backup og meta

နေလောင်ကာခရင်မ် ဘာကြောင့် လိမ်းသင့်တာလဲ။

မှ အချက်အလက် စစ်ဆေးထားပါသည်။ Hello Sayarwon Panel


Hello Sayarwon Panel မှ ရေးသားသည်။ · 20/06/2022 တွင် အသစ်ဖြည့်စွက်ခဲ့သည်။

    နေလောင်ကာခရင်မ် ဘာကြောင့် လိမ်းသင့်တာလဲ။

    နွေရာက်လာလို့ တစ်နေ့တခြားအပူချိန်တွေက ပိုပူလာပါတယ်။ မနက်ခင်း ၇ နာရီ နည်းနည်းလောက်ကျော်လာတာနဲ့အမျှ အပူချိန်က တဖြည်းဖြည်းချင်းမြင့်တက်လာနေပါပြီ။ ဒီအပူချိန်က တစ်နေကုန် ညနေ ၄ နာရီအထိကို အငြိုးတကြီးနဲ့ ပူနေတော့တာပါ။ နေပူတာက အသားတွေ မည်းတယ်ဆိုတာကတော့ ကလေးပိစိလေးတွေတောင် သိတဲ့ကိစ္စပါနော်။ နေပူတာသိပေမယ့် တစ်ချိန်လုံးအိမ်ထဲမှာနေလို့မဖြစ်တော့ အပြင်က ထွက်ရဦးမယ်ပေါ့။ ဒီတော့ အသားအရေကိုနေလောင်ဒဏ်ကနေ ကာကွယ်ဖို့ စဉ်းစားရပြီလေနော်။ ကိုယ့်အသားအရေကို နေလောင်ဒဏ်ကနေ ကာကွယ်ချင်တယ်ဆိုရင် နေလောင်ကာခရင်မ် အကြောင်းကို သိထားဖို့လိုပါမယ်။

    နေရောင်ခြည်က ဆိုးကျိုးပေးတာလား

    နေရောင်ခြည်က သက်ရှိတွေ ရှင်သန်ကြီးထွားဖို့ လိုအပ်တဲ့အရာတစ်ခုပါ။ ဗီတာမင်ဒီ (Vitamin D) ကိုရရှိစေတဲ့ အရင်းအမြစ်တစ်ခုပေါ့။ မနက်ခင်းနေရောင်ခြည်က အကျိုးပြုတယ်ဆိုပေမယ့် တစ်နေ့တာလုံးရဲ့ နေရောင်ကတော့ အသားအရေကို ထိခိုက်စေတာအမှန်ပါ။ တစ်နှစ်ပတ်လုံးမှာ နေရောင်ခြည်ကို အများအပြားရရှိတဲ့ မြန်မာနိုင်ငံမှာဆိုရင် နေရောင်ကြောင့် အသားအရေထိခိုက်နိုင်ခြေက တော်တော်လေးများပါတယ်နော်။

    နေရောင်ကြောင့် အသားအရေကို ဘယ်လိုထိခိုက်စေနိုင်သလဲ

    နေရောင်မှာပါတဲ့ UVA နဲ့ UVB တို့က အလွန်အကျွံထိတွေ့မိမယ်ဆိုရင်

  • အသားအရေမှာနေလောင်ကွက်တွေ ဖြစ်လာနိုင်ပါတယ်၊
  • အရေပြားဆဲလ်တွေ ထိခိုက်ပျက်စီးစေပြီး အသားအရေပေါ်မှာ တင်းတိပ်၊ မှဲ့ခြောက်တွေနဲ့ အမည်းစက်တွေ ဖြစ်နိုင်ပါတယ်၊
  • အသားအရေ ပျက်စီးလာမယ်၊
  • အရေးအကြောင်းတွေ ဖြစ်လာမယ်၊
  • အရွယ်မတိုင်ခင် အိုမင်းရင့်ရော်မယ်၊
  • အသားအရေကြမ်းတမ်းမယ်၊
  • အသားမည်းလာမယ်၊
  • အသားတွေ ခြောက်လာမယ်၊
  • အဆိုးဆုံးအနေနဲ့ အရေပြားကင်ဆာအထိ ဖြစ်လာနိုင်ပါတယ်နော်။
  • နေပူထဲထွက်မှ နေရောင်နဲ့ ထိတွေ့တာလား

    နေပူထဲကို ထီးမဆောင်းဘဲထွက်မှ နေရောင်နဲ့ထိတွေ့တာ မဟုတ်ပါဘူး။ နေပူနေချိန်မှာ ကားစီးသွားရင်လည်း နေရောင်နဲ့ထိတွေ့နိုင်သလို နေရောင်ဝင်နိုင်တဲ့ အခန်းထဲမှာ အလုပ်လုပ်နေတာကလည်း နေရောင်နဲ့ထိတွေ့နေတာပါပဲ။ အပြင်ထွက်မှ မဟုတ်ဘဲ အိမ်မှာနေရင်းလည်း နေလောင်ဒဏ်ခံရနိုင်ပါတယ်။ ဒီတော့ လုံးဝမထိတွေ့ဘဲလည်းနေလို့မရတဲ့ နေရောင်ပြဿနာကို ဖြေရှင်းဖို့ အကောင်းဆုံးနည်းလမ်းက ဘာဖြစ်မလဲ။

