backup og meta

မနက်ခင်းကို သီချင်းလေးတွေ နဲ့ နိုးထပါ

မှ အချက်အလက် စစ်ဆေးထားပါသည်။ Aye Thi Mon


Aye Thi Mon မှ ရေးသားသည်။ · 23/08/2023 တွင် အသစ်ဖြည့်စွက်ခဲ့သည်။

    မနက်ခင်းကို သီချင်းလေးတွေ နဲ့ နိုးထပါ

    သီချင်းကို ဖျော်ဖြေရေး တစ်ခုလို့ပဲ အများက သိထားကြပါတယ်။ တကယ်ကတော့ သီချင်းက ဖျော်ဖြေရေးဆိုတာထက် ပိုပါတယ်။ သီချင်းနားထောင်တာက စိတ်ရောကိုယ်ပါ ကျန်းမာစေဖို့ ထောက်ကူပေးနိုင်ပါတယ်။ အခုတစ်ခေါက်တော့ မနက်ခင်းကို သီချင်းလေးတွေ နဲ့ နိုးထတာက ဘယ်လိုမျိုး ကျန်းမာရေး အကျိုးကျေးဇူးတွေ ရရှိနိုင်လဲဆိုတာကို ပြောပြပေးသွားပါမယ်။

    မနက်ခင်းခါ တေးသံသာသာ နားဆင်ပါ

    မနက်ခင်းမှာ တေးသီချင်းတွေ နားထောင်တာက စိတ်ကို သက်သောင့်သက်သာ ဖြစ်စေပြီး စိတ်ဖိစီးမှုတွေကို ပြေစေပါတယ်။ စိတ်ပျော်ရွှင်စေပြီး တစ်နေ့တာလုံးကို တက်တက်ကြွကြွ ပျော်ပျော်ရွှင်ရွှင်နဲ့ ဖြတ်သန်းနိုင်ပါတယ်။

    မနက်ခင်းမှာ ငြိမ့်ငြိမ့်ညောင်းညောင်း တေးသံလေးတွေ နားဆင်ရတာက စိတ်ရောကိုယ်ပါ လန်းဆန်းတက်ကြွစေဖို့ အထိရောက်ဆုံး အားဖြည့်ပေးနိုင်မှာပါ။ သီချင်း အမျိုးအစားတွေကတော့ စိတ်ကြိုက် ရွေးချယ်လို့ ရပါတယ်။

    မနက်ခင်းကို သီချင်းလေးတွေ နဲ့ နိုးထပါ

    မနက်ခင်းမှာ လေ့ကျင့်ခန်း လုပ်ရင်းဖြစ်ဖြစ် မနက်စာ စားရင်း ဖြစ်ဖြစ်၊ ရုံးသွားရင်း ဖြစ်ဖြစ် သီချင်းလေးတွေကို နားထောင်ပေးတာကနေ အခုလို အကျိုးကျေးဇူးလေးတွေ ရရှိစေနိုင်ပါတယ်။

    စိတ်ခံစားမှု ကောင်းစေတယ်

    မနက်ခင်းမှာ သီချင်းလေးတွေ နားထောင်တာက ပျော်ရွှင်စရာ အတိတ်လေးတွေဆီ ပြန်လည် သယ်ဆောင်ပေးရင်း ပျော်ရွှင်မှုတွေကို ယူဆောင်လာပေးမှာပါ။ ပျော်ရွှင်စရာ အတိတ်တွေကို ခံစားရင်း စိတ်ခံစားမှုတွေက အလိုလို ပေါ့ပါးပျော်ရွှင်လို့ တစ်နေ့တာလုံး စိတ်ခံစားမှုတွေ ကောင်းစေမှာပါ။

    စိတ်ဓာတ်ကျတာတွေ ကင်းဝေးစေပြီး ပေါင်းသင်းဆက်ဆံရေး ကောင်းစေပါတယ်။ ဦးနှောက်ရဲ့ စွမ်းဆောင်ရည်ကိုလည်း ကောင်းမွန်စေနိုင်ပါတယ်။ သီချင်းနားထောင်တာက ဦးနှောက်ကို စိတ်ခံစားမှု ကောင်းစေမယ့် dopamine ဟော်မုန်းကို ထုတ်လွှတ်ဖို့ လှုံ့ဆော်ပေးပါတယ်။

    စိုးရိမ်စိတ်တွေကိုလည်း ပြေလျော့စေမှာပါ။ ဒီတော့ မနက်ခင်းကို သီချင်းချိုချိုလေးတွေ နားထောင်ဖို့ ပြောပါရစေ။

