အနာမရင်းအောင် ဒီနည်းလမ်းတွေနဲ့ ကာကွယ်ပါ

ဆေးပညာပိုင်းဆိုင်ရာတည်းဖြတ်သူ | ရေးသားသူ

Update Date မေ 11, 2020 . 2 mins read
Share now

အနြာဖစ်တဲ့အခါသေချာဂရုစိုက်ဖို့က မဖြစ်မနေလိုအပ်တဲ့အချက်တစ်ခုပါ။ ဒီလိုဂရုစိုက်တဲ့အခါမှာလည်း နည်းလမ်းမှန်ဖို့က တော်တော်လေးအရေးကြီးပါတယ်။ အနာကိုသေချာဂရုမစိုက်မိတဲ့အခါ မလိုလားအပ်တဲ့နောက်ဆက်တွြဲပဿနာတွေအများကြီးဖြစ်လာနိုင်တယ်ဆိုတာကတော့ သိပ်ပြီးပြောနေစရာတောင်မလိုပါဘူး။ ပုံမှန်အားဖြင့်ကတော့ ထိခိုက်ရှနာဒဏ်ရာတွေက အလွယ်တကူအနာကျက်သွားကြပေမယ့် သေချာ ဂရုမစိုက်တဲ့ အခါမှာတော့ ပိုးဝင်တာမျိုးတွေဖြစ်လာနိုင်ပါတယ်။ ဒါကြောင့် အနာတစ်ခု ဖြစ်လာပြီဆိုရင် အနာကို စနစ်တကျဂရုစိုက်ပေးဖို့က အရမ်းအရေးကြီးပါတယ်။ ။

အနာတစ်ခုဖြစ်လာပြီဆို ဘယ်လို ဂရုစိုက်ရမလဲ။ ။

· လက်ဆေးပါ။

ထိခိုက်မိပြီဆိုတာနဲ့ ပူထူပြီး အနာကို လက်နဲ့ တန်းမထိလိုက်ပါနဲ့။အနာကိုထိတွေ့မယ့်လက်က သန့်စင်နေမှ ရောဂါပိုးမဝင်နိုင်မှာပါ။ ဒါကြောင့် အနာကို မကိုင်ခင် လက်ကို ရေနဲ့ဆပ်ပြာသုံးပြီး အရင်သန့်စင်သင့်ပါတယ်။

· အနာကိုသန့်စင်ပါ။

ထိခိုက်မိပြီးပြီးချင်း အနာကို ရေနဲ့ဆေးပါ။ ဒါမှ အနာထဲဝင်နေတဲ့ ဖုန်တွေ၊ သဲတွေ၊ ရောဂါပိုးတွေ တစ်ဝက်လောက်ကို သန့်စင်ပြီးသားဖြစ်သွားမှာပါ။ အနာတဝိုက်ကိုတော့ ဆပ်ပြာနဲ့ဆေးကြောပေးပါ။ အနာကိုတော့ ဆပ်ပြာမထိပါစေနဲ့။အနာမှာဖုန်တွေ၊ သဲတွေ၊ အစအနတွေရှိနေရင် အရက်ပြန်နဲ့သန့်စင်ပြီးသားဇာဂနာလေးနဲ့ အသာလေး ဖယ်ထုတ်လို့ရပါတယ်။

  • အနာသေးတယ်ဆိုပြီး ဂရုမစိုက်ဘဲမထားပါနဲ့။

အနာသေးတယ်ဆိုပြီး ဂရုမစိုက်ဘဲ မထားပါနဲ့။ အနာသေးသေးကနေ ပိုးဝင်ပြီး ပိုဆိုးသွားတတ်လို့ပါ။ ဒါကြောင့် အနာကို သေချာဂရုစိုက်ပါ။ ဂရုစိုက်ပါဆိုလို့ ပိုက်ဆံ ရာဂဏန်းလောက်ပဲ ကွာတာကို နှမြောပြီး တွေ့ကရာ အရည်အသွေး မကောင်းတဲ့ ပစ္စည်းတွေဝယ်မသုံးပါနဲ့။ ရာဂဏန်းလောက် ချွေတာလိုက်လို့ အနာပိုဆိုးသွားရင် သောင်းဂဏန်းလောက် ပြန်ကုန်သွားနိုင်ပါတယ်။

· သွေးတိတ်အောင်လုပ်ပါ။

ဒဏ်ရာသေးတဲ့အနာတွေက သူ့အလိုလိုသွေးတိတ်ေလ့ရှိပါတယ်။ အခန့်မသင့်လို့ မတိတ်ခဲ့ရင်တော့ ပတ်တီး၊ ဂွမ်းစ၊ အဝတ်စသန့်သန့်ကို သုံးပြီး သွေးတိတ်တဲ့အထိ အပေါ်မြှင့်လျက်အနေအထားနဲ့ အနာကိုအသာအယာဖိထားပေးပါ။

