backup og meta

နွားနို့ အမျိုးအစားတွေနဲ့ ပတ်သက်ပြီး သိထားသင့်သမျှ

မှ အချက်အလက် စစ်ဆေးထားပါသည်။ Dr. Thurein Hlaing Win


Ye Myo Myat မှ ရေးသားသည်။ · 24/06/2022 တွင် အသစ်ဖြည့်စွက်ခဲ့သည်။

    နွားနို့ အမျိုးအစားတွေနဲ့ ပတ်သက်ပြီး သိထားသင့်သမျှ

    နွားနို့သည် အာဟာရဓာတ် အကြွယ်ဝဆုံး ဖျော်ရည်စာရင်းထဲ ပါဝင်တယ်လို့  ကျန်းမာရေး ပညာရှင်တွေ သတ်မှတ်ထားပြီးသားပါ။ ဒါကြောင့်လည်း ကလေးက စလို့ ဘိုးဘွား အရွယ်ထိ နွားနို့ကို တစ်နေ့ တစ်ခွက်လောက် ပုံမှန်သောက်ပေးကြတာပေါ့။ အရင်တုန်းကဆိုရင် ကျွန်တော်တို့ ဈေးထဲမှာ လှည်းလေးနဲ့ မလိုင်နို့ဆိုပြီး ရောင်းကြတယ်၊ အိမ်ရောက်တာနဲ့ နွားနို့ကို ကြိုပြီး ပူပူလေး သောက်၊ သိပ် ပြဿနာမရှိဘူးလေ။ အခုကျတော့ ကျန်းမာရေးအခြေအနေနဲ့ လူ့အကြိုက်ပေါ် မူတည်ပြီး နွားနို့တွေကို

    • မလိုင်ပြည့် (Full Cream Milk)

    • မလိုင်ဖယ် (Skim Milk)

    • အဆီလျှော့ (Low Fat Milk) ဆိုပြီး ၃ မျိုး ထုတ်လုပ်လာကြပါတယ်။

    ဒီအမျိုးအစား ၃ မျိုးက ဘာကွာခြားမှုရှိလဲ။

    ကိုယ်က အားကစားလုပ်တဲ့သူ မဟုတ်ဘူး၊ ကျန်းမာချင်လို့ ဒါမှမဟုတ် နွားနို့ကို ကြိုက်လို့ သောက်တယ်ဆိုရင်တော့ အမျိုးအစား ခွဲနေစရာ မလိုပါဘူး။ အဆင်ပြေတဲ့ နွားနို့ကို ဝယ်သောက်လို့ ရပါတယ်။ ဘာတွေ ကွာသွားလဲဆိုတာ အကြမ်းဖျင်း ပြောရမယ်ဆိုရင်

    ၁။ မလိုင်ပြည့် နွားနို့ (Full Cream Milk)

    သောက်လိုက်တာနဲ့ နွားနို့ရဲ့ အရသာကို အပြည့်အဝ ခံစားရမယ်။ အရသာ လေးလေးပင်ပင်ရှိတယ်။ ကျန်တဲ့ ၂မျိုးနဲ့ ယှဉ်လိုက်ရင် ဗိုက်ကို ပိုပြည့်စေတယ်။ အဆီဓာတ်နဲ့ ကယ်လိုရီ ပမာဏ ပါဝင်မှု အများဆုံး ဖြစ်တယ်။ သူ့မှာ ပါဝင်တဲ့ အဆီဓာတ်က ပြည့်ဝဆီ အမျိုးအစား ဖြစ်တဲ့အတွက် တချို့တွေက ကျန်းမာရေးနဲ့ မညီညွတ်ဘူးလို့ ယူဆကြပေမယ့် ဒီအယူအဆနဲ့ ပတ်သက်ပြီး အတိအကျ ဆက်စပ်နေတာမျိုး လေ့လာတွေ့ရှိနိုင်ခြင်း မရှိသေးပါဘူး။ Omega-3 ပါဝင်မှုနှုန်းလည်း အရမ်းများကြောင့် ဦးနှောက်ဉာဏ်ရည်ကိုလည်း ထက်မြက်စေနိုင်တယ်။ ကလေးရော လူကြီးပါ သောက်ပေးလို့ ရပါတယ်။ အားကစားသမားတွေ၊ ကိုယ်အလေးချိန် တက်ဖို့ ကြိုးစားနေတဲ့ အမျိုးသားတွေ ကြွက်သားတက် မြန်စေဖို့ အဓိက သောက်ပေးသင့်ပါတယ်။

    ၂။ မလိုင်ဖယ် နွားနို့ (Skim Milk)

