backup og meta

ကိုကိုး နဲ့ ကျန်းမာရေး

ကိုကိုး နဲ့ ကျန်းမာရေး

ချောကလက် ကြိုက်လား။ ဒါဆိုရင် ချောကလက် ထုတ်ဖို့ အသုံးပြုတဲ့ ကိုကိုးပင်လေးရဲ့ ကျန်းမာရေး အာနိသင်ကိုရော သိပြီးရဲ့လား။ မသိသေးဘူးဆိုရင် ဒီဆောင်းပါးလေးထဲမှာ ဖတ်ကြည့်လိုက်ပါ။

ကိုကိုး နဲ့ ကျန်းမာရေး

စားကောင်းတဲ့ ချောကလက်လေး နဲ့ ချောကလက် ပူပူလေးတို့ရဲ့ ဖန်တီးရှင် ကိုကိုးစေ့လေးတွေက

ဓာတ်တိုးဆန့်ကျင် အာနိသင် ကြွယ်ဝတယ်

ကိုကိုးမှာ Polyphenolsလို့ ခေါ်တဲ့ ဓာတ်တိုးဆန့်ကျင်အာနိသင် ပါဝင်ပါတယ်။ ဒီဓာတ်က ကျန်းမာရေးအတွက် တော်တော်လေး အကျိုးများတာပါ။ နာကျင်ရောင်ရမ်းမှုကို သက်သာစေနိုင်သလို  အကျိုးပြု ကိုလက်စထရော မြင့်တက်စေနိုင်ပြီး သွေးတွင်းသကြားဓာတ်ကို ထိန်းညှိပေးနိုင်ပါတယ်။

သွေးတိုး ကျစေနိုင်တယ်

လေ့လာမှုတွေအရ ကိုကိုးမှာ flavanols ကြွယ်ဝစွာ ပါဝင်နေတာကြောင့် nitric oxide  ပမာဏကို တိုးစေပြီး သွေးကြောတွေရဲ့ လုပ်ဆောင်မှုကို ကောင်းမွန်စေပြီး သွေးစီးဆင်းမှု ကောင်းစေတာကြောင့် သွေးတိုးတာကို မဖြစ်စေဖို့ ကာကွယ်ပေးပါတယ်။

ရုတ်တရက် နှလုံးရပ်နိုင်ခြေ၊ လေဖြတ်နိုင်ခြေကို လျှော့ချပေးပါတယ်

ကိုကိုးမှာ flavanols ပါဝင်နေတာကြောင့် အကျိုးပြု ကိုလက်စထရော ပမာဏကို မြင့်တက်စေပြီး ရောင်ရမ်းမှုကို ကျစေပါတယ်။ သွေးစီးဆင်းမှု ကောင်းစေပြီး သွေးတိုးနိုင်ခြေကို လျှော့ချပေးတာကြောင့် နှလုံးကျန်းမာရေးကို ကောင်းစေပြီး ရုတ်တရက် နှလုံးရပ်တာမျိုး နဲ့ လေဖြတ်တာမျိုး မဖြစ်အောင် ကာကွယ်ပေးပါတယ်။ နှလုံး ကျန်းမာရေးကို အထိရောက်ဆုံး ပံ့ပိုးပေးပါတယ်။

ဦးနှောက် ကျန်းမာစေတယ်

ကိုကိုးမှာ ပါတဲ့ Flavanols က အာရုံကြောဆဲလ်တွေကို ကျန်းမာစေပါတယ်။ ဦးနှောက် လုပ်ဆောင်မှုကို ကောင်းမွန်စေသလို  ဦးနှောက်ဆီကို သွေးစီးဆင်းရောက်ရှိမှု ကောင်းစေသလို ဦးနှောက် တစ်ရှူးတွေကို ကျန်းမာစေပါတယ်။

အသက်အရွယ်ကြောင့်ဖြစ်တဲ့ မှတ်မိနိုင်စွမ်း လျော့ကျတာကို ကာကွယ်ပေးသလို Alzheimer’s ရောဂါကိုလည်း အထိရောက်ဆုံး ဟန့်တားပေးနိုင်ပါတယ်။