    အာရုံစူးစိုက်မှု ကောင်းစေတယ်

    လူတော်တော်များများက သီချင်း နားထောင်တာက အလုပ်အပေါ် အာရုံစိုက်နိုင်စွမ်း ကျစေတယ်လို့ ယူဆကြပါတယ်။ တကယ်ကတော့ သီချင်း နားထောင်တာက အာရုံစူးစိုက်မှုကို ပိုမိုကောင်းမွန်စေနိုင်ပါတယ်။

    ဂန္တဝင်တေးသွားတွေကို နားထောင်တာက အာရုံစူးစိုက်မှုကို ပိုမိုကောင်းစေဖို့ အကောင်းဆုံး ထောက်ကူပေးပါတယ်။ ဒါကြောင့် အာရုံစူးစိုက်ရခက်နေပြီဆိုရင် သီချင်းလေးတွေ နားထောင်ပေးဖို့ အကြံပြုပါရစေ။

    သက်သောင့်သက်သာ ဖြစ်စေတယ်

    စိတ်တွေအရမ်း ရှုပ်ထွေးလာရင် ဖြစ်ဖြစ် မနက်ခင်းမှာ စိတ်ပင်ပန်းစွာနဲ့ နိုးထလာရင် ဖြစ်ဖြစ် သီချင်းလေး နားထောင်လိုက်ပါ။ သီချင်း နားထောင်တာက စိတ်ကို သက်သောင့်သက်သာ ဖြစ်စေပါတယ်။ ငြိမ့်ငြိမ့်ညောင်းညောင်း တေးသံလေးတွေက ကြွက်သားတွေကို ပြေလျော့စေပြီး စိတ်ဖိစီးမှုတွေကိုလည်း ပြေလျော့စေပါတယ်။

    စိတ်တအား ရှုပ်နေရင် သီချင်း အေးအေးလေးတွေကို ၁ နာရီလောက် အချိန်ပေးပြီး နားထောင်လိုက်ပါ။

    Motivation ရစေတယ်

    တစ်နေ့တာကို Motivation ရှိရှိ ဖြတ်သန်းချင်တယ်ဆိုရင်တော့ သီချင်းနားထောင်လိုက်ပါ။ မနက်ခင်းမှာ အနှစ်သက်ဆုံး သီချင်းကို နားထောင်လိုက်တာက စိတ်အားတက်ကြွစေဖို့ အကောင်းဆုံး အထောက်အကူ ရစေမှာပါ။

    အလုပ်ခွင်ထဲမှာ တက်တက်ကြွကြွနဲ့ Motivation ပြည့်ပြည့်ဝဝ ရချင်တယ်ဆိုရင်တော့ မနက်ခင်းကို သီချင်းလေးတွေ နားထောင်ရင်း ကုန်ဆုံး လိုက်ပါ။

    တက်တက်ကြွကြွ ရှိတယ်

    တစ်နေ့တာကို တက်တက်ကြွကြွ ပျော်ပျော်ရွှင်ရွှင်နဲ့ ဖြတ်သန်းချင်တဲ့ ဆန္ဒ ရှိပါသလား…… ဒါဆိုရင်တော့ မနက်ခင်းမှာ သဘောအကျဆုံး သီချင်းလေးတွေကို နားထောင်ပေးလိုက်ပါ။ ဒီလို နားထောင်တာက dopamine ဟော်မုန်း ထွက်ရှိစေပြီး အလိုလို တက်တက်ကြွကြွ ဖြစ်လာမှာပါ။

    အဆွေး သီချင်းတွေ မဟုတ်ဖို့တော့ လိုပါမယ်နော်……….

    https://www.youtube.com/watch?v=JsZFbjJIry4&list=PLeLbRXZjaOG77BVI059IT-TfDxEWW8BKu

    မသက်ဆိုင်ကြောင်း ရှင်းလင်းချက်

    Hello Health Group သည် ဆေးပညာအကြံဉာဏ်များ၊ ရောဂါရှာဖွေမှုများနှင့် ကုသမှုများ မပြုလုပ်ပေးပါ။

    မှ အချက်အလက် စစ်ဆေးထားပါသည်။

    Aye Thi Mon


    Aye Thi Mon မှ ရေးသားသည်။ · 23/08/2023 တွင် အသစ်ဖြည့်စွက်ခဲ့သည်။

    advertisement iconadvertisement

    ဤဆောင်းပါးက အကူအညီဖြစ်ပါသလား။

    advertisement iconadvertisement
    advertisement iconadvertisement