backup og meta

ချစ်မဝတဲ့လိင်မှုဘဝ မျိုး ပိုင်ဆိုင်ချင်တယ်ဆိုရင်

မှ အချက်အလက် စစ်ဆေးထားပါသည်။ Dr. Phyo Wai Lynn


Ye Zon Aung မှ ရေးသားသည်။ · 06/11/2023 တွင် အသစ်ဖြည့်စွက်ခဲ့သည်။

    ချစ်မဝတဲ့လိင်မှုဘဝ မျိုး ပိုင်ဆိုင်ချင်တယ်ဆိုရင်

    ချစ်မှုရေးရာကိစ္စတွေမှာ စိတ်ကျေနပ်ပျော်ရွှင်မှုနဲ့ အဆုံးသတ်နိုင်ဖို့က သိပ်ကို အရေးကြီးပါတယ်။ ဘာလို့ အိပ်ရာပေါ်က ကိစ္စကို အလေးအနက်ထားတိုက်တွန်းနေကြတာလဲဆိုရင် လိင်မှုကိစ္စဟာ သင့်ကျန်းမာရေးနဲ့လည်း တိုက်ရိုက်ဆက်နွယ်နေတာကြောင့်ပါ။ ချစ်မဝတဲ့လိင်မှုဘဝ မျိုးကို မပိုင်ဆိုင်ဘူးဆိုရင် သင့်အတွက် ထိခိုက်နစ်နာစရာတွေ များလှတယ်ဆိုတာကို မမေ့ပါနဲ့နော်။

    လိင်ဆက်ဆံတာပဲ ပြီးမြောက်မှုက အဓိကပဲပေါ့လို့ မတွေးလိုက်ပါနဲ့။ တကယ်တော့ လိင်မှုရေးရာ နှီးနှောမှုတွေဟာ ဒီထက်ပိုပါတယ်။ စိတ်ခံစားချက်ကောင်းမွန်စွာနဲ့ ပြီးမြောက်နိုင်မယ်ဆိုရင် Oxytocin လို့ခေါ်တဲ့ အချစ်ဟော်မုန်းတွေ အမြောက်အများထွက်ရှိလာမှာဖြစ်ပြီးတော့ ဒီဟော်မုန်းတွေက နှလုံးရောဂါကို ကာကွယ်ပေးတာ၊ စိတ်ဖိစီးမှုနဲ့ စိတ်ဓာတ်ကျခြင်းကို လျော့ကျစေတာ၊ ကိုယ်ခံအားစနစ်ကို တိုးတက်စေတာနဲ့ ကောင်းမွန်စွာ အိပ်စက်နိုင်အောင် ကူညီပေးတာလိုမျိုး အကျိုးကျေးဇူးတွေ ပေးပါတယ်။

    ဒါကြောင့် ချစ်မဝတဲ့လိင်မှုဘဝ မျိုးကို ဖန်တီးထားနိုင်သူတွေဟာ ကိုယ်စိတ်နှစ်ပါးလုံး ကျန်းမာတဲ့ အကျိုးကျေးဇူးတွေအပြင် လက်တွဲဖော်၊ ဆက်ဆံဖော်ရဲ့ မေတ္တာကိုလည်း ပြည့်ပြည့်ဝဝပိုင်ဆိုင်နိုင်မှာပေါ့။ ဒီလိုဖြစ်လာစေဖို့ ဘယ်လိုနည်းလမ်းတွေကို အသုံးပြုရမလဲဆိုတာကို ပြောပြပေးပါမယ်။

    ချစ်မဝတဲ့လိင်မှုဘဝ မျိုး ပိုင်ဆိုင်ချင်တယ်ဆိုရင်

    ချစ်မဝတဲ့လိင်မှုဘဝ ကို ပိုင်ဆိုင်စေမယ့် နည်းလမ်းများ

    တစ်ယောက်နဲ့တစ်ယောက်အကြား လိုရင်းဆီတန်းသွားတာမျိုးထက် စကားပြောဆိုတာမျိုးလေး၊ မျှဝေတာမျိုးလေးပြုလုပ်ပြီး ပိုမိုနီးစပ်အောင်လုပ်တာက ချစ်တင်းနှောရာမှာ ပိုမိုကောင်းမွန်တဲ့ စိတ်ခံစားချက်ရစေပါတယ်။

