ဒေါသ မထွက်ဖူးသူရယ်လို့ မရှိပါဘူး။ လူတိုင်းကတော့ ဒေါသဖြစ်ဖူးကြမှာပါ။ ဥပမာ – ကားမောင်းနေရင်း signal မပြဘဲ အတင်း ဖြတ်ဝင်တာမျိုး၊ ကိုယ်တိုင်ကို ဖြစ်စေ၊ မိသားစုထဲက ချစ်ခင်ရသူ တစ်ဦးဦးကို ဖြစ်စေ ထိခိုက်နာကျင်အောင် လုပ်တာမျိုးကို မြင်ရတဲ့အခါ ဒေါသက အလိုလို ထွက်လာတတ်ပါတယ်။
ဒေါသက ပုံမှန် အခြေအနေမှာ ပြဿနာမရှိဘူးဆိုပေမယ့် အရမ်းဒေါသထွက်လာမယ်ဆိုရင်တော့ သွေးပေါင်တက်တာ နဲ့ အခြားသော ကျန်းမာရေးပြဿနာတွေ ဖြစ်လာနိုင်ပါတယ်။ တစ်ခါတလေမှာ ဒေါသကြောင့် ပြင်းပြင်းထန်ထန် လုပ်ဆောင်မိတာတွေ ရှိတတ်ပါတယ်။ ဒီပြဿနာတွေကနေ ကင်းဖို့ဆိုရင် ပြဿနာ ကြီးကြီးမားမား မဖြစ်ခင်မှာ ဒေါသကို သေချာလေး ထိန်းချုပ် ဖြေရှင်းဖို့ လိုပါမယ်။
ဒေါသတွေ တအားထွက်လာတဲ့အခါ
ဒေါသတွေ တအားထွက်လာတဲ့အခါ ပြဿနာ ကြီးကြီးမားမား မဖြစ်စေဖို့အတွက်
တစ်ခုခု မပြောခင်မှာ သေချာ စဉ်းစားပါ
စိတ်တိုနေချိန်မှာ စကားလုံးတွေက ကြမ်းကြမ်းတမ်းတမ်းတွေ ထွက်လာနိုင်ပါတယ်။ ဒီစကားတွေကြောင့် အချို့သော ဆက်ဆံရေးတွေမှာ အဆုံးသတ်သွားတာမျိုးတွေ ဖြစ်နိုင်ပါတယ်။ ဒီလို နောင်တတရားတွေ ဖြစ်မလာစေဖို့ဆိုရင် ဒေါသတအားထွက်လာလို့ တစ်ခုခု မပြောခင်မှာ သေချာလေး စဉ်းစားဖို့ လိုပါမယ်။
စိတ်တည်ငြိမ်မှ ဒေါသဖြစ်ရတဲ့ အကြောင်းအရင်းကို ပြောပါ
ဒေါသဖြစ်ရတဲ့ အကြောင်းကို သေသေချာချာ စဉ်းစားပြီးပြီ။ ဘာက ဒေါသဖြစ်စေတာလဲဆိုတာကို သိပြီ ဘယ်လို ဖော်ပြရင် ထိခိုက်မှု အနည်းဆုံး ဖြစ်မလဲဆိုတာကိုလည်း စဉ်းစားပြီးပြီဆိုရင် သေသေချာချာ ပြတ်ပြတ်သားသားနဲ့ စိတ်ထဲ အဖုအထစ် ကျန်မနေအောင် ပြောပြပေးပါ။ ဒါမှလည်း တစ်ဖက်က ဆင်ခြင်လို့ရတဲ့ အရာဆို ဆင်ခြင်လို့ ရပါတယ်။
လေ့ကျင့်ခန်း လုပ်ပါ
ကိုယ်လက်လေ့ကျင့်ခန်း လုပ်တာက ဒေါသကိုဖြစ်စေနိုင်တဲ့ စိတ်ဖိစီးမှုတွေကို ပြေလျော့စေနိုင်ပါတယ်။ ဒါကြောင့် ဒေါသ ဖြစ်လာပြီဆိုရင် အပြေးလေ့ကျင့်တာ၊ Gym ဆော့တာလိုမျိုး လေ့ကျင့်ခန်းတွေကို လုပ်ပေးပါ။ ဒါကလည်း ဒေါသကြောင့် မဖြစ်သင့်တာတွေ မဖြစ်ဖို့ ကူညီပေးနိုင်ပါတယ်။
နားချိန်ယူပါ
ဖြစ်နိုင်ခြေရှိတဲ့ အဖြေကို ထုတ်ပါ
ဒေါသဖြစ်ရတဲ့ အကြောင်းပေါ်မှာ အာရုံစိုက်မထားဘဲ ဖြေရှင်းလို့ရမယ့် နည်းလမ်းကို ရှာပါ။ စိတ်ဆိုးစေတဲ့ လူကို တွေ့နေရတာကြောင့် စိတ်ဆိုးမယ်ဆိုရင် မတွေ့ဖြစ်အောင် ရှောင်ပါ။
အရာတစ်ခုခုကြောင့် ဒေါသဖြစ်ရတယ်ဆိုရင် ထိုအရာကို မတွေ့ဖြစ်အောင် နေတာမျိုး လုပ်ပေးပါ။ မကြိုက်တဲ့ အပြုအမူ တစ်ခုခုကြောင့် ဆိုရင်လည်း လုပ်တဲ့သူကို မလုပ်မိအောင် ဖြည်းဖြည်းချင်းနဲ့ နားလည်အောင် ပြောပြပေးပါ။
ခွင့်လွှတ်လိုက်ပါ
ဟာသတွေနဲ့ စိတ်ဖြေပါ
စိတ်ပြေလျော့စေမယ့် နည်းလမ်းတွေ ရှာဖွေပါ
[embed-health-tool-bmi]