စိတ်ခံစားမှု ကောင်းစေတယ်

စိတ်ဓာတ်ကျတာ၊ စိုးရိမ်စိတ်များတာ၊ စိတ်ဖိစီးမှု များတာတွေကို သက်သာစေဖို့ဆိုရင် ကိုကိုးကို အသုံးပြုပေးလို့ ရပါတယ်။ ကိုကိုးမှာ ပါတဲ့ flavanols က စိတ်ခံစားမို့ ကောင်းမွန်စေပြီး စိတ်ဓာတ် ကျတာ၊ စိုးရိမ်စိတ် များတာ၊ စိတ်ဖိစီးတာတွေကို သက်သာစေနိုင်ပါတယ်။

အမျိုးအစား (၂) ဆီးချိုကို သက်သာစေနိုင်တယ်

ချောကလက်ကို အများကြီးစားတာက သွေးတွင်းသကြားဓာတ်ကို မြင့်တက်စေတယ်။ ဆီးချို ဖြစ်စေနိုင်တယ် ဆိုပေမယ့် အနက်ရောင် ချောကလက် ဒါမှမဟုတ် ကိုကိုးကို ထိုက်သင့်တဲ့ ပမာဏ စားသုံးပေးမယ်ဆိုရင် အင်ဆူလင် ထုတ်လုပ်မှု ကောင်းစေပြီး သွေးတွင်းသကြားဓာတ်ကို အကောင်းဆုံး ထိန်းညှိပေးလို့ ဆီးချို မဖြစ်အောင် ကာကွယ်ပေးနိုင်သလို ဆီးချို သက်သာစေပါတယ်။

အဝမလွန်စေဖို့ ကာကွယ်ပေးတယ်

ကိုယ်အလေးချိန်ထိန်းချင်တယ်။ အဝလွန်နေလို့ စိတ်ညစ်နေတယ်ဆိုရင် ချောကလက် ဒါမှမဟုတ် ကိုကိုးပါတဲ့ အရာတစ်ခုခုကို စားပေးပါ။ ဒီလို စားသုံးပေးတာက ကိုယ်အလေးချိန်ကျ စေနိုင်သလို အဝမလွန်စေဖို့ အထိရောက်ဆုံး ကာကွယ်ပေးပါတယ်။

ဒါတွေအပြင် ကိုကိုးက ဇီဝကမ္မဖြစ်စဉ်ကို တိုးတက်စေတယ်။ ကိုယ်ခံအား ကောင်းစေတယ်။ သွား နဲ့ ခံတွင်း ကျန်းမာစေတယ်။ အရေပြား ကျန်းမာစေတယ်။ ပန်းနာရင်ကျပ် ကာကွယ်ပေးတယ်၊ ဘက်တီးရီးယားတွေကို တိုက်ဖျက်ပေးတယ် စတဲ့ ကျန်းမာရေး အာနိသင်တွေကိုလည်း ပံ့ပိုးပေးပါသေးတယ်။ ကိုကိုးကို သင့်တင့်တဲ့ ပမာဏာ စားသုံးလို့ ကျန်းမာရေးကို စောင့်ရှောက်လိုက်ပါ။

[embed-health-tool-bmr]

မသက်ဆိုင်ကြောင်း ရှင်းလင်းချက်

Hello Health Group သည် ဆေးပညာအကြံဉာဏ်များ၊ ရောဂါရှာဖွေမှုများနှင့် ကုသမှုများ မပြုလုပ်ပေးပါ။

COCOA https://www.webmd.com/vitamins/ai/ingredientmono-812/cocoa Accessed Date 5 August 2020

11 Health and Nutrition Benefits of Cocoa Powder https://www.healthline.com/nutrition/cocoa-powder-nutrition-benefits Accessed Date 5 August 2020

What Is Cacao? Health Benefits & Side Effects https://quantumwellnessbotanicalinstitute.com/cacao-health-benefits-side-effects/ Accessed Date 5 August 2020

ယခုပုံစံ

17/02/2022

Aye Thi Mon မှ ရေးသားသည်။

Dr. Htet Htet Zaw Win မှ ပြင်ဆင်ခဲ့ပါသည်။


ဆက်စပ် အကြောင်းအရာများ

ဘေဘီလေးကို ဘယ်အချိန်မှာ ချောကလက် စကျွေးမလဲ။

ချောကလက်စားပြီး နှလုံးရောဂါကို ကာကွယ်ပါ



Aye Thi Mon မှ ရေးသားသည်။ · 17/02/2022 တွင် အသစ်ဖြည့်စွက်ခဲ့သည်။

ad iconadvertisement

ဤဆောင်းပါးက အကူအညီဖြစ်ပါသလား။

ad iconadvertisement
ad iconadvertisement