- Nebulizer အသုံးပြုပုံအဆင့်ဆင့်
အဆင့် ၁ – လေဖိအားပေးကိရိယာကို မီးပလပ်ပေါက်နဲ့နီးတဲ့ ပြင်ညီမျက်နှာပြင်တစ်ခုပေါ် ချပါ
အဆင့် ၂ – Nebulizer ၏ အစိတ်အပိုင်းအားလုံး သန့်ရှင်းမှုရှိမရှိ စစ်ဆေးပါ
အဆင့် ၃ – ဆေးဘူးကို မကိုင်တွယ်မီ လက်သေချာဆေးပါ
အဆင့် ၄ – ဆေးခွက်ထဲသို့ ဆေးရည်ဖောက်ထည့်ပါ။ အပြင်သို့ မဖိတ်စင်စေရန် ဆေးရည်ခွက်ကို ကျပ်နေအောင်ပိတ်ပြီး ဆေးရှူကိရိယာကို အပေါ်အောက်တည့်တည့်ကိုင်ပါ။
အဆင့် ၅ – ရောပြီးသားဆေးရည်ဖြစ်လျှင် nebulizer ရဲ့ ဆေးခွက်ထဲ တန်းထည့်ပါ။ မရောရသေးတဲ့ဆေးရည်ဖြစ်ရင် ပမာဏမှန်ကန်အောင် သေချာတိုင်းတာပြီးမှ ဆေးခွက်ထဲထည့်ပါ။
အဆင့် ၆ – ဆေးငွေ့သယ်ပို့ပေးမယ့် ပိုက်ကို လေဖိအားပေးကိရိယာနဲ့ ချိတ်ဆက်ပါ။
အဆင့် ၇ – ၎င်းပိုက်ကို ဆေးခွက်၊ ဆေးရှူကိရိယာတို့နဲ့ ချိတ်ဆက်ပါ။
အဆင့် ၈ – Nebulizer ခလုတ်ဖွင့်ကြည့်ပြီး အငွေ့ထွက်မထွက် စစ်ဆေးပါ။
အဆင့် ၉ – ဆေးရှူကိရိယာကို ပါးစပ်ထဲထည့်ပြီး နှုတ်ခမ်းဖြင့် လုံနေအောင်အုပ်ပြီး ရှူပါ ဒါမှမဟုတ် mask နဲ့ရှူမယ်ဆိုရင် mask ကို နှာခေါင်းရောပါးစပ်ပါ အကြားအလပ်မရှိ လုံနေအောင်အုပ်ပြီး ရှူပါ။ ဒါမှသာ ဆေးငွေ့အားလုံး အဆုတ်ဆီ ပြည့်ပြည့်၀၀ရောက်ရှိမှာ ဖြစ်ပါတယ်။
အဆင့် ၁၀ – ဆေးကုန်သွားတဲ့အထိ ဖြည်းဖြည်းချင်း ရှူသွင်းရှူထုတ်လုပ်ပါ။ ၁၀ မိနစ်မှ ၁၅မိနစ်ခန့်ကြာအောင် ရှူပေးပါ။ အချို့လူတွေကတော့ နှာခေါင်းကို ညှပ်ထားပြီး ပါးစပ်မှရှူနိုင်အောင် ကြိုးစားကြပါတယ်။
အဆင့် ၁၁ – ဆေးရည်ထည့်ထားတဲ့ခွက်ကို ဆေးရှူနေတဲ့အချိန်တလျှောက် တည့်တည့်မတ်မတ်ထားပါ။
အဆင့် ၁၂ – အားလုံးပြီးသွားတဲ့အခါ စက်ကိုပြန်ပိတ်ပါ။
မိမိ nebulizer ကို ဘယ်လိုဂရုစိုက်ရမလဲ