· အနာပိုးသတ်ဆေး ထည့်ပေးပါ။

ပြီးရင် ပိုးသေစေဖို့အတွက်ပိုးသတ်ဆေးရည်ထည့်ပေးပါ။ သူက အရက်ပြန်လို မစပ်စေဘဲ ပိုးလည်းသေ အနာကိုလည်း အကျက်မြန်စေတာကြောင့် အရက်ပြန်ကြောက်တဲ့သူတွေ ဆောင်ထားသင့်တဲ့ ပိုးသတ်ဆေးရည်တစ်ခုပါ။ ဒါ့အပြင် ရောဂါပိုးတော်တော်များများကိုလည်း သူက သေစေနိုင်တဲ့အတွက် အိမ်တိုင်းဆောင်ထားသင့်တဲ့ ဆေးဘူးလေးမှာ ပိုးသတ်ဆေးရည်က မပါမဖြစ်ပါ။ အကောင်းဆုံးအချက်ကတော့ အနာကျက်တာကိုလည်း မြန်ဆန်စေခြင်းပါပဲ။

· အနာကိုဖုံးအုပ်ပါ။

အနာတစ်ခုကို ပိုးဝင်တာကနေ အကောင်းဆုံးကာကွယ်ပေးနိုင်တာကတော့ အနာကို ဖုံးအုပ်ထားတာပဲ ဖြစ်ပါတယ်။ ဒါကြောင့် အနာကပ်ပလာစတာတွေ ၊ ပတ်တီးတွေပေါ်လာရတာပါ။ တော်တန်ရုံခြစ်ရာ၊ အစင်းရာ၊ ပွန်းပဲ့ရာလေးလောက်ကတော့ ဖုံးအုပ်စရာမလိုပါဘူး။

· ပတ်တီး၊ ပလာစတာတွေကို လဲပေးပါ။

အနာကပ်ပလာစတာတွေ၊ ပတ်တီးတွေကို အနည်းဆုံးတစ်နေ့ကိုတစ်ကြိမ်လောက် အသစ်လဲပေးပါ။ ညစ်ပတ်နေတဲ့ ပတ်တီး၊ ပလာစတာတွေဆို ခဏ ခဏ လဲပေးသင့်ပါတယ်။ ပတ်တီးတွေ၊ ပလာစတာတွေကို တစ်ချိုန်လုံး ကပ်ထားစရာမလိုပါဘူး။ အနာကိုလည်း လေတွေ၊ အောက်ဆီဂျင်တွေနဲ့ ပေးထိဖို့လိုသေးတယ်မလား။ ။

· အနာပိုးဝင်တဲ့ လက္ခဏာရှိမရှိကိုစောင့်ကြည့်ပါ။

အရေပြားမှာ ဒါမှမဟုတ် အနာတဝိုက်မှာ နီရဲလာတာ၊ ပိုနာလာတာ၊ ပြည်တွေထွက်နေတာ၊ ရောင်ရမ်းလာတာ လိုမျို အနာပိုးဝင်တဲ့လက္ခဏာတွေ့ရရင် ဆရာဝန်ပြသင့်ပါတယ်။

· မေးခိုင်ကာကွယ်ဆေး ဘယ်အချိန်မှာ ထိုးသင့်သလဲ။ ။

တိရစ္ဆာန်တစ်ကောင်ကိုက်ခံရတာ၊ ညစ်ပတ်နေတဲ့ အရာတွေနဲ့ ထိခိုက်မိတာ၊ သံစူးတာ သံရှတာမျိုးဖြစ်ရင်တော့ မေးခိုင်ကာကွယ်ဆေးထိုးသင့်ပါတယ်။

ဒါတွေကတော့ ထိခိုက်ဒဏ်ရာတစ်ခုခုရလာရင် ဒဏ်ရာကို ဂရုစိုက်ပေးသင့်တဲ့ နည်းလမ်းတွေပဲဖြစ်ပါတယ်။ ဘယ်လောက်ပဲ သေးတဲ့အနာဖြစ်ပါစေ သေချာ ဂရုမစိုက်ရင် ပိုဆိုးသွားတတ်လို့ ခုပြောထားတဲ့ နည်းလမ်းလေးတွေကို လိုက်နာသင့်တယ်နော်။ ။

Hello Health Groupသည် ဆေးပညာဆိုင်ရာ အကြံပေးချက်များ၊ ရောဂါရှာဖွေခြင်းနဲ့ ကုသခြင်းများ မပြုလုပ်ပေးပါ။ ။

Hello Health Group သည် ဆေးပညာအကြံဉာဏ်များ၊ ရောဂါရှာဖွေမှုများနှင့် ကုသမှုများ မပြုလုပ်ပေးပါ။

