backup og meta

Alzheimer's (ဦးနှောက်ချို့ယွင်းလာမှု) ရောဂါကို ကာကွယ်ပေးနိုင်မယ့် နည်းလမ်းများ

Alzheimer's (ဦးနှောက်ချို့ယွင်းလာမှု) ရောဂါကို ကာကွယ်ပေးနိုင်မယ့် နည်းလမ်းများ

အသက်အရွယ်ကြီးရင့်လာတာနဲ့ အမျှ ခန္ဓာကိုယ်မှာ ကိုယ်တွင်း ကိုယ်ပ ခံစားရတဲ့ဝေဒနာတွေကများလာပါတယ်။ ကာကွယ်ခြင်းက ကုသခြင်းထက်ပိုကောင်းတယ်ဆိုတဲ့ စကားအတိုင်း ရောဂါတွေကို မဖြစ်ခင်က ကြိုတင်ကာကွယ်တာက အထိရောက်ဆုံးနည်းလမ်းပါ။ ဒါကြောင့် အသက်အရွယ်ကြီးရင့်လာတဲ့အခါ ခံစားရနိုင်တဲ့  Alzheimer’s (ဦးနှောက်ချို့ယွင်းလာမှု) ရောဂါကို  ကာကွယ်ပေးနိုင်မယ့် နည်းလမ်းတွေကိုဖော်ပြပေးလိုက်ပါတယ်။

Alzheimer’s (ဦးနှောက်ချို့ယွင်းလာမှု) ရောဂါကို ကာကွယ်ပေးနိုင်မယ့် နည်းလမ်းများ

နေ့စဉ် နေထိုင်စားသောက်မှုပုံစံကို ပြောင်းလဲလိုက်ရုံနဲ့ Alzheimer’sရောဂါ ဖြစ်နိုင်ခြေကို လျှော့ချနိုင်ပါတယ်။

သစ်သီးတွေဟင်းသီးဟင်းရွက်တွေ များများစားပေးပါ

လေ့လာမှုတစ်ခုအရ နေ့စဉ် ဟင်းသီးဟင်းရွက်တွေ၊ သစ်သီးတွေ စားသုံးပေးတာ၊ သစ်သီးဖျော်ရည်တွေ သောက်သုံးပေးတာက Alzheimer’sရောဂါ ဖြစ်နိုင်ခြေကို ကျဆင်းစေနိုင်တယ်လို့ တွေ့ရှိခဲ့ရပါတယ်။ ဒါကြောင့် နေ့စဉ် သစ်သီးစားသုံးပေးတာ၊ ဟင်းသီးဟင်းရွက်တွေ စားသုံးပေးတာမျိုးလုပ်ပေးပြီး ရောဂါကို ကာကွယ်လိုက်ပါ။ ဘယ်ရီသီးလေးတွေ စားသုံးပေးတာကလည်း ALzheimer’s ရောဂါကို ကာကွယ်ရာမှာ ထိရောက်မှုရှိပါတယ်။

Omega-3 Fatty Acids ပါအောင် စားသုံးပေးပါ

ဆယ်လ်မွန်၊ မက်ကာရယ်၊ တူနာလိုမျိုး Omega-3 Fatty Acids ပါတဲ့ အစားအစာတွေကို စားသုံးပေးတာက Alzheimer’s ရောဂါဖြစ်နိုင်ခြေကို လျော့ကျစေနိုင်ပါတယ်။ ဒီငါးတွေမှာပါတဲ့ DHA က ဦးနှောက်ဖွံ့ဖြိုးကျန်းမာအောင် လုပ်ဆောင်ပေးနိုင်စွမ်းရှိပါတယ်။

