ဝိတ်ကျစေမယ့် မနက်စာ

ဆေးပညာပိုင်းဆိုင်ရာတည်းဖြတ်သူ | ရေးသားသူ

ရေးသား ထုတ်ဝေခဲ့သည် ဩဂုတ် 17, 2020 . 2 mins read
Share now

ဝိတ်ကျချင်လို့ဆိုပြီး မနက်စား မစားဘဲနေနေပြီလား။ ဒါဆိုရင်တော့ မနက်စာကို စားဖြစ်အောင် စားဖို့ ပြောပါရစေ။ ဝိတ်ကျချင်တယ်ဆိုရင် မနက်စာကို သေချာလေးစားဖို့ လိုအပ်ပါမယ်။

မနက်စာကို ပြည့်ဝမျှတအောင် စားသုံးပေးတာက ကိုယ်အလေးချိန် ထိန်းညှိရာမှာ တော်တော်လေး အထောက်အကူပြုပေးနိုင်ပါတယ်။ ဒီတော့ ဝိတ်လည်းကျ အဆာလည်း မခံရအောင် မနက်စာကို ဘာတွေ စားရမလဲဆိုတာ အတူတူကြည့်လိုက်ရအောင်လား။

ဝိတ်ကျစေမယ့် မနက်စာ

မနက်စာကို ပြည့်ဝမှန်ကန်အောင် စားသုံးတာက တစ်နေ့တာမှာ မလိုအပ်ဘဲ အစားမစားမိစေဖို့ အကောင်းဆုံး ထောက်ပံ့ပေးနိုင် ပါသတဲ့။ ဒီတော့ ဗိုက်လည်းဝ ဝိတ်လည်း ကျစေဖို့ မနက်စာကို ဒါလေးတွေ စားပေးနော်။

Raspberries

raspberries တစ်ခွက်စာမှာ အမျှင်ဓာတ် ၈ ဂရမ်အထိ ပါဝင်နေပါတယ်။ ဒီ ပမာဏက စတော်ဘယ်ရီ တစ်ခွက်စာမှာ ပါဝင်နေတဲ့ အမျှင်ဓာတ် ပမာဏထက် ထက်ဝက် ပိုများနေပါတယ်။ ဒါ​ကြောင့် အမျှင်ဓာတ် လုံလောက်စွာ ရရှိပြီး အဆာခံနိုင်စေဖို့ raspberries လေး စားပေးပါ။ ဖျော်သောက်လို့လည်း ရပါတယ်။

Oatmeal

အမျှင်ဓာတ် ပြည့်ဝတဲ့ Oatmeal က အဆာခံနိုင်စေပြီး ဝိတ်ကျ စေပါတယ်။ သွေးတွင်းသကြားဓာတ်ကို မြင့်တက်စေတာမျိုး မဖြစ်စေဘဲ အဆီ လောင်ကျွမ်းစေဖို့ အထောက်အပံ့ ပေးနိုင်ပါတယ်။

ဒိန်ချဉ်

ဒိန်ချဉ်က ကိုယ်အလေးချိန်ကို အကောင်းဆုံး ထိန်ညှိပေးနိုင်တဲ့ ထိပ်တန်း အစားအစာ တစ်မျိုးပါ။ အဆီထုတ်ထားတဲ့ ဒိန်ချဉ်က ကျန်းမာရေး အတွက်ကောင်းသလို ဝိတ်လည်း ကျစေပါတယ်။

ပရိုတင်း ပြည့်ဝမှုက  အဆာခံနိုင်စေပြီး အင်အားပြည့်စေဖို့အကောင်းဆုံး ထောက်ပံ့ပေးမှာပါ။ ကိုယ်အလေးချိန်လည်းကျ အာဟာရလည်း မလျော့ကျတဲ့ အစားအစားအစာမျိုးပါ။

ကိုယ်အလေးချိန် ကျချင်တယ် ကြွက်သားတွေ မလျော့ရဲချင်ဘူးဆိုတဲ့သူတိုင်း သောက်ပေးသင့်ပါတယ်။ သကြားတော့ လုံးဝ မထည့်ပါနဲ့။ သစ်သီးလေးတွေနဲ့ တွဲစားပေးပါ။

