backup og meta

စပျစ်သီး ချိုချိုလေး စားရင်းရရှိနိုင်မယ့် ကျန်းမာရေးအကျိုးကျေးဇူးတွေ

စပျစ်သီး ချိုချိုလေး စားရင်းရရှိနိုင်မယ့် ကျန်းမာရေးအကျိုးကျေးဇူးတွေ

စပျစ်သီး ချိုချိုလေး စားလိုက်ရတာက ထမင်းစားပြီးချိန်ဆိုရင် စိတ်ကျေနပ်မှုတော်တော်လေးရစေတဲ့အချက်တစ်ခုပါ။ သစ်သီးတွေထဲမှာမှ စပျစ်သီးကိုကြိုက်တတ်တယ်ဆိုရင်တော့ အခုလို ကျန်းမာရေး အကျိုးကျေးဇူးတွေကိုရရှိစေမှာပါ။

စပျစ်သီး (Grapes)

စပျစ်သီးက ကမ္ဘာပေါ်မှာ လူသိအများဆုံး အသီးတွေထဲက တစ်မျိုးပါ။ အရောင်အသွေးအနံ့အရသာပြည့်စုံတဲ့ အသီးတစ်မျိုးပေါ့။ ခရမ်းရောင်ရင့်ရင့်၊ အနီရောင်။ အစိမ်းရောင်ဆိုပြီး အရောင်အသွေးအမျိုးမျိုးရှိနိုင်ပါတယ်။ စပျစ်သီးက အသားတင် စားကောင်းတာမဟုတ်ပါဘူး။ စပျစ်သီး အစေ့ကလည်းဆေးဖက်ဝင်ပါသေးတယ်။ စပျစ်သီး အစေ့က ဆီးချိုကြောင့်ဖြစ်တဲ့ အမြင်အာရုံပြဿနာကို ကာကွယ်ပေးနိုင်ပါတယ်။ စပျစ်သီးက ခရမ်းချဉ်သီး၊ သင်္ဘောသီး၊ ငှက်ပျောသီး၊ သရက်သီး တိုပထက် ဓါတ်တိုးဆန့်ကျင် အာနိသင်ကြွယ်ဝပါတယ်။

စပျစ်သီး မှာပါတဲ့ ဓာတ်တွေ

စပျစ်သီးမှာ ဒီလိုအာဟာရဓာတ်တွေ ပါဝင်ပါတယ်။

  • ကယ်လ်လိုရီ
  • ကာဗိုဟိုက်ဒရိတ်
  • ပရိုတင်း
  • အဆီ
  • အမျှင်ဓါတ်
  • ဗီတာမင် C
  • ဗီတာမင် K
  • သီရာမင်း
  • Riboflavin
  • ဗီတာမင် B6
  • ပိုတက်ဆီယမ်
  • ကော့ပါး
  • မဂ္ဂနိတို့ပါဝင်နေပါတယ်။

စပျစ်သီးကပေးတဲ့ ကျန်းမာရေးအာနိသင်

အရသာရော အရောင်အသွေးပါ ပြည့်စုံတဲ့ စပျစ်သီးလေး စားပေးရင်း အခုလို ကျန်းမာရေးအကျိုးကျေးဇူးတွေ ရရှိစေနိုင်ပါတယ်။

ကင်ဆာကာကွယ်ပေးတယ်

စပျစ်သီးမှာpolyphenols လို့ခေါ်တဲ့ ဓါတ်တိုးဆန့်ကျင်ပစ္စည်းပါဝင်နေတာကြောင့် နာကျင်ရောင်ရမ်းမှုကို သက်သာစေပြီး ကင်ဆာကိုလည်း ကာကွယ်ပေးနိုင်ပါတယ်။ စပျစ်သီးစားသုံးပေးမှုကြောင့်ပြန်ရည်ကြောကင်ဆာ၊အသည်းကင်ဆာ၊ အစာအိမ်ကင်ဆာ၊ရင်သားကင်ဆာ၊ အူမကြီကင်ဆား၊ အရေပြားကင်ဆာ နဲ့သွေးကင်ဆာတို့ကို ကာကွယ်နိုင်မှာပါ။ စပျစ်သီးက ကင်ဆာကျိတ်တွေကြီးထွားမှုကိုလည်း စန့်တားပေးနိုင်စွမ်းရှိပါတယ်။

