backup og meta

အမြဲ တက်ကြွလန်းဆန်းနေစေဖို့

အမြဲ တက်ကြွလန်းဆန်းနေစေဖို့

အလုပ်ခွင် ထဲမှာ၊ လူမှု ပတ်ဝန်းကျင်မှာ အမြဲလိုလို တက်ကြွ လန်းဆန်းနေသူတွေ ရှိတတ်ပါတယ်။ ဒီလို လူတွေကို မြင်တိုင်း အားကျနေမိလား။ ကိုယ်တိုင်ရော သူတို့လို တက်ကြွ လန်းဆန်းချင်စိတ် မရှိဘူးလား။ ဒီအဖြေကို ‘အင်း’ လို့ ဖြေမယ်ဆိုရင်တော့ ဒီ ဆောင်းပါးလေးက ဖြစ်ချင်တဲ့ ဆန္ဒကို ပြည့်ဝစေဖို့ ဆောင်ကြဉ်းပေးနိုင်မှာပါ။ အမြဲ တက်ကြွလန်းဆန်းနေစေဖို့ လိုက်နာရမှာလေးတွေကိ ပြောပြပေးမယ်နော်။

အမြဲ တက်ကြွလန်းဆန်းနေစေဖို့

ဆေးဝါး အကူအညီ မယူဘဲ သဘာဝအတိုင်း အမြဲ တက်ကြွလန်းဆန်းနေစေဖို့ ဆိုရင်

လှုပ်လှုပ်ရှားရှား နေပါ

လှုပ်ရှားမှုက ခန္ဓာကိုယ်က သွေးစီးဆင်းမှုကို ကောင်းစေပြီး အင်အား ပြည့်ဝစေသလို လန်းဆန်း တက်ကြွစေဖို့ အားဖြည့်ပေး ပါတယ်။ သကြားလုံးတွေ၊ အချိုစာတွေ စားတာကလန်းဆန်းစေပေမယ့် မိနစ်ပိုင်းလောက်ပဲ ခံတာပါ။ ၁၀ မိနစ်လောက် လမ်းလျှောက်တာက ၂ နာရီလောက် အင်အားပြည့်ဝနေစေပြီး လန်းဆန်း တက်ကြွနေစေမှာပါ။

အင်အားပြည့်ဝအောင် စားသောက်ပါ

အစားစားတဲ့အခါ အချိုများတာတွေက မြန်မြန် အားပြည့်စေပေမယ့် ခပ်မြန်မြန်ပဲ ခြေကုန်လက်ပမ်းကျ စေပါတယ်။ ဒါကြောင့် အစားအစာ ရွေးချယ်တဲ့အခါ ခန္ဓာကိုယ်မှာ အင်အား ပြည့်ဝစေမယ့်

လေ့ကျင့်ခန်း လုပ်ပါ

တစ်နေ့ကို မိနစ် ၃၀ နှုန်းနဲ့ နေ့စဉ် လေ့ကျင့်ခန်း မှန်မှန် လုပ်ပေးတာက စိတ်ရော ကိုယ်ပါ ကျန်းမာစေပြီး တစ်နေ့တာမှာ တက်ကြွ လန်းဆန်းနေစေဖို့ အကောင်းဆုံး အားဖြည့်ပေးမှာပါ။

နေရောင်ခြည်နဲ့ ထိတွေ့ပါ

နေရောင်နဲ့ ထိတွေ့တာက ကောင်းကောင်း အိပ်ပျော်စေသလို စိတ်ပျော်ရွှင်စေဖို့လည်း ထောက်ပံ့ပေးပြီး စိတ်ဓာတ်ကျမှု ကင်းစေပါတယ်။ ဒါကြောင့် တစ်နေ့တာမှာ မနက်ခင်း နေရောင်ခြည်ကို မိနစ် ၃၀ လောက် ခံပေးပါ။

