ခံတက်ရွက်ကို ပုံမှန်အားဖြင့်ကတော့ အချဉ်တည်ပြီး တို့စားတာ၊ ခံတက်ချဉ်ကို ပါးပါးလှီးလို့ ကြက်သွန်နီ၊ ဆီချက်၊ ပဲမှုန့်၊ ပုစွန်ခြောက်မှုန့်တို့နဲ့ သုပ်စားတာမျိုး အများဆုံး စားဖြစ်မယ် ထင်ပါတယ်။ ခံတက်ရွက် နုနုလေးကို အချဉ်တည်ထားတာက မွှေးနေပြီး စားလိုက်ရင်လည်း ချဉ်ချဉ်လေးနဲ့ အရသာတွေ့တာ အမှန်ပါ။ မြန်မာလူမျိုး တော်တော်များများ သဘောကျတဲ့ ခံတက်ချဉ်လေး တွေက စားကောင်းတာအပြင် ကျန်းမာရေးအတွက် ဘယ်လို အထောက်အကူ ပြုလဲ ဆိုတာကို ဒီ ဆောင်းပါးလေး ထဲမှာ ဖတ်ကြည့်စေချင်ပါတယ်။
တစ်ပင်လုံး ဆေးဖက်ဝင်တဲ့ ခံတက်
ခံတက်ပင်ကို အစား အများဆုံးက အချဉ်တည်ထားပြီး အလွယ်တကူ ဝယ်လို့ရတဲ့ ခံတက်ရွက်ချဉ် ဖြစ်မယ် ထင်ပါတယ်။ ဒါပေမယ့် ခံတက်ပင်က အရွက်တင်မကဘဲ ပင်စည်ရဲ့ အခေါက် (ခံတက်ခေါက် ဆိုပြီး မီးကင်လို့ မွှပြီး ဆီစိမ် စားရတဲ့ အခေါက်ပါ)၊ အမြစ် တို့ကလည်း ဆေးဖက်ဝင် ပါတယ်။ ရှေးယခင် ကာလတွေ ကတည်းက ဆေးဖက်ဝင် အပင်အဖြစ် အများက အသိအမှတ်ပြု ထားတာပါ။
ခံတက်ချဉ်လေး ကပေးတဲ့ ကျန်းမာရေး
နုတုန်းမှာ ချိုပြီး ရင့်လာတာ နဲ့အမျှ ဖန်တွန့်တွန့် ဖြစ်လာမယ်။ လုံးဝ ရင့်သွားတဲ့အခါ ခါးသွားတတ်တဲ့ ခံတက်ချဉ်လေး က
အရွက်ကို ပြုတ်ပြီး ရလာတဲ့ အရည်၊ အရွက်ကို ကြိတ်ပြီး ရလာတဲ့ သတ္တုရည်၊ ပင်စည် အခေါက်ကို ပြုတ်ထားတဲ့ အရည်တွေကို အသုံးပြုပေးလို့ ရသလို အရွက်ကို အချဉ်တည်ထားတဲ့ ခံတက်ချဉ်လေး ကို စားပေးလို့လည်း ရပါတယ်။
ခံတက်ချဉ်လေး က ဆေးဖက်ဝင်တယ်ဆိုပေမဲ့ တန်ဆေးလွန်ဘေးမို့လို့ အလွန်အကျွံစားတာကို ရှောင်သင့်ပါတယ်။ ကိုယ်ဝန်ဆောင်နဲ့ နို့တိုက်မိခင်တွေ၊ ကလေးငယ်တွေ၊ ရောဂါအခံရှိသူတွေနဲ့ ဆေးဝါးသောက်သုံးနေရသူတွေက သတိထားပြီး စားသင့်ပါတယ်။