backup og meta

ကျန်းမာရေးနဲ့ သင့်ခံတွင်းရဲ့ဆက်နွှယ်မှု

မှ အချက်အလက် စစ်ဆေးထားပါသည်။ Dr. Thurein Hlaing Win


Yun Sandi Nan Mon မှ ရေးသားသည်။ · 04/10/2022 တွင် အသစ်ဖြည့်စွက်ခဲ့သည်။

    ကျန်းမာရေးနဲ့ သင့်ခံတွင်းရဲ့ဆက်နွှယ်မှု

    ခံတွင်းကျန်းမာရေးကို ဂရုစိုက်ပါဆိုတာက သွားနဲ့သွားဖုံးရောဂါအတွက်ပဲ အကျိုးရှိတာမဟုတ်ပါဘူး။ သွားနဲ့ခံတွင်းက တခြားရောဂါတွေနဲ့ အပြန်အလှန်ဆက်နွှယ်မှုရှိနေတာတော့ သိထားသင့်ပါတယ်။ သွားဖုံးရောဂါရှိသူတွေက မရှိသူတွေထက် နှလုံးရောဂါဖြစ်နိုင်တဲ့အန္တရာယ်ပိုများတယ်လို့ သုတေသနတွေ့ရှိချက်တွေရှိနေပါတယ်။ရောဂါဖြစ်စေတဲ့အဓိကအကြောင်းရင်း ဟုတ်မဟုတ်ကို သက်သေမပြနိုင်ပေမယ့် ဆက်နွှယ်မှုရှိနေတာကြောင့် ခံတွင်းကျန်းမာရေးကိုဂရုစိုက်တာက လွန်တယ်တော့မရှိပါဘူး။

    သွားဖုံးရောဂါနဲ့ ဆီးချို

    ဆီးချိုရောဂါက ခန္ဓါကိုယ်ရဲ့ရောဂါခုခံနိုင်စွမ်းကို ကျဆင်းစေပါတယ်။ ဒါ့ကြောင့် သွေးတွင်းသကြားဓါတ်မြင့်တက်လာတဲ့အခါ သွားဖုံးရောဂါဖြစ်နိုင်ခြေပိုများပါတယ်။ ဒါ့အပြင် သွားဖုံးရောဂါကြောင့်သွေးတွင်းသကြားဓါတ်ကိုထိန်းဖို့ခက်စေနိုင်ပါတယ်။ ဒီလိုအပြန်အလှန်ဆက်နွှယ်မှုရှိတာကြောင့် သွားပုံမှန်တိုက်၊ သွားပွတ်ကြိုးသုံး၊ခံတွင်းသန့်ဆေးရည်နဲ့ပလုတ်ကျင်းပါ။

    အာခေါင်ခြောက်၊ လျှာခြောက်တာက သွားပျက်စီးစေနိုင်တယ်

    တံတွေးက သွားနဲ့သွားဖုံးကို ဘက်တီးရီးယားရန်က ကာကွယ်ပေးပြီး သွားပိုးစားခြင်း၊သွားဖုံးရောင်ခြင်းတွေ ကင်းဝေးစေပါတယ်။ ဒါ့ကြောင့် တံတွေးသိပ်မထွက်တဲ့ အာခေါင်ခြောက်ခြင်းက သွားပျက်စီးခြင်းနဲ့ သွားဖုံးရောဂါတွေ ပိုဖြစ်လွယ်စေပါတယ်။

    ဆေးဝါး

    ဆေးတချို့ရဲ့ဘေးထွက်ဆိုးကျိုးကြောင့် အာခေါင်ခြောက်လာတဲ့အခါ ၊ရေသောက်နည်းတဲ့အခါ ရောဂါပိုးတွေကို မဖယ်ရှားနိုင်ဘဲ သွားပျက်စီးမှုနဲ့ သွားဖုံးရောဂါတွေဖြစ်လာစေနိုင်ပါတယ်။ ဓါတ်မတည့်မှုသက်သာစေတဲ့ဆေးတွေ၊ အအေးမိနှာစေးပျောက်ဆေးတွေ၊ အကိုက်အခဲပျောက်ဆေး၊ စိတ်ကျရောဂါသောက်ဆေးတွေက အာခေါင်ခြောက်စေတဲ့ဆေးတွေစာရင်းမှာပါဝင်ပါတယ်။

