ဝိတ်ကျချင်တဲ့သူတိုင်း လေ့ကျင့်ခန်းလုပ်ပြီး နောက်ပိုင်း ဒါတွေစားပါ။ ။

ဆေးပညာပိုင်းဆိုင်ရာတည်းဖြတ်သူ | ရေးသားသူ

Update Date ဇွန် 29, 2020 . 2 mins read
Share now

ပိန်ချင်တဲ့သူတိုင်း gym သွား လေ့ကျင့်ခန်းလုပ်တဲ့အခါ လူတိုင်း မေးတဲ့ မေးခွန်းတစ်ခုက လေ့ကျင့်ခန်းလုပ်ပြီး ဘာစားရမှာလဲ။ လေ့ကျင့်ခန်းတွေလုပ်ထားတော့ ဗိုက်ဆာ နေတာက တစ်ကြောင်း၊ မသင့်တော်တာတွေ စားလိုက်မိရင်လည်း လုပ်ထားသမျှ အကျိုးမရှိဖြစ်သွားမှာက တစ်ကြောင်းနဲ့ လေ့ကျင့်ခန်းလုပ်ပြီးနောက်ပြီး ဘာစားရမလဲဆိုတဲ့ အတွေးက တော်တော်ကို ခေါင်းစားစေပါတယ်။ ကိုယ်ကလည်း ပိန်ချင်နေတဲ့သူဆိုတော့ အစားမှားမခံဘူးလေနော် ။

မြန်မြန်ပိန်စေဖို့ လေ့ကျင့်ခန်းလုပ်ပြီးတိုင်း ဒါတွေစားပါ။ ။

( ကာဘိုဟိုက်ဒရိတ်နဲ့ပရိုတင်း) ထမင်းနဲ့အသား

ကာဘိုဟိုက်ဒရိတ် က လေ့ကျင့်ခန်းလုပ်ချိန်က ကုန်သွားတဲ့ အားအင်တွေကို ပြန်ဖြည့်ပေးမှာ ဖြစ်ပြီး ပရိုတင်းကတော့ ထိခိုက်သွားတဲ့ ကြွက်သားတွေ ပြန်ကောင်းအောင်အတွက် လုပ်ဆောင်ပေးမှာ ဖြစ်ပါတယ်။ ဒီတော့ ကိုယ်တွေက ထမင်းစားမယ်ဆိုရင် ထမင်းလေး နည်းနည်းနဲ့ အသားများများစားပေရမှာဖြစ်ပါတယ်။ စားတဲ့အသားကလည်း အဆီမများစေဖို့လိုအပ်တာကြောင့် ကြက်သား ကအကောင်းဆုံးပါ။

ငှက်ပျောသီး

နောက်ပြီး ကာဘိုဟိုက်ဒရိတ်ရော ပိုတက်ဆီယမ်ရော ကြွယ်ဝတဲ့ ငှက်ပျောသီးစားပေးလို့လည်းရပါတယ်။

နို့

နို့ထဲမှာပါတဲ့ ကယ်လ်ဆီယမ်ဓာတ်က ခါးအဆီတွေကို ကျစေတဲ့အတွက် ဝိတ်ချ နေတဲ့သူတွေ အားထားသင့်တဲ့ အစားအသောက်တစ်ခုလို့ လေ့လာတဲ့သူတွေက ဆိုပါတယ်။ ကိုယ်ကပိန်ချင်တဲ့သူဖြစ်တဲ့အတွက် low fat (အဆီနည်းတဲ့နို့) တွေကိုသာ ဦးစားပေးရွေးချယ်ပါ။ နို့မသောက်ချင်တဲ့သူတွေအတွက်ကတော့ ဒိန်ချဉ် သောက် ပေးလို့ရပါတယ်။

ငရုတ်ကောင်း

ငရုတ်ကောင်းထဲမှာပါတဲ့ Capsaicin ဓာတ်ပေါင်းလေးက ကိုယ်တွင်းအပူချိန်ကို မြင့်တက်စေလို့ အဆီတွေကို ပိုလောင်ကျွမ်းစေပြီး energy ထုတ်ပေးမှာ ဖြစ်ပါတယ်။ ဒါ့ကြောင့် ကြက်ဥလေးကြော်စားခဲ့ရင် ငရုတ်ကောင်းလေးဖြူးစားတာမျိုးလုပ်ပေးလို့ရပါတယ်။