Folic Acids မှီဝဲပေးပါ

Folic Acids ပါဝင်တဲ့ အစားအသောက်တွေကို စားသုံးမိဖို့  ခက်ခဲမယ်ဆိုရင်တော့ Folic Acids အားဖြည့်ဆေးလိုမျိုးတွေကို သောက်သုံးပေးလို့ရပါတယ်။ Folic Acids က ဦးနှောက်မှတ်ဉာဏ်တွေကို ထိခိုက်စေနိုင်တဲ့ Homocysteine ပမာဏကို လျော့ကျစေနိုင်ပြီး မှတ်ဉာဏ်စွမ်းရည်ကို တိုးတက်ကောင်းမွန်အောင်လုပ်ဆောင်ပေးပါတယ်။

Folic Acids ကို အစိမ်းရင့်ရောင်အရွက်တွေ၊ ပဲတွေ၊ အစေ့အဆန်တွေ၊ အသည်း၊ ပင်လယ်စာတွေကနေ ရရှိနိုင်ပါတယ်။

ဆေးဖြစ်ဝါးဖြစ် ဝိုင်သောက်ပါ

ညနေစာ စားပြီးချိန်မှာ ဝိုင်အနီတစ်ခွက်စာလောက်သောက်သုံးပေးပါ။ စပျစ်ဝိုင်ဆိုပိုပြီးတော့ ကောင်းပါတယ်။ စပျစ်သီးမှာပါတဲ့ ဒြပ်ပေါင်းတွေက ဦးနှောက်ဆဲလ်တွေကို ပတ်ဝန်းကျင်က အဆိပ်အတောက်တွေကြောင့် ထိခိုက်ပျက်စီးတာမျိုး မဖြစ်အောင် ကာကွယ်ပေးနိုင်ပါတယ်။ ဝိုင်မနှစ်သက်သူတွေ အနေနဲ့ကတော့ စပျစ်သီးဖျော်ရည်ကို သောက်သုံးပေးလို့ ရပါတယ်။

သွေးပေါင်ချိန်ကို ဂရုစိုက်ထိန်းသိမ်းပါ

သွေးတိုးတာကလည်း Alzheimer’sရောဂါ ဖြစ်စေတဲ့ အကြောင်းတွေထဲက တစ်ခုပါ။ ဒါကြောင့် သွေးတိုးတာမျိုး မဖြစ်အောင် ပုံမှန်ထိန်းသိမ်းပြီး ရောဂါဖြစ်နိုင်ခြေကို လျှော့ချလိုက်ပါ။

ကောင်းမွန်တဲ့ လူမှုဆက်ဆံရေးရှိအောင် လုပ်ဆောင်ပါ

မိသားစု၊ဆွေမျိုးသားချင်းတွေ၊ မိတ်ဆွေသူငယ်ချင်းတွေနဲ့ ချစ်ခင်ရင်းနှ်ီးတဲ့ ဆက်ဆံရေးထားရှိမှုကလည်း အသက်အရွယ်ကြီးလာတဲ့ အခါ Alzheimer’s ရောဂါမဖြစ်အောင်ကာကွယ်ရာမှာ အကျိုးရှိပါတယ်။ ဒါကြောင့် ဒီနေ့ကစပြီး မိသားစုဝင်တွေ သူငယ်ချင်းတွေနဲ့ ချစ်ခင်ကောင်းမွန်တဲ့ ဆက်ဆံရေး ဖန်တီးလုပ်ဆောင်ပါ။

နေပူဆာလှုံပါ

မနက်ခင်းစောစော နေရောင်ခြည်နွေးနွေးလေးအောက်မှာ လေ့ကျင့်ခန်းလုပ်ဆောင်ခြင်းက ခန္ဓာကိုယ်ကို ကျန်းမာစေရုံမက ဗီတာမင် D ကိုလည်း အပြည့်အဝရရှိစေနိုင်မှာပါ။ ကိုယ်လက်လှုပ်ရှားမှုလုပ်ဆောင်တာကလည်း Alzheimer’s ရောဂါကို ကာကွယ်နိုင်သလို နေရောင်ခြည်ကနေရရှိတဲ့ ဗီတာမင် D ကအာရုံကြောဆိုင်ရာရောဂါတွေကို ကာကွယ်ပေးနိုင်ပါတယ်။

