အကြောက်တရားဆိုတာလူတိုင်းမှာရှိပါတယ်။ ဒါပေမယ့် တချို့သောသူတွေမှာတော့ အထူးအထွေ အကြောင်းပြချက်မရှိဘဲ တစ်စုံတစ်ခုကို အလွန်အမင်းကြောက်နေတတ်ပါတယ်။ ထိုတစ်စုံတစ်ရာကို တွေ့ကြုံလိုက် ရတဲ့အခါမှာအလွန်အမင်းစိုးရိမ်ပူပန်မှုကိုခံစားရပြီးပြောမပြတတ်တဲ့ကြောက်ရွံ့မှုမျိုးနဲ့ ကြောက်ရွံ့ နေတာပါ။ ကြောက်ရွံ့တဲ့အရာဟာ နေရာတစ်နေရာလည်းဖြစ်နိုင်သလို၊ ပစ္စည်း(ဒါမှမဟုတ်) အခြေအနေတစ်ရပ်ရပ်လည်းဖြစ်နေနိုင်ပါသေးတယ်။ တခြားသော စိုးရိမ်ပူပန်မှုမျိုးနဲ့ မတူတာကတော့ အကြောက်လွန်ရောဂါဆိုတာဟာမိမိဘာကိုကြောက်သလဲ ဆိုတာ တိတိကျကျ ရှိနေပါတယ်။