backup og meta

အရေပြားကိုထိခိုက်စေနိုင်တဲ့ ဓာတုပစ္စည်းတွေ လောင်တဲ့အခါ

အရေပြားကိုထိခိုက်စေနိုင်တဲ့ ဓာတုပစ္စည်းတွေ လောင်တဲ့အခါ ဘာတွေလုပ်ရမလဲ။ ဓာတုပစ္စည်းတွေ လောင်တာမျိုးက ဖြစ်ခဲတယ်ဆိုပေမယ့် လုံးဝမဖြစ်ဘူးလို့ဆိုနိုင်တဲ့ အရာတော့မဟုတ်ပါဘူး။ တစ်ခါတလေ အခန့်မသင့်တဲ့ အခါမျိုးမှာလည်း ဓာတုပစ္စည်းတွေ လောင်တာမျိုး ဖြစ်နိုင်ပါတယ်။ ဓာတုပစ္စည်းတွေ လောင်တဲ့အခါ အရေပြားက ကျိန်းစပ်စပ်ဖြစ်ပြီး အရေပြားတစ်ရှူးတွေပျက်စီးနိုင်ပါတယ်။ ဓာတုပစ္စည်းတွေ လောင်တာက နေအိမ်မှာဖြစ်နိုင်သလို လုပ်ငန်းခွင်နဲ့ ကျောင်းတွေမှာလည်း ဖြစ်နိုင်ပါတယ်။ ကိုယ်ထိလက်ရောက်စော်ကားခံရတာနဲ့ မတော်တဆဖြစ်ရပ်တွေကြောင့်လည်း ဓာတုပစ္စည်းလောင်တာမျိုး ခံစားရနိုင်ပါတယ်။ များသောအားဖြင့်တော့ ဓာတုပစ္စည်း လောင်တာကို ပြင်းထန်တဲ့ ထိခိုက်မှုအဖြစ်ယူဆကြပြီး ဆေးကုသမှုခံယူဖို့ တိုက်တွန်းလေ့ရှိကြပါတယ်။

အရေပြားကိုထိခိုက်စေနိုင်တဲ့ ဓာတုပစ္စည်းတွေ လောင်တဲ့အခါ

အရေပြားကိုထိခိုက်စေနိုင်တဲ့ ဓာတုပစ္စည်းတွေ လောင်တဲ့အခါ

ဖြစ်ဖြစ်ချင်းမှာ ကိုယ်တိုင်လုပ်ဆောင်သင့်တာတွေကို လုပ်ဆောင်ဖို့လည်း လိုအပ်ပါတယ်။ ဒါကြောင့် ဓာတုပစ္စည်းတွေ လောင်ကျွမ်းတဲ့အခါ ဘယ်လိုပြုစုမှုတွေလုပ်ရမလဲဆိုတာကို ဒီဆောင်းပါးလေးကနေ ပြောပြပေးမယ်နော်။

ဒီအချက်တွေကြောင့် ဓာတုပစ္စည်းတွေ လောင်တာမျိုးဖြစ်နိုင်ပါတယ်

နေ့စဉ်အိမ်သန့်ရှင်းဖို့ သုံးနေတဲ့အရာတွေနဲ့ ပတ်ဝန်းကျင်မှာရှိနေတဲ့ အမျိုးမျိုးသောအရာတွေကြောင့် ဓာတုပစ္စည်းလောင်တာမျိုးတွေဖြစ်နိုင်ပါတယ်။ ကြိုတင်သတိထားနိုင်ဖို့ ဒီကနေတဆင့်ဖော်ပြပေးလိုက်ပါတယ်။

  • အစွန်းချွတ်ဆေးတွေ
  • ဘိလပ်မြေ
  • အိမ်သာသန့်စင်ဆေးရည်တွေ
  • သံသတ္တုတွေကို ချေးချွတ်ရာမှာ သုံးတဲ့ဆေးရည်တွေ
  • ရေကူးကန်သန့်ရှင်းရေးအတွက် သုံးတဲ့ဆေးရည်တွေ
  • ဘက်ထရီအက်ဆစ်
  • ဓာတ်မြေသြဇာ
  • တင်ဒါဆေးရည်လိုမျိုး အရာတွေကြောင့် အရေပြားမှာလောင်တာမျိုးတွေဖြစ်စေနိုင်ပါတယ်။