ဆေးလိပ်ဖြတ်ပါ

သက်လတ်ပိုင်းအရွယ်မှာ ဆေးလိပ်အလွန်အကျွံသောက်သုံးမှုက အသက်ကြီးလာတဲ့အခါ Alzheimer’s ရောဂါ ခံစားရနိုင်ခြေ ပုံမှန်ထက်ပိုများစေနိုင်ပါတယ်။ တကယ်လို့ သင့်အနေနဲ့ ဆေးလိပ်ဖြတ်လိုက်မယ်ဆိုရင် နှလုံးကျန်းမာလာမှာဖြစ်သလို ဦးနှောက်ဆီ သွေးစီးဆင်းရောက်ရှိမှုလည်း ပိုကောင်းလာမှာပါ။ ဦးနှောက်ရဲ့ လုပ်ဆောင်မှုတွေပိုကောင်းလာခြင်းက Alzheimer’s ရောဂါ မဖြစ်အောင်ကာကွယ်ပေးနိုင်မှာပါ။

အရမ်းနောက်မကျသေးခင်မှာ ကောင်းမွန်မှန်ကန်တဲ့ ဘဝနေထိုင်မှုပုံစံကို ပြောင်းလဲပျိုးထောင်ပြီး ရောဂါတွေရဲ့ နှိပ်စက်မှု မခံဘဲ နေကြရအောင်လား……..

[embed-health-tool-bmi]

မသက်ဆိုင်ကြောင်း ရှင်းလင်းချက်

Hello Health Group သည် ဆေးပညာအကြံဉာဏ်များ၊ ရောဂါရှာဖွေမှုများနှင့် ကုသမှုများ မပြုလုပ်ပေးပါ။

Alzheimer’s disease https://www.nhs.uk/conditions/alzheimers-disease/prevention/ Accessed Date 21 June 2018

What can you do to avoid Alzheimer’s disease? https://www.health.harvard.edu/alzheimers-and-dementia/what-can-you-do-to-avoid-alzheimers-disease Accessed Date 21 June 2018

How to reduce your risk of Alzheimer’s and other dementias https://www.alzheimers.org.uk/about-dementia/risk-factors-and-prevention/how-reduce-your-risk-alzheimers-and-other-dementias Accessed Date 21 June 2018

 

8 Simple Ways To Prevent Alzheimer’s Disease Naturally https://www.curejoy.com/content/ways-to prevent-alzheimers-disease-naturally/ Accessed Date 21 June 2018

 

8 Ways To Prevent Alzheimer’s Disease https://www.prevention.com/health/g20493143/8-ways-to-prevent-alzheimers-disease/?slide=1 Accessed Date 21 June 2018

 

 

 

 

ယခုပုံစံ

23/08/2022

Aye Thi Mon မှ ရေးသားသည်။

မှ အချက်အလက် စစ်ဆေးထားပါသည်။ Dr. Thurein Hlaing Win

Dr. Htet Htet Zaw Win မှ ပြင်ဆင်ခဲ့ပါသည်။


ဆက်စပ် အကြောင်းအရာများ

စိတ်ကျန်းမာရေး ထိခိုက်လာနိုင်ခြေ ရှိတယ်ဆိုတာကို ဖော်ပြနေတဲ့ အပြုအမူအချို့

စိတ်ကျရောဂါတွေကို လေ့ကျင့်ခန်းနဲ့ တိုက်ထုတ်စို့


မှ အချက်အလက် စစ်ဆေးထားပါသည်။

Dr. Thurein Hlaing Win


Aye Thi Mon မှ ရေးသားသည်။ · 23/08/2022 တွင် အသစ်ဖြည့်စွက်ခဲ့သည်။

ad iconadvertisement

ဤဆောင်းပါးက အကူအညီဖြစ်ပါသလား။

ad iconadvertisement
ad iconadvertisement