ချော့ကလက် – မကြိုက်တဲ့သူရှားလှတဲ့ ဒီနာမည်ကြီး အစားအသောက်လေးဟာ အိုမင်းရင့်ရော်ခြင်းကို တားဆီးပေးနိုင်တယ်ဆိုတာ သင်သိပါသလား။ flavanols တွေလည်း အများကြီးပါဝင်တာကြောင့် ချော့ကလက်ဟာ သွေးတိုးရောဂါ၊ ဆီးချို ရောဂါနဲ့ သွေးကြောဆိုင်ရာ ရောဂါတွေ မဖြစ်အောင် တားဆီးပေးနိုင်ပါတယ်။ ချော့ကလက် ကြိုက်တတ်တဲ့သူတွေ အတွက် ဝမ်းသာစရာ သတင်းတစ်ခုနော်။ နို့ချောကလက်ထက်စာရင် အနက်ရောင် ချော့ကလက်က ပိုပြီး ကျန်းမာရေးအတွက် အကျိုးရှိပါတယ်။
အစေ့အဆံတွေ – မပြည့်ဝဆီဆိုတာ ကျန်းမာရေးအတွက် တကယ်ကို အကျိုးပြုတဲ့ဆီတစ်မျိုးဖြစ်ပါတယ်။ ကိုယ်နေ့စဉ် ဟင်းချက်နေတဲ့ဆီတွေထဲမှာ အများဆုံးပါတာ ကျန်းမာရေးကို ဆိုးကျိုးပေးနိုင်တဲ့ ပြည့်ဝဆီတွေ ဖြစ်နေတာကြောင့် မပြည့်ဝဆီတွေကို ပြန်စားပေးဖို့ လိုအပ်ပါတယ်။ မပြည့်ဝဆီတွေ ကြွယ်ဝတဲ့ အစားအသောက်ဆိုရင်တော့ အစေ့အဆံတွေကိုသာ သတိရလိုက်ပါ. သစ်ကြားသီး၊ သစ်အယ်သီး နဲ့ ဗန်ဒါစေ့၊ တို့မှာ မပြည့်ဝဆီတွေ ကြွယ်ဝတဲ့အပြင် ဓါတ်တိုးဆန့်ကျင်ပေးတဲ့ ပစ္စည်းတွေလည်းပါတာကြောင့် အိုမင်းရင့်ခြင်းကိုလည်း သူတို့က အကောင်းဆုံး ကာကွယ်ပေးနိုင်မှာပါ။
သံလွင်ဆီ – ဟင်းချက်ဆီတွေထဲမှာ သံလွင်ဆီကသာ ကျန်းမာရေးနဲ့ အညီညွတ်ဆုံး အရာတစ်ခုပါ။ သူ့မှာမပြည့်ဝဆီတွေ အများကြီးပါဝင်လို့ နှလုံးရောဂါ နဲ့ ကင်ဆာရောဂါတို့ကို ကာကွယ်ပေးဦးမှာပါ။ ဒါပေမယ့် သံလွင်ဆီရဲ့ ကယ်လိုရီ ပမာဏက များနေတာကြောင့် တစ်နေ့ကို စားပွဲတင်ဇွန်း ၂ ဇွန်းလောက်သာ စားပေးသင့်ပါတယ်။
ဥ အမျိုးမျိုး – အလွယ်တကူ ဝယ်ယူလို့ရပြီး ဈေးလည်းသက်သာ အာဟာရဓါတ်တွေလည်း အများကြီးကြွယ်တဲ့ အစားအသောက်ဆို ဥ တွေကိုသာ အရင်ဆုံး ညွှန်ပြရပါလိမ့်မယ်။ ဦးနှောက်နဲ့ အာရုံကြောအတွက် အဓိက လိုအပ်တဲ့ ဗီတာမင် B အပြင် အခြား ပရိုတင်း၊ အမိုင်နိုအက်ဆစ် တွေလည်း အများကြီးပါဝင်တာကြောင့် အရွယ်သေးပေးမယ့် အစွမ်းမသေးတဲ့ ဥ လေးတွေပါ။
မှတ်ချက်များ
သင့်အတွေးများကို ဝေမျှပါ။
သင့်ကျန်းမာရေးအတွေးများကို Hello Sayarwonနဲ့ ဝေမျှလိုက်ပါ။
ဆက်သွယ်ရန် သို့မဟုတ် ဝင်မည်။ နှင့် ဝင်ရောက်ဆွေးနွေးပါမည်။