ဓာတုပစ္စည်းတွေ လောင်တဲ့အခါ ဖြစ်နိုင်တဲ့လက္ခဏာတွေက

များသောအားဖြင့်တော့ ဓာတုပစ္စည်း လောင်ကျွမ်းတာက မျက်နှာမျက်လုံးလက်မောင်းနဲ့ ခြေတွေလက်တွေမှာ အဖြစ်များပါတယ်။ အချို့သောပစ္စည်းတွေက အပေါ်ယံအရေပြားလောက်ကိုပဲ လောင်ကျွမ်းစေတာဆိုပေမယ့် အချို့သောအရာတွေကတော့ အရေပြားအတွင်းပိုင်းက တစ်ရှူးတွေအထိ ထိခိုက်ပျက်စီးနိုင်ပါတယ်။ ရှူမိ့အခါ အသက်ရှူလမ်းကြောင်းပါ ထိခိုက်နိုင်ပါတယ်။

ဓာတုပစ္စည်းတွေ လောင်တဲ့အခါ အရင်ဆုံးဒဏ်ရာရဲ့ ပြင်းထန်မှုကို သိအောင်လုပ်ဖို့ လိုပါမယ်။

အရမ်းမပြင်းထန်တဲ့အခါ

အရမ်းပြင်းထန်တဲ့အခါ

တကယ်လို့ သင့်အနေနဲ့ ဓာတုပစ္စည်းလောင်တာက မျက်လုံး၊ ပါးစပ်အတွင်းပိုင်းမှာဖြစ်မယ်ဆိုရင်တော့ နီးစပ်ရာဆေးရုံကို အမြန်ဆုံးသွားရောက်တာက အကောင်းဆုံးသောနည်းလမ်းပါ။

ဓာတုပစ္စည်းလောင်တဲ့အခါ သတိပြုရမယ့်အချက်တွေက

ကိုယ့်ကိုယ်ကို ကာကွယ်ပါ

  • ဓာတုပစ္စည်းတွေကို ကိုင်တွယ်တဲ့အခါ လက်အိတ်ဝတ်တာလိုမျိုး အကာအကွယ်ဖြစ်စေမယ့်အရာတွေကို ဝတ်ဆင်ပြီးမှ ကိုင်တွယ်ပါ။
  • ဓာတုပစ္စည်းတွေကို အရေပြားနဲ့ တိုက်ရိုက်ထိတွေ့တာမျိုးမလုပ်ပါနဲ့။

ထိခိုက်မိတဲ့နေရာကို သန့်စင်ဆေးကြောပေးပါ

  • ဓာတုပစ္စည်းတွေ လောင်သွားတဲ့ နေရာကို ရေအေးအေးထဲမှာ အနည်းဆုံး မိနစ် ၂၀လောက် စိမ်ထားပေးပါ။ ရေစိမ်ထားဖို့ မလွယ်ရင် ရေအေးအေးနဲ့ လောင်းပေးလို့လည်း ရပါတယ်။ အဆက်မပြတ် လောင်းပေးဖို့တော့ လိုပါမယ်။
  • ဓာတုပစ္စည်းတွေ လောင်တဲ့နေရာကို ဆေးချလိုက်တဲ့ ရေတွေက အခြား ကိုယ်အင်္ဂါအစိတ်အပိုင်းတွေဆီကို မရောက်သွားစေဖို့ သတိပြုပါ။
  • ရေအားပြင်းတဲ့ ပိုက်ကရေနဲ့ မဆေးချမိပါစေနဲ့။
  • ဓာတုပစ္စည်း လောင်တဲ့အခါ လက်ဝတ်ရတနာနဲ့ အခြား ဝတ်ဆင်ထားတဲ့ အဆင်တန်ဆာတွေကို ချက်ချင်း ချွတ်ပစ်ပါ။ အသားထဲ နစ်ဝင်တာကနေ ကာကွယ်နိုင်ဖို့ပါ။
  • အရေပြားကို လောင်စေနိုင်တဲ့ ဓာတုပစ္စည်းတွေကို အရေပြားပေါ်မှာ ခြောက်သွားတဲ့အထိ ထားတာမျိုး မလုပ်ပါနဲ့။
  • ဓာတုပစ္စည်းလောင်တဲ့နေရာကို ဘာမှမလူးပါနဲ့။