နှလုံးကျန်းမာစေနိုင်တယ်

စပျစ်သီးက သွေးတွင်းကိုလက်စထရောကို ကျစေနိုင်ပြီး ပိုတက်ဆီယမ် ပါဝင်မှုကြောင့် သွေးပေါင်ချိန်ကို ထိန်းညှိပေးနိုင်ပါတယ်။သွေးတိုးကြောင့် နှလုံးထိခိုက်တာမျိုးမဖြစ်အောင်ကာကွယ်ပေးပြီး နှလုံးခုန်နှုန်းကိုလည်း မှန်စေနိုင်ပါတယ်။ ပိုတက်ဆီယမ် ကြွယ်ဝစွာ ပါဝင်တဲ့ စပျစ်သီးကို စားသုံးပေးမှုကလေဖြတ်နိုင်ခြေကိုလည်းလျှော့ချပေးနိုင်ပါတယ်။ အရိုးပါးတာကိုလည်း ကာကွယ်ပေးနိုင်ပါတယ်။

သွေးပေါင်ကျ စေနိုင်တယ်

ပိုတက်ဆီယမ် ကြွယ်ဝတာကြောင့် သွေးပေါင်ချိန်ကို ထိန်းညှိပေးမယ်ဆိုတာ ထွေထွေထူးထူး ပြောနေစရာမလိုအောင်ပါ။ နှလုံးသွေးကြောစနစ်ကို ကျန်းမာစေနိုင်ပြီး နှလုံးကျန်းမာအောင်ထောက်ကူပေးပါတယ်။ စပျစ်သီးရဲ့ အမျှင်ဓာတ် ကြွယ်ဝမှုကလည်း ကျန်းမာရေးကို တော်တော်လေး အထောက်အပံ့ဖြစ်စေတာပါ။

ဝမ်းချုပ်တာကို သက်သာစေနိုင်တယ်

ရေဓာတ် နဲ့ အမျှင်ဓာတ် ကြွယ်ဝစွာ ပါဝင်တာကြောင့် ဝမ်းမှန်စေပြီး အစာခြေစနစ်ကို အကောင်းဆုံး ထောက်ပံ့ပေးနိုင်မှာပါ။ ဝမ်းချုပ်တတ်သူတွေအတွက် သင့်တော်တဲ့ စားပေးသင့်တဲ့ အသီး တစ်မျိုးပါ။

ဓာတ်မတည့်မှုကို သက်သာစေနိုင်တယ်

ရောင်ရမ်းမှုကိုလျော့ပါးစေနိုင်တဲ့ အာနိသင် ရှိတာကြောင့် အရေပြားမှာဖြစ်တဲ့ ဓာတ်မတည့်မှုတွေကို သက်သာစေနိုင်သလို ဓာတ်မတည့်မှုကြောင့်ဖြစ်တဲ့ နှာစေးတာ၊ မျက်ရည်ကျတာတွေကိုပါ သက်သာစေနိုင်ပါတယ်။

ဆီးချိုသမားတွေနဲ့ သင့်တော်တယ်

၂၀၁၃ ခုနှစ်က လေ့လာမှုအရ စပျစ်သီး စားသုံးပေးတာက အမျိုးအစား- ၂ ဆီးချိုရောဂါ ဖြစ်နိုင်ခြေကို လျှော့ချပေးနိုင်ပါတယ်။ ဒါကြောင့် ဆီးချိုကာကွယ်ဖို့ပဲဖြစ်ဖြစ် ဆီးချိုသက်သာစေဖို့ပဲဖြစ်ဖြစ် စပျစ်သီးတွေကို စားပေးလို့ရပါတယ်။