    • မတူတာတွေ လုပ်ကြည့်ပါ

    ပုံမှန် ပြုမူနေကြ လိင်မှုအလေ့အထတွေ၊ ပုံစံတွေကို မတူအောင် ပြောင်းလဲကြည့်ပါ။ လိင်မှုကိစ္စက မတူဆန်းပြားပြီး စိတ်လှုပ်ရှားစရာတွေကို ရှာဖွေတာမဟုတ်လား။ အမြဲတမ်း ဒီပုံစံအတိုင်းချည်းပဲဆိုရင် ရိုးလာတတ်တာကြောင့်ပါ။

    • နှိုးဆွဖို့ အချိန်ပေးပါ

    အထက်မှာပြောခဲ့သလိုပဲ ကိစ္စကို တန်းစတာမျိုးထက် နူးနှပ်ပြီးတော့မှ စတာက ပိုမိုကောင်းမွန်တဲ့ စိတ်ခံစားချက်ကို ဖြစ်စေပါလိမ့်မယ်။ လိင်မှုရေးရာမှာ စိတ်ခံစားချက်ကောင်းမွန်မှုကို ကိစ္စပြီးမြောက်မှုထက် ပိုဦးစားပေးသင့်ပါတယ်။

    • လေ့ကျင့်ခန်းလုပ်ပါ

    စွမ်းဆောင်ရည်မြင့်မားမှုနဲ့ သက်လုံကောင်းမွန်မှုကလည်း လိင်မှုကိစ္စမှာ အရေးပါပါတယ်။ ဒီလိုအရည်အသွေးတွေ ပိုင်ဆိုင်ဖို့ဆိုရင် ကိုယ်လက်လေ့ကျင့်ခန်းပုံမှန်လုပ်ဖို့ လိုအပ်ပါတယ်။ တစ်ပတ်ကို မိနစ် ၁၅၀ လောက်ပုံမှန်လေ့ကျင့်ခန်း လုပ်ပေးသင့်ပါတယ်။

    • အချိန်ယူပါ

    တချို့က လိင်ကိစ္စကို အချိန်ယူဖို့ မလိုဘူးလို့ ထင်တတ်ကြပါတယ်။ ဒါပေမယ့် လိင်ကိစ္စဆိုတာမျိုးက အချိန်ယူလေ ပိုပြီးစိတ်ကျေနပ်မှုနဲ့ ရင်းနှီးမှုကိုရလေလေပါ။ ဒါကြောင့် အချိန်ယူပြီး ဆက်ဆံတာက မြန်မြန်ဆန်ဆန်ကိစ္စပြီးမြောက်စေတာထက်ပိုပြီး သက်ဆိုင်သူတွေကို ပျော်ရွှင်ကျေနပ်စေပါလိမ့်မယ်။

    • ချောဆီသုံးပါ

    လိင်တူပဲဖြစ်ဖြစ် လိင်ကွဲပဲဖြစ်ဖြစ် ချောဆီအသုံးပြုဖို့ လိုအပ်ပါတယ်။ ချောဆီဟာ ထိုးသွင်းမှုကို ပိုမိုချောမွေ့စေပြီး နာကျင်မှုဝေဒနာတွေကို လျှော့ချပေးနိုင်တာမို့ ကျေနပ်ပျော်ရွှင်မှုကို ပိုပြီး ခံစားရနိုင်ပါတယ်။

    • ကြင်နာတတ်ပါစေ

    ရိုမန်တစ်ဆန်တဲ့ အခိုက်အတန့်တွေကို လူတိုင်း သဘောကျတတ်ပါတယ်။ ကိုယ့်ရဲ့ ဆက်ဆံဖော်ကို ကြင်ကြင်နာနာနဲ့ ဆက်ဆံပေးမယ်ဆိုရင် အပြန်အလှန် စိတ်ကျေနပ်မှုကို ပိုပြီးဖန်တီးပေးနိုင်မှာပေါ့။ နောက်ပြီး အဲ့ဒီအပြုအမူမျိုးတွေက ပြီးမြောက်မှုကို ပိုပြီးကောင်းမွန်စေတယ်လို့ ဆိုထားပါတယ်။

