backup og meta

အသား၊ ငါး ရှောင်သူတိုင်း မေ့မထားသင့်တဲ့ အာဟာရဖြည့် စားစရာ

အသား၊ ငါး ရှောင်သူတိုင်း မေ့မထားသင့်တဲ့ အာဟာရဖြည့် စားစရာ

အသား၊ ငါးတွေ မစားချင်ဘူး။ အသီးအရွက်ပဲ စားရတာ ကြိုက်တယ်။ ဒါဆို အာဟာရ ပြည့်ပါ့မလားလို့ တွေးပြီး စိတ်ပူနေပြီလား။ ဒါဆိုရင်တော့ အသား၊ ငါး မစားလည်း အာဟာရ ပြည့်ဝနေစေဖို့ စားရမယ့် အစားအစာလေးတွေကို ပြောပြပေးမယ်နော်။

အသား၊ ငါး မစားလဲ အာဟာရ ပြည့်နေစေဖို့

အသား၊ ငါး မစားဘဲ လိုအပ်တဲ့ အာဟာရတွေ ပြည့်စေဖို့ဆိုရင်

ပဲပြား ၊ တို့ဟူး

ပဲပြား၊ တို့ဟူးတို့က ပဲကို အခြေခံပြီး ထုတ်ထားတာ ဖြစ်တာကြောင့် ပရိုတင်း၊ ဇင့်၊ သံဓာတ်တို့ ကြွယ်ဝစွာ ပါဝင်နေပါတယ်။ ဒါတင်မက သေးပါဘူး။ ကိုလက်စထရော ပါဝင်မှု နည်းပြီး omega-3 fatty acid လည်း ပါဝင်နေပါသေးတယ်။ ဗီတာမင် D ပါဝင်ပြီး ကယ်လ်ဆီယမ် စုပ်ယူမှု ကောင်းစေဖို့ အကောင်းဆုံး အားဖြည့်ပေးပါတယ်။

ပဲစေ့

ပဲနီလေး၊ ပဲဝါလေးတို့လိုမျိုး အခြောက်ခံထားတဲ့ ပဲတွေမှာ ပရိုတင်း နဲ့ ပျော်ဝင်လွယ်တဲ့ အမျှင်ဓာတ်တွေ ပါဝင်နေပါတယ်။ ဒါတင်မကသေးဘဲ ခန္ဓာကိုယ်အတွက် လိုအပ်တဲ့ အာဟာရတွေ ဖြစ်ကြတဲ့ ဗီတာမင် B၊ ဖောလိတ် နဲ့ သံဓာတ်တို့လည်း ပါဝင်နေပါသေးတယ်။

 ပဲဆန်

ကုလားပဲ၊ မြေပဲ တို့လို ပဲဆန်တွေမှာလည်း သံဓာတ်၊ ပရိုတင်း၊ အမျှင်ဓာတ်တို့ ပါဝင်နေပါတယ်။ အမျှင်ဓာတ်က ပျော်ဝင်လွယ်တဲ့ အမျှင်ဓာတ် ဖြစ်တာကြောင့် သွေးတွင်း ကိုလက်စထရောကို ကျဆင်းစေနိုင်ပါတယ်။ ဒါတင်မကသေးဘဲ ကျန်းမာစေဖို့ အထောက်အကူပြုတဲ့ အာဟာရတွေ ဖြစ်ကြတဲ့ ပိုတက်ဆီယမ်၊ ဇင့်၊ ဗီတာမင် B အုပ်စုနဲ့ ကယ်လ်ဆီယမ်လည်း ပါဝင်နေပါတယ်။

အခွံမာသီးတွေ

အခွံမာသီးတွေ ဖြစ်ကြတဲ့ သစ်ကြားသီး၊ သီဟိုဠ်စေ့၊ မြေပဲ၊ ဗာဒံစေ့တွေက ဇင့်၊ ဗီတာမင် E၊ omega-3 fatty acids နဲ့ ပရိုတင်းတို့ ကြွယ်ဝစွာ ပါဝင်နေပါတယ်။  ဒါတွေအပြင် အမျှင်ဓတ်၊ ပိုတက်ဆီယမ်၊ မဂ္ဂနီဆီယမ်တို့လည်း ကြွယ်ဝစွာ ပါဝင်နေပါသေးတယ်။

အဆာပြေ စားလို့ရသလို အပျင်းပြေ ဝါးစားလို့လည်း အဆင်ပြေတဲ့ အခွံမာသီးလေးတွေကို စားသုံးပေးတာက အသား၊ ငါး စားသလိုပဲ အာဟာရ ရရှိစေမှာပါ။