မျက်လုံးကျန်းမာစေနိုင်တယ်

ဓာတ်တိုးဆန့်ကျင်အာနိသင် ကြွယ်ဝတာကြောင့် မျက်လုံးကို ကျန်းမာစေနိုင်ပါတယ်။ အမြင်လွှာနဲ့ မျက်ကြည်လွှာတွေကိုပါ ကျန်းမာစေနိုင်တာပါ။ အသက်အရွယ်ကြောင့်ဖြစ်တဲ့ အမြင်အာရုံပြဿနာတွေကိုလည်း ထိထိရောက်ရောက် ကာကွယ်ပေးနိုင်ပါတယ်။

ဝက်ခြံသက်သာစေနိုင်တယ်

စပျစ်သီးမှာပါတဲ့ ဓာတ်တိုးဆန့်ကျင်အာနိသင်က ဝက်ခြံတွေကို ကုသပေးနိုင်စွမ်းရှိပါတယ်။ ဒါကြောင့် ဝက်ခြံရှိသူတွေအနေနဲ့ ဝက်ခြံ သက်သာချင်တယ်ဆိုရင် စပျစ်သီးစားပေးလို့ရပါတယ်။

ဘယ်သူတွေ မစားသင့်ဘူးလဲ

စပျစ်သီးက လူတိုင်းနဲ့ တည့်ပါတယ်။ အလွန်အကျွံ မစားမိဖို့တော့ လိုပါမယ်။

စပျစ်သီး ကျန်းမာစေတယ်

အရသာရော အရောင်အသွေးပါ ပြည့်စုံတဲ့ စပျစ်သီးလေး စားပေးရင်း အခုလို ကျန်းမာရေးအကျိုးကျေးဇူးတွေ ရရှိစေနိုင်ပါတယ်။
  • ကင်ဆာကာကွယ်ပေးတယ်
  • နှလုံးကျန်းမာစေနိုင်တယ်
  • သွေးပေါင်ကျ စေနိုင်တယ်
  • ဝမ်းချုပ်တာကို သက်သာစေနိုင်တယ်
  • ဓာတ်မတည့်မှုကို သက်သာစေနိုင်တယ်
  • ဆီးချိုသမားတွေနဲ့ သင့်တော်တယ်
  • မျက်လုံးကျန်းမာစေနိုင်တယ်
  • ဝက်ခြံသက်သာစေနိုင်တယ်။

[embed-health-tool-bmr]

မသက်ဆိုင်ကြောင်း ရှင်းလင်းချက်

Hello Health Group သည် ဆေးပညာအကြံဉာဏ်များ၊ ရောဂါရှာဖွေမှုများနှင့် ကုသမှုများ မပြုလုပ်ပေးပါ။

ယခုပုံစံ

06/10/2022

Aye Thi Mon မှ ရေးသားသည်။

မှ အချက်အလက် စစ်ဆေးထားပါသည်။ Hello Sayarwon Panel

Aye Thi Mon မှ ပြင်ဆင်ခဲ့ပါသည်။


ဆက်စပ် အကြောင်းအရာများ

ရာသီစာ သရက်သီးက ဒီလိုလေး အကျိုးကျေးဇူးတွေ ပေးပါတယ်

ကလေးငယ် အာဟာရအကြောင်းနဲ့ ပတ်သက်လို့


မှ အချက်အလက် စစ်ဆေးထားပါသည်။

Hello Sayarwon Panel


Aye Thi Mon မှ ရေးသားသည်။ · 06/10/2022 တွင် အသစ်ဖြည့်စွက်ခဲ့သည်။

ad iconadvertisement

ဤဆောင်းပါးက အကူအညီဖြစ်ပါသလား။

ad iconadvertisement
ad iconadvertisement