    • သက်သောင့်သက်သာဖြစ်ပါစေ

    လိင်ဆက်ဆံတာက စိတ်ဖိစီးမှုကို လျော့ပါးစေတဲ့ အပြုအမူမျိုးပါ။ ဒါပေမယ့် သက်သောင့်သက်သာ အခြေအနေတစ်ခုဖြစ်အောင် မလုပ်ဘဲ တာဝန်ကြီးတစ်ခုလို မဖြစ်မနေလုပ်ဆောင်ရမယ့်အရာကြီးလို တွေးနေကြရင် သက်သောင့်သက်သာဖြစ်စေမှာမဟုတ်ပါဘူး။ လိင်ကိစ္စကို မဖြစ်မနေ ကိစ္စလို၊ မလုပ်ချင်ပဲလုပ်နေတာလိုမျိုးတွေ လုပ်မိနေမယ်ဆိုရင် စိတ်ဖိစီးမှုမလျော့ကျစေပဲ ပိုတောင်ဖြစ်စေနိုင်ပါတယ်။

    • Kegel လေ့ကျင့်ခန်းလုပ်ပါ

    Kegel လေ့ကျင့်ခန်းတွေက အမျိုးသားတွေရဲ့ လိင်အင်္ဂါတောင်မတ်မှုကို အားကောင်းစေတာမို့ အလေးအနက်ထားပြီး ဂရုစိုက်ပြုလုပ်ပေးသင့်ပါတယ်။

    ချစ်မဝတဲ့လိင်မှုဘဝ မျိုး ပိုင်ဆိုင်ချင်တယ်ဆိုရင်

    တကယ်လို့ သာယာတဲ့ လိင်မှုကိစ္စမျိုး မဖန်တီးနိုင်ဘူးဆိုရင်

    စိတ်ကျေနပ်စရာ လိင်မှုဘဝကို ဖန်တီးနိုင်ဖို့က လူတိုင်းရဲ့ နေထိုင်ရှင်သန်မှုဘဝမှာ အရေးပါပါတယ်။ တကယ်လို့ ကိုယ့်မှာ အိမ်ထောင်ဖက် ဒါမှမဟုတ် ဆက်ဆံဖော်ရှိနေလျက်နဲ့ စိတ်ကျေနပ်စရာ အခြေအနေတစ်ရပ်ကို မပိုင်ဆိုင်နိုင်ဘူးဆိုရင် အထက်ပါနည်းလမ်းတွေနဲ့ ဖြေရှင်းလို့ရပါတယ်။

    ဒီလိုဖြေရှင်းတာတောင် အဆင်မပြေသေးဘူးဆိုရင်တော့ ဒီအခြေအနေကို ဂရုတစိုက် ကုစားဖို့ လိုအပ်နေတာဖြစ်နိုင်ပါတယ်။  ဆရာဝန်နဲ့ တိုင်ပင်နှီးနှောတာက ကောင်းမွန်တဲ့ နည်းလမ်းဖြစ်သလို စိတ်ပိုင်းဆိုင်ရာအရ နှစ်သိမ့်ဆွေးနွေးမှုခံယူတာကလည်း နည်းလမ်းကောင်းဖြစ်ပါတယ်။

    ဆရာဝန်ပြသတဲ့ နည်းလမ်းက ရုပ်ပိုင်းဆိုင်ရာ ပြဿနာတွေ အားနည်းချက်တွေကို ဖြေရှင်းပေးနိုင်မှာဖြစ်ပြီးတော့ စိတ်ပိုင်းဆိုင်ရာကုထုံးကတော့ စိတ်နဲ့သက်ဆိုင်တဲ့ ပြဿနာတွေကို ဖြေရှင်းပေးမှာပါ။ သာယာပျော်ရွှင်ပြီး ချစ်မဝတဲ့လိင်မှုဘဝ မျိုးကို ပိုင်ဆိုင်နိုင်ပါစေ။

    မသက်ဆိုင်ကြောင်း ရှင်းလင်းချက်

    Hello Health Group သည် ဆေးပညာအကြံဉာဏ်များ၊ ရောဂါရှာဖွေမှုများနှင့် ကုသမှုများ မပြုလုပ်ပေးပါ။

    မှ အချက်အလက် စစ်ဆေးထားပါသည်။

    Dr. Phyo Wai Lynn


    Ye Zon Aung မှ ရေးသားသည်။ · 06/11/2023 တွင် အသစ်ဖြည့်စွက်ခဲ့သည်။

    advertisement iconadvertisement

    ဤဆောင်းပါးက အကူအညီဖြစ်ပါသလား။

    advertisement iconadvertisement
    advertisement iconadvertisement