    စိတ်ဖိစီးမှုနဲ့ သွားကြိတ်ခြင်း

    စိတ်ဖိစီးနေတယ်၊ ပူပန်သောကရှိနေတယ်၊ စိတ်ကျနေတယ်ဆိုရင် ခံတွင်းကျန်းမာရေးမှာပြဿနာရှိနိုင်ပါတယ်။ စိတ်ဖိစီးမှုရှိနေသူတွေဟာcortisolဟော်မုန်းပမာဏပိုများလာတာကြောင့် သွားဖုံးနဲ့ခန္ဓါကိုယ်မှာ ကမောက်ကမဖြစ်စေနိုင်ပါတယ်။ စိတ်ဖိစီးမှုကြောင့်ဖြစ်လာတတ်တဲ့အမူအကျင့်တွေထဲမှာဆေးလိပ်သောက်တာ၊ အရက်သောက်တာ၊ ညအိပ်ရင်သွားကြိတ်တာတွေဖြစ်စေနိုင်ပါတယ်။

    အရိုးပွခြင်းနဲ့ သွားပဲ့၊သွားကျိုးခြင်း

    အရိုးပွရောဂါဆိုတာ ခန္ဓါကိုယ်တစ်ခုလုံးကအရိုးတွေအားလုံးကို သက်ရောက်မှုရှိပါတယ်။မေးရိုးအပါအဝင်ဖြစ်နေတဲ့အပြင် သွားကျိုးပဲ့ခြင်းကိုလည်းဖြစ်စေနိုင်ပါတယ်။ရေစီးကမ်းပြိုလိုက်ခြင်းဖြစ်စေတဲ့ ဘက်တီးရီးယားကြောင့်လည်းမေးရိုးကိုကျိုးစေနိုင်ပါတယ်။

    သွားဖုံးအရောင်ဖျော့ခြင်းနဲ့ သွေးအားနည်းခြင်း

    သွေးအားနည်းပြီဆိုရင် ခံတွင်းမှာ အနာတွေဖြစ်လာနိုင်ပြိး လျှာကရောင်ရမ်းလာနိုင်ပါတယ်။သွေးအားနည်းနေတယ်ဆိုသွေးနီဥမလုံလောက်တာကြောင့် ခန္ဓါကိုယ်မှာအောက်ဆီဂျင်အလုံအလောက်မရနိုင်တာပါ။

    ကျန်းမာတဲ့သွားဖုံးဆိုတာ..

    ကျန်းမာတဲ့သွားဖုံးဆိုတာသွေးရောင်လေးသမ်းပြီး တင်းရင်းနေရပါမယ်။ နီနေတာ၊ရောင်ရမ်းနေတာမရှိရပါဘူး။ သွားဖုံးတွေကျန်းမာနေစေချင်ရင်တော့ ခံတွင်းသန့်ရှင်းရေးကို ဂရုစိုက်တဲ့အကျင့်မွေးမြူပါ။ တစ်နေ့နှစ်ကြိမ်သွားတိုက်ပါ၊ သွားပွတ်ကြိုးကို တစ်နေ့တစ်ကြိမ်သုံးပါ၊ ခံတွင်းသန့်ဆေးရည် တစ်နေ့ တစ်ကြိမ် သို့မဟုတ် နှစ်ကြိမ်သုံးပါ။ သွားဆေးခန်းမှာ ပုံမှန်ကျန်းမာရေးစစ်ဆေးပါ။ဆေးလိပ်ဖြတ်ပါ၊ ကွမ်းဖြတ်ပါ။

    Hello Health Groupသည်ဆေးပညာအကြံပြုချက်များ၊ရောဂါရှာဖွေအတည်ပြုချက်များနှင့်ကုသမှုများမပြုလုပ်ပေးပါ။

    မသက်ဆိုင်ကြောင်း ရှင်းလင်းချက်

    Hello Health Group သည် ဆေးပညာအကြံဉာဏ်များ၊ ရောဂါရှာဖွေမှုများနှင့် ကုသမှုများ မပြုလုပ်ပေးပါ။

    မှ အချက်အလက် စစ်ဆေးထားပါသည်။

    Dr. Thurein Hlaing Win


    Yun Sandi Nan Mon မှ ရေးသားသည်။ · 04/10/2022 တွင် အသစ်ဖြည့်စွက်ခဲ့သည်။

    advertisement iconadvertisement

    ဤဆောင်းပါးက အကူအညီဖြစ်ပါသလား။

    advertisement iconadvertisement
    advertisement iconadvertisement