backup og meta

တစ်နေ့ကို ဆားဘယ်လောက် စားလို့ရလဲ

ကျွန်တော်တို့ နေ့စဉ်စားသောက်နေတဲ့ အစားအစာတွေထဲမှာ ဆားက မပါမဖြစ်ပါတတ်ပါတယ်။ ထို့အပြင်ကျွန်တော်တို့မြန်မာလူမျိုးတွေက ဆားကို အခြား အိမ်နီးချင်း နိုင်ငံများထက်ပိုပြီးစားကြပါတယ်။

သာမန် လူတစ်ယောက်အတွက် တစ်နေ့တာစားသင့်တဲ့ ဆိုဒီယမ် (Sodium) ပမာဏ ပါာ 2300 မီလီဂရမ် ထက်မပိုသင့်ပါဘူး။ တစ်နည်းအားဖြင့်ပြောရရင် ထိုပမာဏပါာ ကျွန်တော်တို့ အသုံးပြုနေတဲ့ အိမ်သုံးဆား လက်ဖက်ရည်ဇွန်းတစ်ဇွန်း နဲ့ ညီမျှပါတယ်။

သွေးတိုးသမားတွေကတော့ လက်ဖက်ရည်ဇွန်း သုံးပုံနှစ်ပုံပဲ (Sodium 1500mg) စားသင့်ပါတယ်။

လေ့လာတွေ့ရှိချက်များ အရ မြန်မာ လူမျိုးတွေ စားသုံးနေတဲ့ ဆားပမာဏပါာ တစ်နေ့ကို လက်ဖက်ရည်ဇွန်း ၃ ဇွန်းလောက် က ပျမ်းမျှရှိနေပါတယ်။ ဒါကြောင့်လည်း အခုနောက်ပိုင်း မြန်မာလူမျိုးအများစု အသက် လေးဆယ်ကျော်တာနဲ့ သွေးတိုးရောဂါ စဖြစ်လာပါတော့တယ်။

နောက်တစ်ခု ကျွန်တော်တို့ သတိထားသင့်တဲ့ အစားအစာကတော့ လက်လုပ်ချဉ်တွေ ပါ။

ဥပမာ – မုန်ညှင်းချဉ်၊ မုန်လာချဉ်၊ ကတက်ချဉ်၊ ချဉ်ဖတ် စတာတွေ ပါာ ဆားပါဝင်မှု အရမ်းများတဲ့ အစားအစာတွေပါ။

-နောက်တစ်မျိုး ကျွန်တော်တို့ မြန်မာလူမျိုးတွေ အရမ်းစားနေတဲ့ ဒညင်းသီး ဆားရည်စိမ်၊ သရက်သီး ဆားရည်စိမ်လိုမျိုးတွေ ငံပြာရည်၊ ငပိရည်နဲ့တို့စားတာမျိုးတွေ ကိုလည်း သတိထားပါ။

တခြားသော ဆိုဒီယမ် ပါဝင်မှုများတဲ့ အစားအစာ များ တွေကတော့

  • အသင့်စားအာလူးကြော်များ
  • ပါမ်ဘာဂါ
  • ကြက်ကြော်
  • ထောပတ်ပေါက်ပေါက်
  • ငါးခြောက်
  • ပုဇွန်ခြောက်
  • ငါးပိ
  • ငါးချဉ်
  • ပုဇွန်ချဉ်
  • ဒိန်ခဲ (cheese)
  • ပီဇာ
  • ခရမ်းချဉ်သီးဆော့စ်
  • အသင့်သောက် အချိုရည်များ
  • အသင့်စား ခေါက်ဆွဲပြုတ်များ
  • Pancake
  • ဝက်ပေါင်ခြောက်
  • ဆိတ်သားခြောက်
  • ကြက်အူချောင်း
  • ဝက်အူချောင်း

ဆိုဒီယမ် ပါဝင်မှုနည်းသော အစားအစာများ

  • အာလူးပြုတ်/ဖုတ်
  • ဥအမျိုးမျိုး
  • ပဲအမျိုးမျိုး
  • ပဲပုပ်စေ့
  • ဂျပန် တို့ဖူး
  • ဒိန်ချဉ်
  • အဆီထုတ်ထားသော နို့
  • ပေါင်မုန့် ကြမ်း
  • မုန့်ကြွပ်
  • အသားအမျိုးမျိုး (လတ်လတ်ဆက်ဆက်) (readymade မပါုတ်ပါ)
  • Cereal (စီရီယယ်)
  • အီတလီခေါက်ဆွဲ (အာလူးဖြငိ လုပ်ထားသော ခေါက်ဆွဲများ)

ဆား သုံးတာ နည်းအောင် ဘယ်လို အလေ့အကျင့်တွေ နဲ့ ပြုပြင်ကြမလဲ

  • ပါင်းခတ်မှုန့် အချိုမှုန့်တွေ သုံးမယ့်အစား အသားပြုတ်ရည် ပါင်းရွက်ပြုတ်ရည် အစားထိုးသုံးတာမျိုး။
  • အသားတွေ ကို အခြောက်လှမ်းထားတာ readymade တွေ စားမယ့်အစား လတ်လတ်ဆတ်ဆတ် အသား၊ငါးတွေ စားပေးတာမျိုး။
  • အသီးအရွက်တွေ ကို တစ်နေ့တာလိုအပ်တဲ့ ပမာဏ (တရုတ်ထမင်း ပန်ကန်လုံး ၃ ခွက်) ပြည့်အောင်စားပေးတာမျိုး။
  • အသင့်သောက် အချိုရည်တွေ အစား လတ်လတ်ဆတ်ဆတ် အသီးအနှံတွေကို ကိုယ်တိုင်ဖျော်သောက်ပေးတာမျိုး စတာတွေ နဲ့ လေ့ကျင့်ပေးသင့်ပါတယ်။

လေးစားစွာဖြင့်

ဒေါက်တာ ညီညီကျော် @ Dr. Nutrition

Hello Health Groupသည်ဆေးပညာအကြံပြုချက်များ၊ ရောဂါရှာဖွေအတည်ပြုချက်များနှင့် ကုသမှုများ မပြုလုပ်ပေးပါ။

[embed-health-tool-heart-rate]

မသက်ဆိုင်ကြောင်း ရှင်းလင်းချက်

Hello Health Group သည် ဆေးပညာအကြံဉာဏ်များ၊ ရောဂါရှာဖွေမှုများနှင့် ကုသမှုများ မပြုလုပ်ပေးပါ။

ယခုပုံစံ

20/06/2022

Arkar Hein မှ ရေးသားသည်။

Aye Thi Mon မှ ပြင်ဆင်ခဲ့ပါသည်။


ဆက်စပ် အကြောင်းအရာများ

နှလုံးမကြီးအောင် ဘယ်လို ကာကွယ်ကြမလဲ !

နှလုံးကြီးနေရင် ဘာတွေစားလို့ ဘာတွေရှောင်ရမလဲ!


Hello Sayarwon Panel မှ အချက်အလက်များ စစ်ဆေးထားပါသည်။ Arkar Hein မှ ရေးသားသည်။ နောက်ဆုံးအသစ်ပြင်ဆင်သည့်ရက်စွဲမှာ 20/06/2022 ဖြစ်ပါသည်။

ad iconadvertisement

ဤဆောင်းပါးက အကူအညီဖြစ်ပါသလား။

ad iconadvertisement
ad iconadvertisement