backup og meta

လုပ်ငန်းခွင်စိတ်ဖိစီးမှု-ရောဂါလက္ခဏာများ

မှ အချက်အလက် စစ်ဆေးထားပါသည်။ Dr. Thurein Hlaing Win


Dr. Ye Pyae Hein မှ ရေးသားသည်။ · 03/02/2022 တွင် အသစ်ဖြည့်စွက်ခဲ့သည်။

    လုပ်ငန်းခွင်စိတ်ဖိစီးမှု-ရောဂါလက္ခဏာများ

    လုပ်ငန်းခွင်တွင်း တွေ့ကြုံရသော စိတ်ဖိစီးမှုသည် လုပ်ငန်းလိုအပ်ချက်က လုပ်သားများ၏စွမ်းရည်နှင့် လုပ်ကိုင်နိုင်မှုထက် ကျော်လွန်နေသည့်အခါ ဖြစ်ပေါ်လာသော အခြေအနေတစ်ခုဖြစ်သည်။ စိတ်ဖိစီးမှုဖြစ်နေသောအလုပ်သမားများ၏ စိတ်ပိုင်းဆိုင်ရာထိခိုက်မှုသာမက လုပ်ငန်းအဖွဲ့အစည်း၏ ထုတ်ကုန်စွမ်းအားကိုလည်း ကျဆင်းစေပါသည်။

    (၁)စိတ်ဖိစီးမှု အဖြစ်များစေသော အရာများ

    လုပ်ငန်းခွင်စိတ်ဖိစီးမှုဖြစ်စေနိုင်သော အကြောင်းရင်းများမှာ

    • အဖွဲ့အစည်း၏ ယဉ်ကျေးမှု

    • စီမံခန့်ခွဲမှု ညံ့ဖျင်းခြင်း

    • အလုပ်ခွင် ၏လိုအပ်ချက်များ

    • လုပ်ငန်းခွင်၏ အနေအထား

    • လုင်ငန်းခွင်တွင်း တစ်ဦးနှင့်တစ်ဦး ဆက်ဆံမှု

    • ကူညီထောက်ပံ့မှုများ အားနည်းမှု

    • စီမံခန့်ခွဲမှု မူဝါဒ ပြောင်းလဲမှု

    • အလုပ်နေရာ အရေးပါခြင်းအငြင်းပွားမှု

    • ထိခိုက်ဒဏ်ရာ ရမှု

    • ကြာမြင့်သော အလုပ်ချိန်

    • အလုပ်ပြီးစီးရန်သတ်မှတ်ချိန် တင်းကြပ်မှု

    • လွန်ကဲစွာ စောင့်ကြည့်စေခိုင်းမှု

    • လုပ်ငန်းသုံး ပစ္စည်းကိရိယာနှင့် အရင်းအမြစ်များရှားပါးမှု

    • ရာထူးတိုးတက်ရန် အခွင့်အရေးနည်းပါးမှု

    • လုပ်ငန်းတွင်း အနိုင်ကျင့်ခံရမှု တို့ဖြစ်ပါသည်။

    (၂)လုပ်သားများတွင် စိတ်ဖိစီးမှု ခံစားနေရသော လက္ခဏာများ

    • အဆိုးမြင်စိတ်ရှိလာခြင်း

    • စိတ်ဓါတ်ကျသော အတွေးများဝင်လာခြင်း

    • စိုးရိမ်ပူပန်မှု များလာခြင်း

    • မိမိကိုယ်ကို စိတ်ပျက်လာခြင်း

    • ရန်လိုသောအမူအရာဖြစ်လာခြင်း

    • ယခင်ထက်ပို၍ စိတ်ထိခိုက်ခံစားလွယ်လာခြင်း

    • အထီးကျန်လာခြင်း

    • ရှောင်ဖယ်ဖယ်နေတတ်လာခြင်း

    • စိတ်တက်ကြွမှု၊မိမိကိုယ်ကိုယုံကြည်မှုနှင့် အားစိုက်ထုတ်မှု နည်းပါးလာခြင်း

    • စိတ်အတက်အကျဖြစ်လွယ်လာခြင်း

    • စိတ်ရှုပ်ထွေးခြင်း

    • အာရုံစူးစိုက်ရခက်ခြင်း

    • မှတ်ဉာဏ်အားနည်းခြင်း တို့ဖြစ်ပါသည်။

    လုပ်ငန်းခွင်စိတ်ဖိစီးမှုသည် သင်၏နေ့စဉ်ဘဝကိုလည်း ထိခိုက်စေပါသည်။ဥပမာအားဖြင့် –

    • အစားအသောက်ပုံစံပြောင်းလဲလာခြင်း-ခံတွင်းပျက်ခြင်း(သို့မဟုတ်)အလွန်အမင်းစားခြင်း

    • ဆေးလိပ် နှင့် အရက်တို့ လွန်ကဲစွာ သောက်သုံးလာခြင်း

    • မူးယစ်ဆေးဝါးများ သုံးစွဲလာခြင်း

    • အိပ်စက်မှုပုံစံမမှန်တော့ခြင်း-အလွန်အမင်းအိပ်ခြင်း၊အိပ်ငိုက်ခြင်း(သို့မဟုတ်)အိပ်မပျော်ခြင်း