ဒီဆောင်းပါးက သင့်အတွက် အသုံးဝင်ပါသလား။
happy unhappy
ရင်းမြစ်များ

သင်ဒါလည်း နှစ်သက်နိုင်ပါတယ်။

လက်ဆေးကြစို့

လက်ဆေးကြစို့ ရောဂါတွေ ပိုးမွှားတွေ အစားအစာတွေ အော့အန်ဖျားနာ ထိခိုက်ရှနာဒဏ်ရာ အမှိုက်သရိုက်တွေ ဆပ်ပြာ လက်သန့်စင်ဆေးရည် ပိုးမွှားတွေ

ဆေးပညာပိုင်းဆိုင်ရာတည်းဖြတ်သူ Dr. Thurein Hlaing Win
ရေးသားသူ Dr. Thiha Phyo Myint

သွားနှုတ်ပြီးရင် လိုက်နာသင့်တဲ့ အချက် (၁၀) ချက်

သွားနှုတ်ခြင်း သွားကျန်းမာရေး နောက်ဆက်တွဲပြဿနာ အနာကျက်ခြင်း ဆောင်ရန်ရှောင်ရန်

ဆေးပညာပိုင်းဆိုင်ရာတည်းဖြတ်သူ Dr. Thurein Hlaing Win
ရေးသားသူ Yun Sandi Nan Mon

ဖောက်ထားတဲ့ နားပေါက် ပိုးဝင်နေလို့ စိတ်ညစ်နေပါသလား ။ ။

အရိုးနု ဆံပင် ပိုးသတ်ဆေး အနာကျက် အရက်ပြန် ပိုးသတ်ဆေးရည် အဖျားတက် အနာပိုးဝင် နားပေါက်ဖောက် နားပေါက်ပြည်ယို နားပေါက်ပိုးဝင်

ဆေးပညာပိုင်းဆိုင်ရာတည်းဖြတ်သူ Dr. Thurein Hlaing Win
ရေးသားသူ Dr. Thin Yadanar @ Frances

Mafenide (မတ်ဖ်ဖီနိုဒ်)

ဆေးပညာအချက်အလက်များကို %%sitename%% တွင်ရှာဖွေနိုင်ပြီး၊ %%title%% , ၏ ဆေးညွှန်းများ၊ ဘေးထွက်ဆိုးကျိုးများနှင့်သတိပေးချက်များရှာဖွေနိုင်ပါသည်။

ဆေးပညာပိုင်းဆိုင်ရာတည်းဖြတ်သူ Dr. Kaung Thar
ရေးသားသူ Dr. Zin Wai Yan Lin

သင့်အတွက် ရွေးချယ်ထားသည်

ဘားဟိုးဖောက်ခြင်း (သို့မဟုတ်) ဦးခွံရိုးကို အပေါက်ဖောက်ပြီး ကုသခြင်း

ဘားဟိုးဖောက်ခြင်း (သို့မဟုတ်) ဦးခွံရိုးကို အပေါက်ဖောက်ပြီး ကုသခြင်း

ဆေးပညာပိုင်းဆိုင်ရာတည်းဖြတ်သူ Dr. Phyo Wai Lynn
ရေးသားသူ Dr.Thant Zin
ရေးသား ထုတ်ဝေခဲ့သည် အောက်တိုဘာ 12, 2020 . 2 mins read
မိုး အေးအေးမှာ ထိခိုက်ပေါက်ပြဲဒဏ်ရာ ကျက်ဖို့ နှေးနေသလား

မိုး အေးအေးမှာ ထိခိုက်ပေါက်ပြဲဒဏ်ရာ ကျက်ဖို့ နှေးနေသလား

ဆေးပညာပိုင်းဆိုင်ရာတည်းဖြတ်သူ Dr. Thurein Hlaing Win
ရေးသားသူ Yun Sandi Nan Mon
ရေးသား ထုတ်ဝေခဲ့သည် ဇွန် 15, 2020 . 2 mins read
သွားပွတ်တံ ကို စနစ်တကျ ဘယ်လို သိမ်းဆည်းမလဲ။

သွားပွတ်တံ ကို စနစ်တကျ ဘယ်လို သိမ်းဆည်းမလဲ။

ဆေးပညာပိုင်းဆိုင်ရာတည်းဖြတ်သူ Dr. Thurein Hlaing Win
ရေးသားသူ Dr. Htet Htet Zaw Win
ရေးသား ထုတ်ဝေခဲ့သည် မေ 5, 2020 . 2 mins read
Sweet Broomweed

မုရိုးပင် ကပေးတဲ့ ကျန်းမာရေး

ဆေးပညာပိုင်းဆိုင်ရာတည်းဖြတ်သူ Dr. Thurein Hlaing Win
ရေးသားသူ Aye Thi Mon
ရေးသား ထုတ်ဝေခဲ့သည် ဧပြီ 23, 2020 . 2 mins read