တားဆီးပေးနိုင်ပါတယ်။ သူ့ရဲ့သဘာဝအရကိုက အဆီသိပ်များတဲ့ပုံစံမဟုတ်တာကြောင့် အသားအရေအားလုံးအတွက်သင့်တော်ပါတယ်။

    ၉။ ကိုယ်ခံစွမ်းအားကို မြှင့်တင်ပေးပါတယ်။

    Rosehip oil မှာကြွယ်ဝစွာပါဝင်တဲ့ Linoleic acid ဟာအရေပြားရဲ့ ဆဲလ်နံရံတွေကို သန်မာစေတဲ့ ဓာတ်တွေပါဝင်တာကြောင့် ရောဂါပိုးမွှားတွေက အရေပြားကိုဖောက်ပြီး ကူးစက်မှုတွေမဖြစ်လာအောင် ကာကွယ်ပေးနိုင်ပါတယ်။ Linoleic acid မှာ ရောင်ရမ်းခြင်းကိုလျော့ကျစေတဲ့ဓာတ်၊ အစိုဓာတ်ထိန်းပေးတာနဲ့ အနာကျက်မြန်စေတဲ့ အာနိသင်တွေလည်းပါဝင်တာကြောင့် ဝက်ခြံတွေကိုပျောက်ကင်းစေနိုင်ပြီး အရေပြားနုပျိုမှုကို ပြန်လည်အားပေးနိုင်ပါသေးတယ်။

     

    မသက်ဆိုင်ကြောင်း ရှင်းလင်းချက်

    Hello Health Group သည် ဆေးပညာအကြံဉာဏ်များ၊ ရောဂါရှာဖွေမှုများနှင့် ကုသမှုများ မပြုလုပ်ပေးပါ။


    Dr. Thurein Hlaing Win မှ ရေးသားသည်။ · 08/11/2022 တွင် အသစ်ဖြည့်စွက်ခဲ့သည်။

    advertisement iconadvertisement

    ဤဆောင်းပါးက အကူအညီဖြစ်ပါသလား။

    advertisement iconadvertisement
    advertisement iconadvertisement