    • စိတ်လှုပ်ရှားလွယ်လာခြင်း

    • အချိန်မတိကျတော့ခြင်း-လုပ်ငန်းခွင်ဝင်ချိန်နောက်ကျခြင်းနှင့် စောစီးစွာ အလုပ်ဆင်းခြင်း။

    (၃)လုပ်ငန်းအစုအဖွဲ့အတွင်း စိတ်ဖိစီးမှု ဖြစ်သော လက္ခဏာများ

    • အစုအဖွဲ့အတွင်း အငြင်းပွားမှုများပြားလာခြင်း

    • ဝန်ထမ်းများ မကြာခဏ ပြောင်းလဲခြင်း

    • စွပ်စွဲတိုင်ကြားချက်များပြားလာခြင်း

    • ရှောင်တခင်ခွင့်ယူမှုများပြားလာခြင်း။

    • လုပ်ငန်းစွမ်းဆောင်ရည် ကျဆင်းလာခြင်း

    • ထွက်ကုန်နှင့်ပတ်သက်၍စာသုံးသူများက ဝေဖန်မှုများပြားလာခြင်း

    • လုပ်သားသစ်ခေါ်ယူရန် အခက်အခဲဖြစ်ခြင်း။

    (၄)လုပ်ငန်းခွင်စိတ်ဖိစီးမှုကို ကိုင်တွယ်ဖြေရှင်းနည်း

    သင့်အနေဖြင့်အထက်ဖော်ပြပါ လက္ခဏာများခံစားနေရပြီဆိုပါက လုပ်ငန်းခွင်စိတ်ဖိစီးမှာရှိနေပြီဖြစ်သည်။ သင့်အနေဖြင့် မန်နေဂျာ(သို့မဟုတ်) ကုန်ပစ္စည်းတာဝန်ခံကို စိတ်ဖိစီးမှုပြေလျော့သောနည်းလမ်းများအတွက် တောင်းဆိုသင့်သည်။ သို့သော်ထိုလက္ခဏာများသည် စိတ်ဖိစီးမှု၏လက္ခဏာများဖြစ်သော်လည်း နောက်ကွယ်တွင် အခြားရောဂါများတည်ရှိနေနိုင်သည့်အတွက် ကြာမြင့်စွာခံစားနေရပါက ဆေးကုသမှုခံယူရန်လိုအပ်ပါသည်။ အကယ်၍ နောက်ခံအကြောင်းက အခြားရောဂါတစ်ခုဆိုလျှင် ထိုရောဂါကိုကုသခြင်းဖြင့် စိတ်ပိုင်းဆိုင်ရာလက္ခဏာများလည်း သက်သာလာမည်ဖြစ်သည်။ အဖွဲ့အစည်းအတွင်းတွင် ထိုလက္ခဏာများ ဖြစ်နေပြီဆိုလျှင်တော့ သင်၏ အထက်လုပ်ငန်းတာဝန်ခံကို တင်ပြရန်လိုအပ်ပါသည်။

    Hello Health Groupသည် ဆေးပညာအကြံပြုချက်များ၊ ရောဂါရှာဖွေအတည်ပြုချက်များနှင့် ကုသမှုများ မပြုလုပ်ပေးပါ။

    မသက်ဆိုင်ကြောင်း ရှင်းလင်းချက်

    Hello Health Group သည် ဆေးပညာအကြံဉာဏ်များ၊ ရောဂါရှာဖွေမှုများနှင့် ကုသမှုများ မပြုလုပ်ပေးပါ။

    မှ အချက်အလက် စစ်ဆေးထားပါသည်။

    Dr. Thurein Hlaing Win


    Dr. Ye Pyae Hein မှ ရေးသားသည်။ · 03/02/2022 တွင် အသစ်ဖြည့်စွက်ခဲ့သည်။

    advertisement iconadvertisement

    ဤဆောင်းပါးက အကူအညီဖြစ်ပါသလား။

    advertisement iconadvertisement
    advertisement iconadvertisement