ကျန်းမာတဲ့ လိင်မှုဘဝကို ပိုင်ဆိုင်ထားကြသူတွေဟာ တခြားသူတွေထက် ပိုပြီး အသက်ရှည်ရှည်နေနိုင်တယ်လို့ ဆိုထားပါတယ်။ ဘာကြောင့်လဲဆိုတော့ နှလုံးက ပုံမှန်အလုပ်လုပ်နေရတဲ့အပြင် သွေးစီးဆင်းမှု မြန်စေတဲ့အတွက် နှလုံးအမောဖောက်တာ၊ ရုတ်တရက်သတိလစ်တာ၊ နှလုံးအားနည်းတာအပြင် တခြားသော နှလုံးရောဂါ ဖြစ်နိုင်ခြေကို လျော့နည်းစေနိုင်လို့ပါပဲ။
၄။ ဟော်မုန်းမျှခြေကို ထိန်းညှိပေးတယ်။
ကိုယ်ခန္ဓာက ဟော်မုန်းတွေ ပုံမှန်ထုတ်လုပ်ပေးနေတဲ့အခါ စိတ်နဲ့ ခန္ဓာကျန်းမာရေးအတွက်သာမက ကိုယ်တွင်းဆဲလ်တွေ၊ တစ်ရှူးတွေကို ပြုပြင်ပေးတယ်။ မိန်းကလေးတွေမှာ ပုံမှန်ရာသီစက်ဝန်းမှန်စေဖို့၊ သွေးဆုံးချိန်မှာ မကောင်းတဲ့ လက္ခဏာတွေ သိပ်မဖြစ်စေဖို့ ကူညီပေးတယ်။ ဒါ့အပြင် ကျန်းမာသွက်လက်စေဖို့၊ လိင်ဆက်ဆံချင်စိတ်ကို ဖြစ်စေဖို့ ဟော်မုန်းတွေကိုလည်း ပိုမိုထုတ်လွှတ်ပေးနိုင်ပါတယ်။
၅။ ခေါင်းကိုက်တာ၊ နာကျင်ကိုက်ခဲတာကို ပျောက်ကင်းသက်သာစေတယ်။
လိင်ဆက်ဆံနေစဉ်မှာ ကိုယ်ခန္ဓာက နာကျင်မှုကို သက်သာစေတဲ့ အောက်စီတိုစင်ဟော်မုန်း (Oxytocin) တွေကို ထုတ်လွှတ်ပေးပါတယ်။ ဒီဟော်မုန်းတွေ ခန္ဓာကိုယ်ထဲမှာ များလာတဲ့အခါ ခေါင်းမူးခေါင်းကိုက်တာ၊ ကြွက်သားနာကျင်ကိုက်ခဲတဲ့ ဝေဒနာကို သက်သာစေပြီး လျင်မြန်စွာ ပျောက်ကင်းစေနိုင်ပါတယ်။
၆။ စိတ်ဖိစီးမှုကို လျှော့ချပေးနိုင်ပြီး သွေးတိုးကျစေတယ်။
စိတ်နဲ့ လိင်ကျန်းမာရေးဟာ အမြဲဆက်စပ်မှုရှိတယ်ဆိုတာ သိထားကြမယ်ထင်ပါတယ်။ စိတ်ကျန်းမာမှ လိင်မှုကိစ္စကို ကောင်းစွာ ထမ်းဆောင်နိုင်မယ်။ လိင်မှုဘဝသာယာမှ ကျွန်တော်တို့ နေ့စဉ် ကြုံတွေ့နေရတဲ့ စိတ်ညစ်စရာတွေ၊ စိတ်ဖိစီးမှုတွေ၊ စိတ်ဝေဒနာတွေကို လျှော့ချပေးနိုင်မှာပါ။
မှတ်ချက်များ
သင့်အတွေးများကို ဝေမျှပါ။
သင့်ကျန်းမာရေးအတွေးများကို Hello Sayarwonနဲ့ ဝေမျှလိုက်ပါ။
ဆက်သွယ်ရန် သို့မဟုတ် ဝင်မည်။ နှင့် ဝင်ရောက်ဆွေးနွေးပါမည်။