Nebulizer အသုံးပြုပြီးတိုင်း ရောဂါပိုးကူးစက်ခံရခြင်းမှ ကာကွယ်ဖို့နဲ့ ဘက်တီးရီးယားပိုးမွှားများ မပေါက်ပွားစေဖို့ nebulizer ကို သေသေချာချာ ဆေးကြောသန့်စင်သင့်ပါတယ်။ Nebulizer ကတဆင့် လေရှူသွင်းရတာဖြစ်တဲ့အတွက် ဘက်တီးရီးယားပိုးမွှား အလွယ်တကူကူးစက်ခံရနိုင်ချေ ရှိပါတယ်။ Nebulizer ကို သန့်ရှင်းရေးလုပ်ရာမှာ tubing လို့ခေါ်တဲ့ လေပြွန်ကိုတော့ ဆေးကြောဖို့မလိုပါဘူး။ Tubing ရဲ့ အတွင်းထဲအထိ သန့်စင်အောင်ဆေးကြောဖို့ မလွယ်ကူတဲ့အတွက် tubing အသစ်တစ်ခုနဲ့ ပုံမှန်လဲလှယ်ပေးရင် လုံလောက်ပါတယ်။ Nebulizer ကောင်းကောင်းမွန်မွန် အလုပ်လုပ်နိုင်အောင် အချိန်ပေးပြီး သန့်ရှင်းရေးလုပ်ပေးဖို့ လိုအပ်ပါတယ်။ သန့်ရှင်းရေးမလုပ်ခင် ပလပ်ဖြုတ်ထားဖို့လည်း လုံးဝမမေ့ပါနဲ့။
Nebulizer အသုံးပြုပြီးတိုင်း အောက်ပါအဆင့်များအတိုင်း လိုက်နာဆောင်ရွက်ပါ။
- ဆေးရှူကိရိယာနဲ့ ဆေးထည့်ခွက်ကို ဖြုတ်ပြီး ရေနွေးနွေးနဲ့ ဆေးကြောပါ
- ၎င်းတို့ကို သန့်ရှင်းတဲ့ အဝတ်စပေါ်တင်ပြီး အခြောက်ခံပါ
- စက်ရဲ့အစိတ်အပိုင်းအားလုံး ခြောက်သွေ့စေဖို့ nebulizer ကို ပြန်လည်တပ်ဆင်၊ ခလုတ်ဖွင့်ပြီး စက္ကန့် ၂၀ခန့်ထားပါ
- စက်ကိုပလပ်ဖြုတ်ပြီး နောက်တစ်ကြိမ် အသုံးမပြုခင်အထိ သေချာစွာဖုံးအုပ် သိမ်းဆည်းထားပါ
သင့်ဆရာဝန်က ညွှန်ကြားပေးတဲ့ ဆေးရည်တစ်ခုခုထဲမှာဖြစ်စေ၊ ဗီနီဂါအဖြူတစ်စ၊ ရေနွေးသုံးစရောထားတဲ့ ပျော်ရည်ထဲမှာဖြစ်စေ စက်ရဲ့အစိတ်အပိုင်းတွေကို စိမ်ပြီး ပိုးသတ်နိုင်ပါတယ်။
ဒါတင်သာမက nebulizer မှာပါတဲ့ filter ကိုလည်း လဲလှယ်ပေးဖို့ လိုအပ်နိုင်ပါတယ်။ ဘယ်အချိန်မှာလဲလှယ်သင့်သလဲဆိုတာ nebulizer စက် အသုံးပြုပုံအညွှန်းမှာ ဖတ်ကြည့်ပြီး လိုက်နာဆောင်ရွက်နိုင်ပါတယ်။
Hello Health Group သည် ဆေးပညာအကြံပေးချက်များ၊ ရောဂါစစ်ဆေးအတည်ပြုချက်များနှင့် ကုသမှုများမပြုလုပ်ပေးပါ။
မှတ်ချက်များ
သင့်အတွေးများကို ဝေမျှပါ။
သင့်ကျန်းမာရေးအတွေးများကို Hello Sayarwonနဲ့ ဝေမျှလိုက်ပါ။
ဆက်သွယ်ရန် သို့မဟုတ် ဝင်မည်။ နှင့် ဝင်ရောက်ဆွေးနွေးပါမည်။