မြေပဲထောပတ်ကို ထိုက်သင့်တဲ့ ပမာဏ စားသုံးပေးတာက ကျန်းမာတဲ့ အဆီ၊ အမျှင်ဓာတ်နဲ့ ပရိုတင်းတို့ကို ပြည့်ဝစွာ ရရှိစေမှာပါ။ မနက်ခင်းကို ဂျုံကြမ်းပေါင်မုန့်မှာ မြေပဲထောပတ် သုတ်ပြီး စားပေးတာက အာဟာရလည်း ပြည့်၊ ဗိုက်လည်း ဝပြီး ကိုယ်အလေးချိန်ပါ ကျစေမှာပါ။

ကြက်ဥ အရွယ်တော် တစ်လုံးမှာ ပရိုတင်း ၆ ဂရမ်၊ ကယ်လ်လိုရီ ၇၀ ရာခိုင်နှုန်း ပါဝင်နေပါတယ်။ ကာဗိုဟိုက်ဒရိတ် နဲ့ အဆီတွေထက် ပရိုတင်းက ပိုပြီး အဆာခံနိုင်စေပါတယ်။

မနက်ခင်းမှာ ကြက်ဥစားပေးတာက တစ်နေ့တာမှာ မလိုအပ်ဘဲ အစားတွေ မစားမိစေဖို့ အကောင်းဆုံး ထောက်ပံ့ပေးနိုင် ပါတယ်။  ကြက်ဥအနှစ်မှာက ကယ်လ်ဆီယမ် နဲ့ အမြင်အာရုံကို ကျန်းမာစေတဲ့ အာဟာရဓာတ်တွေ ပြည့်ဝစွာ ပါဝင်နေပါတယ်။ မနက်ခင်းမှာ ကြက်ဥ စားတာက ဝိတ်လည်း ကျစေပြီး ခန္ဓာကိုယ်ကိုလည်း ကျန်းမာစေမှာပါ။

ဝိတ်ချချင်တယ်ဆိုရင် မနက်ခင်းတိုင်းမှာ ကြက်ဥ တစ်လုံး ပုံမှန်စားပေးပါ။

ဒီ အစားအစာလေးတွေကို မနက်ခင်း စားရင်း ကိုယ်အလေးချိန်ကို အကောင်းဆုံး ထိန်းညှိပေးပါ။ ဝိတ်ချမယ်ဆိုပြီး မနက်စာ အလွတ်မခံနဲ့တော့နော်။

Hello Health Group သည် ဆေးပညာအကြံဉာဏ်များ၊ ရောဂါရှာဖွေမှုများနှင့် ကုသမှုများ မပြုလုပ်ပေးပါ။

ဒီဆောင်းပါးက သင့်အတွက် အသုံးဝင်ပါသလား။
happy unhappy
ရင်းမြစ်များ

သင်ဒါလည်း နှစ်သက်နိုင်ပါတယ်။

အဝလွန်မှုရဲ့ နောက်ဆက်တွဲ ကင်ဆာအမျိုးအစားများ

အဝလွန်တာရဲ့ နောက်ဆက်တွဲမှာ ကျန်းမာရေးပြဿနာတွေ ရှိလာမယ်။ ဒီလိုဖြစ်လာမယ့် ကင်ဆာလည်း ပါတယ်။ ဒီတော့ အဝလွန်ရင် ဘယ်လို ကင်ဆာတွေဖြစ်နိုင်လဲ။

ဆေးပညာပိုင်းဆိုင်ရာတည်းဖြတ်သူ Dr. Phyo Wai Lynn
ရေးသားသူ Aye Thi Mon
အဝလွန်ခြင်း, ကျန်းမာရေးစင်တာ အောက်တိုဘာ 13, 2020 . 2 mins read

ဘာကြောင့် အိပ်ရေးဝဖို့ အလွန်အရေးကြီးတယ်လို့ ဆိုနေရတာလဲ

ကောင်းကောင်းအိပ်စက်တာက လေ့ကျင့်ခန်းလုပ်တာနဲ့ အာဟာရပြည့်ဝအောင်စားသောက်တာလိုပဲ ခန္ဓာကိုယ်အတွက် အရေးပါလှပါတယ်။ ပြည့်ဝအောင် အိပ်စက်ပါ။