ရေဓာတ် မပြည့်ဝတာက ပင်ပန်းနွမ်းနယ်မှုကို ဖြစ်စေပါတယ်။ ဒါကြောင့် တက်ကြွ လန်းဆန်းနေစေဖို့ဆိုရင် တစ်နေ့တာမှာ ရေဓာတ် ပြည့်ဝနေစေဖို့က အရေးကြီးပါတယ်။ဒါကြောင့် တစ်နေ့ကို အနည်းဆုံး ရေ ၈ ခွက် သောက်ပါ။ အရည်ရွှမ်းတဲ့ သစ်သီးတွေ ဟင်းသီးဟင်းရွက်တွေ စားပေးပါ။

အသက် ဝဝရှူပါ

အသက် ဝဝရှူတာက သွေးတွင်း အောက်ဆီဂျင် ပမာဏကို မြင့်တက်စေနိုင်ပါတယ်။ အသက်ကို ခပ်ဝဝရှူလိုက်တိုင်း နှလုံးခုန်နှုန်း နှေးသွားတယ်။ သွေးတိုး ကျတယ်။ သွေးလည်ပတ်မှု ကောင်းပြီး ခန္ဓာကိုယ် အင်အား ပြည့်စေသလို စိတ်ခံစားမှု ကောင်းစေပါတယ်။

ဒါကြောင့် ပုံမှန် အသက်ရှူ လေ့ကျင့်ခန်း လုပ်ပေးပါ။ တစ်နေ့ကို ၁၀ ကြိမ်လောက် လုပ်ပေးရုံနဲ့ စိတ်ရော ကိုယ်ပါ လန်းဆန်း တက်ကြွစေမှာပါ။

အိပ်ရေး ဝဝအိပ်ပါ

တစ်ညတာကို ၈ နာရီ ပုံမှန် အိပ်ချိန် ရှိပါစေ။ ကောင်းမွန် ပြည့်ဝတဲ့ အိပ်စက်ချိန်က သင့်ကို တက်ကြွ လန်းဆန်းနေစေဖို့ အကောင်းဆုံး အားဖြည့်ပေးနိုင်မှာပါ။

တက်ကြွ လန်းဆန်းနေချင်ရင် အခုပြောတဲ့ အလေ့အထလေးတွေကို မွေးမြူ ပျိုးထောင် ကြည့်နော်။

[embed-health-tool-bmi]

မသက်ဆိုင်ကြောင်း ရှင်းလင်းချက်

Hello Health Group သည် ဆေးပညာအကြံဉာဏ်များ၊ ရောဂါရှာဖွေမှုများနှင့် ကုသမှုများ မပြုလုပ်ပေးပါ။

How to Stay Awake Naturally https://www.webmd.com/sleep-disorders/features/natural-tips-sleepiness Accessed Date 23 July 2020

Hacks for Managing Daytime Sleepiness at Work  https://www.healthline.com/health/daytime-sleepiness/tips-for-work#1 Accessed Date 23 July 2020

12 Tips to Avoid Daytime Sleepiness https://www.webmd.com/sleep-disorders/features/daytime-sleepiness-tips Accessed Date 23 July 2020

 

ယခုပုံစံ

03/11/2023

Aye Thi Mon မှ ရေးသားသည်။

မှ အချက်အလက် စစ်ဆေးထားပါသည်။ Dr. Thurein Hlaing Win

Aye Thi Mon မှ ပြင်ဆင်ခဲ့ပါသည်။


ဆက်စပ် အကြောင်းအရာများ

ကော်ဖီသောက်စရာမလိုဘဲ အလုပ်ခွင်ထဲမှာ တစ်နေ့တာလုံးလန်းဆန်းတက်ကြွနေစေဖို့

သင့်ကလေးကို အမြဲနိုးကြားတက်ကြွနေအောင် ဘယ်လိုကူညီပေးမလဲ


မှ အချက်အလက် စစ်ဆေးထားပါသည်။

Dr. Thurein Hlaing Win


Aye Thi Mon မှ ရေးသားသည်။ · 03/11/2023 တွင် အသစ်ဖြည့်စွက်ခဲ့သည်။

ad iconadvertisement

ဤဆောင်းပါးက အကူအညီဖြစ်ပါသလား။

ad iconadvertisement
ad iconadvertisement