အစိမ်းရောင်ခြယ် အစားအစားတွေစားပါ။

အဆီလည်းကင်း၊ ကျန်းမာရေးနဲ့လည်း ညီညွတ် ဝမ်းကိုလည်း မှန်စေတဲ့ အစားအသောက်တွေဖြစ်တဲ့ ဟင်းသီးဟင်းရွက်တွေကတော့ မစားမဖြစ် စားကိုစားပေးရမှာပါ။ ဟင်းသီးဟင်းရွက် တွေထဲမှာဆို သံဓာတ်လည်း ကြွယ်ဝ၊ အမျှင်ဓာတ်လည်းများတဲ့ ပဲသီး၊ ဟင်းနုနွယ်တို့ကို ပိုဦးစားပေးစားသင့်ပါတယ်။ ဒါမှ သွေးအားလည်းများ ၊ အမောပန်းလည်း ခံနိုင် ဝိတ်လည်းကျမှာ ဖြစ်ပါတယ်။

ငါးစားပေးပါ။

ငါးကလည်း ပရိုတင်းကြွယ်ဝပြီး အဆီမပါတဲ့အသားတစ်မျိုးဖြစ်တဲ့အတွက် အဆီများ၊ ကယ်လိုရီများတဲ့အသားတွေမစားချင်တဲ့ လေ့ကျင့်ခန်းလုပ်သူတိုင်း အဓိကထား စားပေးလို့ရတဲ့ အစားအစာတစ်ခုပါ။ နောက်ပြီး တူနာတို့ ဆယ်လ်မွန်တို့လို ပင်လယ်စာငါးတွေမှာ အဓိကပါတဲ့ omega 3 fatty acid က ကိုယ်တွင်းရောင်ရမ်းခြင်းတွေကို သက်သာစေတာကြောင့် လေ့ကျင့်ခန်းလုပ်ပြီးတိုင်း ရွေးချယ်စားသင့်တဲ့ အစားအစာတစ်ခုနော်။

လက်ဖက်စိမ်းရည် ။

ကဖင်းဓာတ်က သင့်ကို နိုးကြားတက်ကြွစေပြီး ကယ်လိုရီ တွေကို ပိုလောင်ကျွမ်းစေတဲ့အတွက်ကြောင့် ဝိတ်ချနေတဲ့သူတွေအတွက် တော့ အဆင်အပြေဆုံးနော်။ ကဖင်းဓာတ်ပါတဲ့ သောက်စရာဆိုရင် ကော်ဖီအစား ကျန်းမာရေးအတွက်ပါ အထောက်အကူပြုတဲ့ လက်ဖက်စိမ်းရည်က အသင့်တော်ဆုံးပါ။

ရေများများသောက်ပါ။

လေ့ကျင့်ခန်းလုပ်ပြီးတဲ့နောက် ဆုံးရှုံးသွားတဲ့ ရေဓာတ်ကို ပြန်လည်ဖြည့်ဖို့အတွက် ရေများများသောက်တာလောက် အရေးကြီးတာ မရှိပါဘူး။ ရိုးရိုးရေပဲ ဖြစ်ဖြစ်၊ ဓာတ်ဆားထည့်ထားတဲ့ ရေကိုပဲ ဖြစ်ဖြစ် လေ့ကျင့်ခန်းမလုပ်ခင်ရော၊ လုပ်နေစဉ်ရော လုပ်ပြီးချိန်ရော များများသောက်ပေးပါ။ ရေဓာတ်နဲ့ ဓာတ်ဆားဓာတ်တွေ မျှတမှ မောပန်းနွမ်းနယ်နေတဲ့ သင့်ကိုယ်ခန္ဓာ ပြန်ပြီး အားပြည့်မှာ ဖြစ်ပါတယ်။

နောက်အရေးကြီးတဲ့ တစ်ချက်ကတော့ ဒီ အစားအစာတွေကိုလေ့ကျင့်ခန်းလုပ်ပြီး ၂ နာရီအတွင်း စားပေးဖို့ပဲဖြစ်ပါတယ် ။ ။

Hello Health Group သည် ဆေးပညာအကြံဉာဏ်များ၊ ရောဂါရှာဖွေမှုများနှင့် ကုသမှုများ မပြုလုပ်ပေးပါ။

ဒီဆောင်းပါးက သင့်အတွက် အသုံးဝင်ပါသလား။
happy unhappy

သင်ဒါလည်း နှစ်သက်နိုင်ပါတယ်။

ဝက်ခြံအမာရွတ်တွေ သက်သာစေဖို့ ဒါတွေ စားပါ။

ဝက်ခြံအမာရွတ်တွေက အလှပျက်စေရုံတင် မကပါဘူး။ ယုံကြည်မှုကိုလည်း ပျက်စီးစေပါတယ်။ ဒီလို ဝက်ခြံ အမာရွတ်တွေကို သက်သာစေဖို့ စားပေးရမယ့် အစားအစာလေးတွေ ရှိပါတယ်။