ဓာတုပစ္စည်းလောင်တဲ့ နေရာကို တစ်ခုခုနဲ့ ဖုံးအုပ်ထားပေးပါ

ဓါတုပစ္စည်းလောင်သွားတဲ့ နေရာကို ပိုးသတ်ထားတဲ့ ခြောက်သွေ့သန့်ရှင်းသော ပတ်တီးစ ခပ်ပါးပါးလေးနဲ့ အုပ်ထားပေးပါ။ ပြင်ပက ရောဂါပိုးတွေ ဝင်ရောက်တာမျိုး မဖြစ်အောင် ကာကွယ်နိုင်ဖို့ အတွက်ပါ။

အိမ်သန့်ရှင်းရေးနဲ့ အပေါ်မှာ ပြောခဲ့တဲ့ပစ္စည်းတွေကြောင့်ပဲ အရေပြားလောင်တာမျိုးတွေ ဖြစ်စေနိုင်တာ မဟုတ်ပါဘူး။ ဆံပင်အသားအရေနဲ့ ခြေသည်းလက်သည်းတွေအတွက် အသုံးပြုတဲ့ပစ္စည်းတွေကို မှားယွင်းသုံးစွဲမိမယ်ဆိုရင်လည်း အရေပြားလောင်ကျွမ်းတာမျိုးဖြစ်နိုင်ပါတယ်။ ဒါကြောင့် အရေပြားမှာ မတော်တဆလောင်ကျွမ်းတဲ့အခါ အရမ်းမပြင်းထန်ခင် သေချာဂရုစိုက်ပေးဖို့ပြောပါရစေနော်…

[embed-health-tool-bmi]

မသက်ဆိုင်ကြောင်း ရှင်းလင်းချက်

Hello Health Group သည် ဆေးပညာအကြံဉာဏ်များ၊ ရောဂါရှာဖွေမှုများနှင့် ကုသမှုများ မပြုလုပ်ပေးပါ။

Chemical Burns Overviewhttps://www.emedicinehealth.com/chemical_burns/article_em.htm Accessed Date 5 September 2018

Chemical Burn Treatmenthttps://www.webmd.com/first-aid/chemical-burns-treatmentAccessed Date 5 September 2018Chemical burns: Symptoms, diagnosis, and treatmenthttps://www.medicalnewstoday.com/articles/318084.phpAccessed Date 5 September 2018

Chemical Burnshttps://www.webmd.com/a-to-z-guides/chemical-burns#1Accessed Date 5 September 2018

ယခုပုံစံ

14/10/2022

Aye Thi Mon မှ ရေးသားသည်။

မှ အချက်အလက် စစ်ဆေးထားပါသည်။ Dr. Thurein Hlaing Win

Aye Thi Mon မှ ပြင်ဆင်ခဲ့ပါသည်။


ဆက်စပ် အကြောင်းအရာများ

နီကိုတင်းကပ်ခွာ သုံးပြီး ဆေးလိပ်ဖြတ်ကြမယ်

အဆိပ်သောက်ထားသူကို အရေးပေါ် ပြုစုနည်း


Hello Sayarwon Panel မှ အချက်အလက်များ စစ်ဆေးထားပါသည်။ Aye Thi Mon မှ ရေးသားသည်။ နောက်ဆုံးအသစ်ပြင်ဆင်သည့်ရက်စွဲမှာ 14/10/2022 ဖြစ်ပါသည်။

ad iconကြော်ငြာ

ဤဆောင်းပါးက အကူအညီဖြစ်ပါသလား။

ad iconကြော်ငြာ
ad iconကြော်ငြာ