ကောက်နှံ

ကောက်နှံတွေကလည်း အာဟာရ ပါဝင်မှု မနည်းတဲ့ စားစရာတွေပါ။ ကောက်နှံတွေမှာ ဗီတာမင် B12၊ သံဓာတ် နဲ့ ကယ်လ်ဆီယမ်တို့လိုမျိုး အာဟာရဓာတ်တွေ ကြွယ်ဝစွာ ပါဝင်နေပါတယ်။

ဒါ့အပြင် ပျော်ဝင်နိုင်တဲ့ အမျှင်ဓာတ် နဲ့ ဇင့်ဓာတ် ပါဝင်နေတာကြောင့် သွေးတွင်း ကိုလက်စထရောကို ကျဆင်းစေပြီး အူမကြီးကင်ဆာနဲ့ အစာခြေစနစ် ပြဿနာတွေ ခံစားရနိုင်ခြေကို လျှော့ချပေးပါတယ်။

အစိမ်းရောင် ဟင်းသီးဟင်းရွက်တွေ

အစိမ်းရောင် စိုစို ဟင်းသီးစင်းရွက်လေးတွေ ဖြစ်ကြတဲ့ ဟင်းနုနွယ်၊ ပန်းဂေါ်ဖီစိမ်း၊ ကိုက်လန်တို့မှာ သံဓာတ် ကြွယ်ဝစွာ ပါဝင်နေပါတယ်။ သံဓာတ် အပြင်ကကင်ဆာ ကာကွယ်ပေးနိုင်တဲ့ ဓာတ်တိုးဆန့်ကျင်ပစ္စည်း ကြွယ်ဝစွာ ပါဝင်ပါသေးတယ်။

ဖောလစ်အက်ဆစ် နဲ့ ဗီတာမင် A၊ ကယ်လ်ဆီယမ်၊ ဗီတာမင် C တို့လည်း ပါဝင် နေပါသေးတယ်။

ရေညှိ

သစ်သီးခြောက်တွေ

သစ်သီးခြောက်တွေက စားကောင်းသလို သံဓာတ်လည်း ကြွယ်ဝတဲ့ အစားအသောက်တွေပဲ ဖြစ်ပါတယ်။ ဒါ့အပြင် သစ်သီးခြောက်တွေမှာ ပရိုတင်း၊  အမျှင်ဓာတ်တို့ အပြင် ခန္ဓာကိုယ်အတွက် လိုအပ်တဲ့ ဗီတာမင် နဲ့ သတ္တုဓာတ်တွေလည်း ပါဝင်နေပါတယ်။ ဇီးသီးခြောက်၊ စပျစ်သီးခြောက်၊ သရက်သီးခြောက်၊ နာနတ်သီးခြောက်၊ စွံပလွန်သီးခြောက်၊ ချယ်ရီသီးခြောက် တို့ကို စားပေးလို့ ရပါတယ်။

[embed-health-tool-bmr]

မသက်ဆိုင်ကြောင်း ရှင်းလင်းချက်

Hello Health Group သည် ဆေးပညာအကြံဉာဏ်များ၊ ရောဂါရှာဖွေမှုများနှင့် ကုသမှုများ မပြုလုပ်ပေးပါ။

Vegetarian diet: How to get the best nutrition https://www.mayoclinic.org/healthy-lifestyle/nutrition-and-healthy-eating/in-depth/vegetarian-diet/art-20046446 Accessed Date 16 July 2020

8 Foods Every Vegetarian Should Eat https://www.vegetariantimes.com/health-and-nutrition/8-foods-every-vegetarian-should-eat Accessed Date 16 July 2020

ယခုပုံစံ

20/06/2022

Aye Thi Mon မှ ရေးသားသည်။

Dr. Htet Htet Zaw Win မှ ပြင်ဆင်ခဲ့ပါသည်။


ဆက်စပ် အကြောင်းအရာများ

အပင်များမှ မရနိုင်သော အာဟာရဓာတ် ၇ မျိုးအကြောင်း

သက်သတ်လွတ် သမားတွေမှာ အာဟာရချို့တဲ့မှုကို ကာကွယ်ဖို့



Aye Thi Mon မှ ရေးသားသည်။ · 20/06/2022 တွင် အသစ်ဖြည့်စွက်ခဲ့သည်။

ad iconadvertisement

ဤဆောင်းပါးက အကူအညီဖြစ်ပါသလား။

ad iconadvertisement
ad iconadvertisement