backup og meta

ရာသီစာ အင်ဥလေးကပေးတဲ့ ကျန်းမာရေး

ရာသီစာ အင်ဥလေးကပေးတဲ့ ကျန်းမာရေး

အခုလို မိုးဦးကာလဆိုရင် အင်ဥလေးတွေပေါ်တဲ့ကာလပါ။ အင်ဥလေးကို ခပ်ရွယ်ရွယ်လေးလှီးပြီး ကြက်သွန်နီ၊ ငရုတ်သီးစိမ်းတို့နဲ့ မွှေးမွှေးစပ်စပ်လေး ကြော်ထားတဲ့ ဟင်းကို ထမင်းပူပူလေးနဲ့ စားရတာက မိုးဦးကျ ကာလမှာ ထမင်းမြိန်စေပြီး မိုးရာသီရဲ့ အငွေ့အသက်ကို ခံစားမိစေပါတယ်။

အင်ဥဆိုတာ အင်ပင်ရဲ့ ဥလား။

ကန်စွန်းဥဆိုတာက ကန်စွန်းကြီးပင်ရဲ့ဥ ဖြစ်တာကြောင့် အင်ဥ ဆိုတာကလည်း အင်ပင်ရဲ့ ဥ ဖြစ်မယ်လို့ ယူဆစရာ ရှိပါတယ်။  တကယ်ကတော့ အင်ဥဆိုတာက အင်ပင်ရဲ့ ဥမဟုတ်ပါဘူး။ ကြွေကျနေတဲ့ အင်ရွက်တွေ မိုးရေနဲ့ထိတဲ့အခါ ပေါက်လာတဲ့ မှိုအမျိုးအစား တစ်မျိုးပါ။ အရသာရှိတဲ့ မြေအောင်းမှို တစ်မျိုးဆိုလည်း မမှားပါဘူး။

မိုးဥှးကျ ကာလမှာ မိုးလေးကျလိုက် နေရောင်လေး ကျလိုက်ဖြစ်ရာက အင်ရွက်တွေ မြေဆွေးတွေကနေ အင်ဥလေးတွေ ဖြစ်လာတာပါ။ သဘာဝ သစ်ဥ သစ်ဖုတစ်မျိုးပေါ့။ အင်ဥက အပြင်ခွံ မဲမဲလေးဖြစ်ပေမယ့် အထဲကို ခွဲလိုက်တဲ့အခါ ဖြူဖြူလေး ဖြစ်နေမယ်ဆိုရင် လတ်ဆတ်ပြီး စားရတာ အရသာရှိပါတယ်။ အလယ်က မဲနေမယ်ဆိုရင်တော့ အင်ဥက ရင့်နေတာပါ။

အင်ဥကို ဘယ်လိုစားကြလဲ။

အင်ဥကို သူ့အတိုင်း ငရုတ်သီးစိမ်း၊ ကြက်သွန်နီတို့နဲ့ ခပ်စပ်စပ်လေး ကြော်စားလို့ရသလို ကြက်သွန်နီ၊ ငရုတ်သီးစိမ်း၊ သံပုရာသီးတို့နဲ့ သုပ်စားတာ၊ ကန်စွန်းရွက်နဲ့ ကြော်စားတာတွေလုပ်လို့ရပါတယ်။  ဟင်းရည် ချက်သောက်တာမျိုးလည်း စားလေ့ရှိပါတယ်။

အင်ဥမှာ ဘယ်လို အာဟာရဓာတ်တွေပါလဲ။

စားလိုက်ရင် ကောက်ရိုးမှိုလိုမျိုး ခပ်တောင့်တောင့်လေးရှိတဲ့ အင်ဥမှာ ကျန်းမာရေးအတွက် အကျိုးပြုတဲ့ အာဟာရဓာတ်များစွာ ပါဝင်နေပါတယ်။