ဆေးပညာပိုင်းဆိုင်ရာတည်းဖြတ်သူ Dr. Phyo Wai Lynn
ရေးသားသူ Aye Thi Mon

အချဉ်တွေ အများကြီးစားရင် အရိုးပါးတာ တကယ်လား။

အရိုးတွေ သန်မာကြံ့ခိုင်စေဖို့အတွက်  သစ်သီးတွေ ဟင်းသီးဟင်းရွက်တွေ များများစားပါ။ ပရိုတင်းကိုတော့ နည်းနည်းဆို လုံလောက်ပါပြီ လို့ ပြောတာ ကြားဖူးမှာပေ့ါ။

ဆေးပညာပိုင်းဆိုင်ရာတည်းဖြတ်သူ Dr. Phyo Wai Lynn
ရေးသားသူ Aye Thi Mon

ရာသီဥတုကြောင့်ဖြစ်တဲ့ ဓာတ်မတည့်မှု သက်သာစေဖို့ ဘာတွေစားမလဲ။

အစားအစာတွေက အာဟာရ ပြည့်ဝရုံတင် မဟုတ်ဘဲ ဓာတ်မတည့်မှုကို ခံစားရလေ့ရှိသူတွေမှာလည်း ရာသီဥတုကြောင့်ဖြစ်တဲ့ ဓာတ်မတည့်မှုကို သက်သာစေဖို့ ထောက်ပံ့ပေးပါသေးတယ်။

ဆေးပညာပိုင်းဆိုင်ရာတည်းဖြတ်သူ Dr. Phyo Wai Lynn
ရေးသားသူ Aye Thi Mon

နေ့တိုင်း ကြက်သားပဲ စားနေရလို့ ငြီးငွေ့နေပြီလား။

ကြက်သားက နေမကောင်းမှ စားရတဲ့ ဓာတ်စာ မဟုတ်ပါဘူး။ နေကောင်းနေသူအဖို့လည်း ကိုယ်ခံအားကို အကောင်းဆုံး ဖြစ်နေစေဖို့ ကြက်သားစားဖို့လိုပါတယ်။

ဆေးပညာပိုင်းဆိုင်ရာတည်းဖြတ်သူ Dr. Phyo Wai Lynn
ရေးသားသူ Aye Thi Mon

သင့်အတွက် ရွေးချယ်ထားသည်

သားသားမီးမီးတို့ရဲ့ အစားအစာတွေထဲမှာ Prebiotics ပါစေဖို့

သားသားမီးမီးတို့ရဲ့ အစားအစာတွေထဲမှာ Prebiotics ပါစေဖို့

ဆေးပညာပိုင်းဆိုင်ရာတည်းဖြတ်သူ Dr. Phyo Wai Lynn
ရေးသားသူ Aye Thi Mon
ရေးသား ထုတ်ဝေခဲ့သည် နိုဝင်ဘာ 24, 2020 . 2 mins read
ဘေဘီလေးကို အစေ့အဆန် ကျွေးသင့်ရဲ့လား။

ဘေဘီလေးကို အစေ့အဆန် ကျွေးသင့်ရဲ့လား။

ဆေးပညာပိုင်းဆိုင်ရာတည်းဖြတ်သူ Dr. Phyo Wai Lynn
ရေးသားသူ Aye Thi Mon
ရေးသား ထုတ်ဝေခဲ့သည် နိုဝင်ဘာ 19, 2020 . 2 mins read
Probiotics နှင့် အစာအိမ်အူလမ်းကြောင်း ကျန်းမာရေး

Probiotics နှင့် အစာအိမ်အူလမ်းကြောင်း ကျန်းမာရေး

ဆေးပညာပိုင်းဆိုင်ရာတည်းဖြတ်သူ Dr. Phyo Wai Lynn
ရေးသားသူ Dr.Thant Zin
ရေးသား ထုတ်ဝေခဲ့သည် နိုဝင်ဘာ 18, 2020 . 2 mins read
ဘေဘီလေးနဲ့ ဆန်ပြုတ်

ဘေဘီလေးနဲ့ ဆန်ပြုတ်

ဆေးပညာပိုင်းဆိုင်ရာတည်းဖြတ်သူ Dr. Phyo Wai Lynn
ရေးသားသူ Aye Thi Mon
ရေးသား ထုတ်ဝေခဲ့သည် နိုဝင်ဘာ 18, 2020 . 2 mins read