backup og meta

အကြောလျှော့ခြင်း ကနေရနိုင်မယ့် ကျန်းမာရေးအကျိုးကျေးဇူး

မနက်အိပ်ရာကနိုးလာရင် ခန္ဓာကိုယ်ကြီးက တောင့်တင်းနေတယ်။ တစ်နေကုန်အလုပ်လုပ်ပြီးရင်လည် တောင့်တင်းနာကျင်နေတာပဲ။ ဘာလုပ်ရမှန်းမသိဘူးဆိုတဲ့ သူတွေများရှိလား။ ဒါဆိုရင်တော့ ကြုံနေရတဲ့ ဒီပြဿနာကို ဖြေရှင်းဖို့ အကောင်းဆုံးနည်းလမ်းကို ပြောပြပေးပါရစေလား။ ဒါကတော့ အကြောလျှော့ခြင်း ပါ။

တင်းနေတဲ့ အကြောတွေပြေလျော့စေဖို့ ဘာလုပ်ရမလဲ………….

တင်းနေတဲ့ အကြောတွေကို ပြေလျော့စေဖို့ အကောင်းဆုံးနည်းလမ်းက အကြောလျှော့တာပါ။ မနက်အိပ်ရာကနိုးလာရင်ဖြစ်ဖြစ် ရေမချိုးခင်မှာဖြစ်ဖြစ် အကြောလျှော့ပေးတာက အရိုးနဲ့ ကြွက်သားတွေကျန်းမာရေးကို တော်တော်လေး အထောက်အကူပြုပေးနိုင်တာပါ။ ဒီတော့ အကြောလျှော့လို့ ဘယ်လို အကျိုးကျေးဇူးတွေရစေနိုင်လဲဆိုတာကို ဒီဆောင်းပါးလေးထဲမှာ ဖတ်ကြည့်လိုက်ပါနော်။

အကြောလျှော့ခြင်း ကနေ ရမယ့် ကျန်းမာရေးအကျိုးကျေးဇူးတွေက ဘာတွေများလဲ………

နေ့စဉ်ပုံမှန် အကြောလျှော့ပေးမယ်ဆိုရင်

အကြောတွေပြေလျော့မယ်

ပုံမှန် အကြောလျှော့ပေးတာက ကျန်းမာရေးအတွက် တော်တော်လေး အထောက်အကူပြုပေးနိုင်ပါတယ်။ နေ့စဉ် ပုံမှန်အကြောလျှော့ပေးတာက ခန္ဓာကိုယ်ကိုတင် ပြေလျော့စေတာမဟုတ်ဘဲ နေ့စဉ်လှုပ်ရှားသွားလာမှုတွေကိုလည်း အဆင်ပြေပြေနဲ့လုပ်ဆောင်နိုင်စေမှာပါ။ အသက်အရွယ်ရလာတာကြောင့် ခံစားရနိုင်တဲ့ အဆစ်နာတာကိုလည်း သက်သာစေနိုင်ပါတယ်။

လှုပ်ရှားရ အဆင်ပြေစေနိုင်တယ်

အကြောပုံမှန်လျှော့ပေးတာက အဆစ်တွေ နဲ့ ကြွက်သားတွေကို ကျန်းမာသန်စွမ်းစေပြီး နေ့စဉ်လှုပ်ရှားမှုတိုင်းမှာ အကောင်းဆုံးလှုပ်ရှားနိုင်မှာပါ။ သွားလာရတာ ပေါ့ပါး သွက်လက်ချင်တယ်ဆိုရင်တော့ အကြောပုံမှန် လျှော့ပေးပါ။

လေ့ကျင့်ခန်းလုပ်ရတာ အဆင်ပြေစေနိုင်တယ်

ကိုယ်လက်လှုပ်ရှားမှုတွေမလုပ်ခင်မှာ အကြေလျှော့လေ့ကျင့်ခန်းကို အရင်လုပ်ပါ။ ဒီလိုလုပ်ပေးခြင်းက ကြွက်သားတွေဆီကို သွေးစီးဆင်းရောက်ရှိမှုကောင်းစေသလို လေ့ကျင့်ခန်းလုပ်တဲ့အခါမှာ ကြွက်သားတွေ အဆစ်တွေ ထိခိုက်နာကျင်တာမျိုးမဖြစ်စေဘဲ အကောင်းဆုံးလှုပ်ရှားနိုင်စေမှာပါ။

ကြွက်သားတွေဆီ သွေစီးဆင်းရောက်ရှိမှုကောင်းစေနိုင်တယ်

အကြောလျှော့လေ့ကျင့်ခန်းကို ပုံမှန်လုပ်ပေးတာက ကြွက်သွားတွေဆီ သွေးစီးဆင်းရောက်ရှိမှုကောင်းစေပြီး ကြွက်သားတွေ နာကျင်တာ၊ ကြွက်သားစုတ်ပြဲတာမျိုးတွေ မဖြစ်အောင် အထိရောက်ဆုံးကာကွယ်ပေးနိုင်ပါ။ ကြွက်သားတွေ တောင့်တင်းနာကျင်တာမျိုးမဖြစ်အောင်လည်း အကောင်းဆုံးထောက်ပံ့ပေးနိုင်ပါတယ်။