ဆေးပညာပိုင်းဆိုင်ရာတည်းဖြတ်သူ Dr. Phyo Wai Lynn
ရေးသားသူ Ye Zon Aung

အထီးကျန်ခြင်း နှင့် ဆီးချိုဝေဒနာ

ဆီးချိုရောဂါက အဖြစ်များတဲ့ရောဂါတစ်မျိုးပါ။ ဒီလိုရောဂါဆိုးကြီးဟာ စိတ်ပိုင်းဆိုင်ရာ ပြဿနာတစ်မျိုးဖြစ်တဲ့ အထီးကျန်ခြင်းဝေဒနာနဲ့ ဆက်စပ်နေပါတယ်တဲ့။

ဆေးပညာပိုင်းဆိုင်ရာတည်းဖြတ်သူ Dr. Phyo Wai Lynn
ရေးသားသူ Ye Zon Aung

အသီးအရွက်တွေကို ဆားရည်နဲ့ဆေးကြောပေးပါ။

အသီးအရွက်တွေကို ကြိုက်တယ်။ အစိမ်းစားရတာလည်း သဘောကျတယ်။ ကြော်စား၊ ချက်စားရတာကိုလည်း ကြိုက်တယ်။ ဒါပေမယ့် အသီးအရွက်တွေက မသန့်ပဲ ပိုးတွေပါမှာစိုးတယ်။

ဆေးပညာပိုင်းဆိုင်ရာတည်းဖြတ်သူ Dr. Phyo Wai Lynn
ရေးသားသူ Aye Thi Mon

သင့်အတွက် ရွေးချယ်ထားသည်

ကိုဗစ်ကာလ မဖြစ်မနေ မှီဝဲပေးသင့်တဲ့ အာဟာရ

ကိုဗစ်ကာလ မဖြစ်မနေ မှီဝဲပေးသင့်တဲ့ အာဟာရ

ဆေးပညာပိုင်းဆိုင်ရာတည်းဖြတ်သူ Dr. Phyo Wai Lynn
ရေးသားသူ Aye Thi Mon
ရေးသား ထုတ်ဝေခဲ့သည် အောက်တိုဘာ 20, 2020 . 2 mins read
Stay Home မှာ ထွက်လာတဲ့ဗိုက်ကလေးကို ဒီနည်းလမ်းတွေနဲ့ ပြန်ချပါ

Stay Home မှာ ထွက်လာတဲ့ဗိုက်ကလေးကို ဒီနည်းလမ်းတွေနဲ့ ပြန်ချပါ

ဆေးပညာပိုင်းဆိုင်ရာတည်းဖြတ်သူ Dr. Phyo Wai Lynn
ရေးသားသူ Yun Sandi Nan Mon
ရေးသား ထုတ်ဝေခဲ့သည် အောက်တိုဘာ 19, 2020 . 2 mins read
ကင်ဆာဖြစ်စေနိုင်တဲ့ အမူအကျင့်တွေ

ကင်ဆာဖြစ်စေနိုင်တဲ့ အမူအကျင့်တွေ

ဆေးပညာပိုင်းဆိုင်ရာတည်းဖြတ်သူ Dr. Phyo Wai Lynn
ရေးသားသူ Aye Thi Mon
ရေးသား ထုတ်ဝေခဲ့သည် အောက်တိုဘာ 19, 2020 . 2 mins read
အိပ်မပျော်တာ ဟော်မုန်းကြောင့်များလား

COVID ကာလ အိပ်မပျော်တာ ဟော်မုန်းတစ်ခုခုဖောက်ပြန်နေလို့များလား

ဆေးပညာပိုင်းဆိုင်ရာတည်းဖြတ်သူ Dr. Phyo Wai Lynn
ရေးသားသူ Dr. Htet Htet Zaw Win
ရေးသား ထုတ်ဝေခဲ့သည် အောက်တိုဘာ 16, 2020 . 3 mins read