အင်ဥကပေးတဲ့ ကျန်းမာရေး

စားလို့ကောင်းတဲ့ အင်ဥလေးက

  • ပရိုတင်းဓာတ် ကြွယ်ဝတာကြောင့် ကိုယ်ခံအား ကောင်းစေသလို အရိုးနဲ့ကြွက်သားတွေကို သန်မာစေပါတယ်။
  • ဓာတ်တိုးဆန့်ကျင်အာနိသင် ကြွယ်ဝမှုက အသားအရေကို ကျန်းမာစေပြီး နေ့စဉ် ထိတွေ့နေရတဲ့ ဓာတ်တိုးပစ္စည်းတွေကြောင့် ခန္ဓာကိုယ်မှာ ကင်ဆာ၊ ဆီးချို၊ နှလုံး စတဲ့ နာတာရှည်ရောဂါတွေ မဖြစ်အောင် ကာကွယ်ပေးပါတယ်။
  • အမျှင်ဓာတ် ကြွယ်ဝမှုက အစာခြေစနစ်ကို ကျန်းမာစေပြီး ဝမ်းမှန်စေပါတယ်။ အူတွေရဲ့ လှုပ်ရှားမှုကို ကောင်းစေပြီး အူမကြီး ကင်ဆာမဖြစ်စေဖို့ ကာကွယ်ပေးပါတယ်။
  • ရောင်ရမ်းမှုကို သက်သာစေနိုင်သလို၊ ဘက်တီးရီးယားတွေကို တိုက်ဖျက်ပေးနိုင်တဲ့ အာနိသင်ရှိပါတယ်။
  • သွေးတွင်း ကိုလက်စထရောကို ကျဆင်းစေပြီး နှလုံး ကျန်းမာစေပါတယ်။
  • ပိုတက်ဆီယမ် ပါဝင်နေမှုက သွေးပေါင်ချိန်ကို အကောင်းဆုံး ထိန်းညှိပေးပါတယ်။
  •  ဗီတာမင် B ပါဝင်နေမှုက ဆဲလ်တွေကို ကျန်းမာစေပြီး သွေးနီဥဆဲလ်တွေကို အားဖြည့်ပေးတာကြောင့် ကူးစက်ရောဂါတွေကို ကာကွယ်ပေးပါတယ်။
  • သံဓာတ် ပါဝင်နေမှုကြောင့် သွေးအားနည်းတာ၊ သံဓာတ်ချို့တဲ့မှုကြောင့် ခြေကုန်လက်ပမ်းကျတာ၊ မောပန်းလွယ်တာတွေကို သက်သာစေပါတယ်။

ရာသီစာ အင်ဥလေးကို ကြော်စားပြီး ကျန်းမာရေးအာနိသင်တွေ ပြည့်ပြည့်ဝဝ ရယူလိုက်ပါ။

[embed-health-tool-bmr]

မသက်ဆိုင်ကြောင်း ရှင်းလင်းချက်

Hello Health Group သည် ဆေးပညာအကြံဉာဏ်များ၊ ရောဂါရှာဖွေမှုများနှင့် ကုသမှုများ မပြုလုပ်ပေးပါ။

Collared earthstar https://www.woodlandtrust.org.uk/trees-woods-and-wildlife/fungi-and-lichens/collared-earthstar/ Accessed Date 25 June 2020

Astraeus hygrometricus – barometer earthstar http://www.texasmushrooms.org/en/astraeus_hygrometricus.htm Accessed Date 25 June 2020

ယခုပုံစံ

23/02/2022

Aye Thi Mon မှ ရေးသားသည်။

Aye Thi Mon မှ ပြင်ဆင်ခဲ့ပါသည်။


ဆက်စပ် အကြောင်းအရာများ

ပရန္နဝါရွက် ရဲ့ ဆေးဖက်ဝင်ပုံက

ဟင်းပြင်းပင် နဲ့ ကျန်းမာရေး



Aye Thi Mon မှ ရေးသားသည်။ · 23/02/2022 တွင် အသစ်ဖြည့်စွက်ခဲ့သည်။

ad iconadvertisement

ဤဆောင်းပါးက အကူအညီဖြစ်ပါသလား။

ad iconadvertisement
ad iconadvertisement