ခန္ဓာကိုယ်ကို အနေအထားမှန်စေတယ်

အကြောပုံမှန် လျှော့ပေးတာက ကြွက်သားတွေကိုပြေလျော့စေပြီး ကိုယ်နေဟန်ထားကို မှန်ကန်စေနိုင်ပါတယ်။ အရိုးနဲ့ကြွက်သားနာကျင်မငတွေမဖြစ်အောင် ကာကွယ်ပေးနိုင်သလို ခန္ဓာကိုယ်ကို ဟန်ချက်ညီညီလှုပ်ရှားနိုင်စေမှာပါ။

ခါးနာတာမျိုးမဖြစ်အောင်ကာကွယ်ပေးတယ်

ပုံမှန်အကြောလျှော့ပေးတာက နောက်ကျောနဲ့ခါးကြွက်သားတွေ တောင့်တင်းနေတာကို ပြေလျော့စေနိုင်ပြီး ခါးမနာအောင်ကာကွယ်ပေးနိုင်ပါတယ်။ ခါးကြွက်သားတွေကို သန်မာစေနိုင်သလို ခါးနာနေတာကိုလည်း သက်သာစေနိုင်ပါတယ်။

စိတ်ဖိစီးမှု ပြေလျော့စေတယ်

စိတ်ဖိစီးမှုများတဲ့အခါ ကြွက်သားတွေ တောင့်တင်းနေတာကို ကြုံဖူးမှာပေါ့။ အကြောင်းကတော့ ရုပ်ပိုင်းဆိုင်ရာနဲ့ စိတ်ပိုင်းဆိုင်ရာဖိစီးမှုတွေကို တုံ့ပြန်တဲ့အနေနဲ့ ကြွက်သားတွေက တောင့်တင်လာတတ်ကြပါတယ်။ များသောအားဖြင့်တော့ စိတ်ဖိစီးတဲ့အခါ ဇက်ကြော၊ ပခုံးနဲ့ နောက်ကျောကကြွက်သားတွေ တောင့်တင်းနေတတ်ကြပါတယ်။ ဒါကြောင့် အကြောလျှော့ပေးတာက စိတ်ဖိစီးမှုကို သိသိသာသာပြေလျော့စေမှာပါ။

စိတ်ခံစားမှုကောင်းစေနိုင်တယ်

ပုံမှန်အကြောလျှော့ပေးတာက ကြွက်သားတွေကိုတင်ပြေလျော့စေတာမဟုတ်ပါဘူး ။ စိတ်ဖိစီးမှုကိုလည်း ပြေလျော့စေနိုင်ပါတယ်။ အကြောလျှော့ပေးတဲ့အခါ ဝင်သက် ထွက်သက်မှန်မှန်ရှုပေးပါ။

ခေါင်းကိုက်တာကို သက်သာစေနိုင်တယ်

တစ်ခါတလေမှာ ခေါင်းကိုက်နောတာက ကြွက်သားတွေတောင့်တင်းနေတာကြောင့်ဖြစ်တတ်ပါတယ်။ ဒါကြောင့် ခေါင်းကိုက်လာတဲ့အခါ သင့်တင့်တဲ့အစးအစာကို စားပေးတာ၊ ရေဓာတ်ပြည့်ဝအောင် ရေသောက်ပေးတာ၊ ပြည့်ပြည့်ဝဝအနားယူပေးတာတွေအပြင် အကြောလျှော့ပေးတာကလည် ထိရောက်တဲ့ နည်းလမ်းတစ်ခုပါ။ အကြောင်းကတော့ ကြွက်သားတွေ ပြေလျော့သွားတာကလည်း ခေါင်းကိုက်တာကို သိသိသာသာ သက်သာစေနိုင်မှာပါ။

စိတ်ရောကိုယ်ပါ ကျန်းမာစေဖို့ နေ့စဉ် ၁၀ မိနစ် ကနေ ၁၅ မိနစ်လောက် အကြောလျှော့လို့ ကျန်းမာပျော်ရွှင်တဲ့ နေ့ရက်တိုင်းကို ပိုင်ဆိုင်နိုင်ကြပါစေကြောင်း……….

[embed-health-tool-heart-rate]

မသက်ဆိုင်ကြောင်း ရှင်းလင်းချက်

Hello Health Group သည် ဆေးပညာအကြံဉာဏ်များ၊ ရောဂါရှာဖွေမှုများနှင့် ကုသမှုများ မပြုလုပ်ပေးပါ။

Stretching 101: Benefits and Proper Techniques https://www.verywellfit.com/stretching-101-2696342 Accessed Date 25 October 2019

Stretching: 9 Benefits, Plus Safety Tips and How to Start https://www.healthline.com/health/benefits-of-stretching Accessed Date 25 October 2019

ယခုပုံစံ

02/08/2022

Aye Thi Mon မှ ရေးသားသည်။

မှ အချက်အလက် စစ်ဆေးထားပါသည်။ Aye Thi Mon

Aye Thi Mon မှ ပြင်ဆင်ခဲ့ပါသည်။


ဆက်စပ် အကြောင်းအရာများ

အရိုးအဆစ်ရောင်ရောဂါ(Osteoarthritis) သင့်မှာရှိနေပြီလား

အရိုးနုလေးတွေ ကျန်းမာစေဖို့


Hello Sayarwon Panel မှ အချက်အလက်များ စစ်ဆေးထားပါသည်။ Aye Thi Mon မှ ရေးသားသည်။ နောက်ဆုံးအသစ်ပြင်ဆင်သည့်ရက်စွဲမှာ 02/08/2022 ဖြစ်ပါသည်။

ad iconadvertisement

ဤဆောင်းပါးက အကူအညီဖြစ်ပါသလား။

ad iconadvertisement
ad iconadvertisement