    လူတစ်ယောက်ရဲ့ အရသာ ခံနိုင်စွမ်း မတူညီတဲ့အတွက် အဆီလျှော့ထားတဲ့ နွားနို့နဲ့ ယှဉ်လိုက်ရင် အရသာ အလေး၊ အပေါ့က မတိမ်းမယိမ်း ဖြစ်နေတတ်ပါတယ်။ ကယ်လိုရီဓာတ်နဲ့ အဆီဓာတ် ပမာဏ အနည်းဆုံး ပါဝင်တာကြောင့် နှလုံး မကောင်းသူတွေ၊ သွေးတိုး၊ ဆီးချိုသမားတွေလည်း သောက်ပေးနိုင်တယ်။ ကယ်လ်စီယမ် ပါဝင်မှုနှုန်းကတော့ အများဆုံး ဖြစ်တာကြောင့် အမျိုးသမီးတွေ အသက်ကြီးလာတဲ့အခါ အရိုးပါးရောဂါ မဖြစ်အောင် ကြိုတင်ကာကွယ်တဲ့ အနေနဲ့ သောက်ပေးနိုင်ပါတယ်။

    ၃။ အဆီလျှော့ နွားနို့ (Low Fat Milk)

    ကယ်လိုရီ၊ ပရိုတင်းဓာတ်၊ အဆီဓာတ်၊ Omega-3 ၊ ကယ်လ်စီယမ်ဓာတ် အစရှိတဲ့ အာဟာရဓာတ် ပါဝင်မှုနှုန်းသည် အလယ်အလတ်မှာ ရှိနေပါတယ်။ သူ့မှာ ဗီတာမင် ဒီ ဓာတ်ကတော့ ပါဝင်မှု အများဆုံး ဖြစ်တာကြောင့် အရိုးနဲ့ သွားကို ကျန်းမာစေပြီး ဆယ်ကျော်သက်အရွယ်တွေကို အရပ်ပိုရှည်ထွက်စေနိုင်ပါတယ်။ Diet လုပ်နေတဲ့ အမျိုးသမီးတွေဆိုရင် အဆီလျှော့ နွားနို့ကို သောက်ပေးလို့ ရပါတယ်။

    များသောအားဖြင့် ကျန်းမာရေးအတွက် သီးသန့် သောက်ပေးတဲ့ သူတွေအနေနဲ့ နွားနို့ အမျိုးအစားကို အရမ်း ရွေးချယ်နေစရာ မလိုပါဘူး။ အဓိက နွားနို့ရဲ့ အားသာချက်သည် အရည် ဖြစ်တဲ့အတွက် အမာစာတွေထက် ကိုယ်ခန္ဓာက အာဟာရဓာတ်ကို လျင်မြန်စွာ စုပ်ယူနိုင်စေဖို့ ကူညီပေးတယ်။ ပရိုတင်းဓာတ်က ကြွက်သားတက်စေပြီး ကိုယ်အလေးချိန်ကို ထိန်းညှိပေးတယ်။ အရိုး၊ သွားကို ကြံ့ခိုင်စေတယ်။ နှလုံးနဲ့ ဦးနှောက်ရဲ့ လုပ်ဆောင်ရည်ကို မြှင့်တင်ပေးတယ်။ ကလေးအရွယ်မှာကတည်းက နွားနို့ကို တစ်နေ့ တစ်ခွက် ပုံမှန်သောက်ပေးခြင်းဖြင့် တခြားကလေးတွေထက် ကြီးထွားဖွံ့ဖြိုးမှုနှုန်း လျင်မြန်စေလို့ မိဘတွေအနေနဲ့ အအေး ဖျော်ရည်တွေအစား နွားနို့ကို ရွေးချယ်ပေးသင့်ပါတယ်။

    Hello ဆရာဝန် ပရိတ်သတ်ကြီးလည်း ကျန်းမာပျော်ရွှင်ပြီး စိတ်ချမ်းသာစရာ ကောင်းတဲ့ ဘဝနေ့ရက်တွေကို ပိုင်ဆိုင်ရပါစေလို့ ဆုတောင်းပေးရင်း ဒီမှာပဲ နိဂုံးချုပ်လိုက်ပါတယ်။

    Hello Health Group သည် ဆေးပညာ အကြံပြုချက်များ၊ ရောဂါရှာဖွေအတည်ပြုချက်များနှင့် ကုသမှုများ မပြုလုပ်ပေးပါ။

    မသက်ဆိုင်ကြောင်း ရှင်းလင်းချက်

    Hello Health Group သည် ဆေးပညာအကြံဉာဏ်များ၊ ရောဂါရှာဖွေမှုများနှင့် ကုသမှုများ မပြုလုပ်ပေးပါ။

    မှ အချက်အလက် စစ်ဆေးထားပါသည်။

    Dr. Thurein Hlaing Win


    Ye Myo Myat မှ ရေးသားသည်။ · 24/06/2022 တွင် အသစ်ဖြည့်စွက်ခဲ့သည်။

    advertisement iconadvertisement

    ဤဆောင်းပါးက အကူအညီဖြစ်ပါသလား။

    advertisement iconadvertisement
    advertisement iconadvertisement