    နေလောင်ကာခရင်မ် လူးတာလို့ပဲ ပြောချင်ပါတယ်နော်။ အလှအပအတွက်တင်မဟုတ်ဘဲ ကျန်းမာရေးအတွက်ပါ နေလောင်ကာခရင်မ်လူးတာက လုပ်ပေးသင့်ပါတယ်။

    နေလောင်ကာခရင်မ်ဆိုတိုင်း လူးလို့ရလား

    နေလောင်ကာခရမ်ကို တော်တော်များများယူဆထားတာက နေလောင်ကာရင်ပြီးတာပဲ မိတ်ကပ်မှ မဟုတ်တာ သေချာရွေးစရာမလိုလောက်ဘူးပေါ့။ တကယ်တော့ မဟုတ်ဘူး။ နေလောင်ကာခရင်မ်ကလည်း သေချာလေးရွေးမှ နေလောင်ဒဏ်ကနေလည်း ကာကွယ်ရာရောက်ပြီး အသားအရေကိုလည်း ကြည့်ကောင်းစေမှာပါ။

    နေလောင်ကာခရင်မ် အဆင်ပြေဖို့ ဘာလို့အရေးကြီးတာလဲ

    နေလောင်ကာခရင်မ်နဲ့ အဆင်မပြေတဲ့အခါ ဒီပြဿနာတွေ ကြုံရနိုင်ပါတယ်နော်။ နေရောင်ကနေ ကာချင်လို့ နေလောင်ကာခရင်မ်လူးတယ်။ ဒါပေမယ့် အသားအရေနဲ့ ကိုက်ညီမှုမရှိတဲ့အခါ

    အသင့်တော်ဆုံး နေလောင်ကာခရင်မ် ဘယ်လိုရွေးမလဲ

    အသင့်တော်ဆုံး နေလောင်ကာခရင်မ် ရွေးဖို့ဆိုရင် မဖြစ်မနေသိဖို့လိုမှာက ကိုယ်က ဘယ်လိုအသားအရေပိုင်ရှင်လဲဆိုတာပါ။

    အသားအရေကို ဒီလိုအမျိုးအစားခွဲထားပါတယ်နော်

    • ခြောက်သွေ့တဲ့အသားအရေပိုင်ရှင်
    • အဆီပြန်တဲ့အသားအရေ
    • ပေါင်းစပ်အသားအရေ
    • ပုံမှန်အသားအရေ
    • ထိခိုက်လွယ်တဲ့အသားအရေ ဆိုပြီးရှိပါတယ်။

    အသားအရေတစ်ခုချင်းစီမှာ မတူညီတဲ့ ဖွဲ့စည်းပုံရှိတာကြောင့် မတူညီတဲ့ အသားအရေထိန်းသိမ်းမှုကို ပြုလုပ်ရပါတယ်။ ဒီတော့ နေလောင်ကာခရင်မ် အသုံးပြုတဲ့အခါမှာလည်း မတူညီနိုင်ဘူးပေါ့။ အသားအရေကို နေရောင်ကြောင့် ပျက်စီးမခံနိုင်တာကြောင့် နေလောင်ကာခရင်မ်လူးချင်ပေမယ့် အသားအရေနဲ့မကိုက်တာရွေးမိရင် ဆိုးကျိုးတွေများဖြစ်လာနိုင်တဲ့အတွက် ပါဝင်ပစ္စည်းကို သေချာဖတ်၊ တတ်ကျွမ်းသူတွေကို သေချာမေးပြီး ရွေးဖို့ လိုပါတယ်။

    ပူပြင်းတဲ့နေရောင်အောက်မှာ အသားအရေထိခိုက်မှုနည်းစေဖို့က နေလောင်ကာခရင်မ်လူးတာအပြင် ချည်သား ပွပွချောင်ချောင်လေးတွေဝတ်ပေးတာ၊ ရေဓာတ်ပြည့်ဝအောင်သောက်တာ၊ ဦးထုပ်ဆောင်းတာ၊ ထီးဆောင်းတာတွေ လုပ်ပေးဖို့ လိုပါမယ်။ နွေအပူဒဏ်ကြောင့်ဖြစ်လာမယ့် အရေပြားပြဿနာတွေကို ထိထိရောက်ရောက်ကာကွယ်ပြီး နွေပူပူမှာ စမတ်ကျကျလေးလန်းနိုင်ပါစေကြောင်း…………………….

    ရေးသားသူ- Dr Thin Yadanar@ Frances

    မသက်ဆိုင်ကြောင်း ရှင်းလင်းချက်

    Hello Health Group သည် ဆေးပညာအကြံဉာဏ်များ၊ ရောဂါရှာဖွေမှုများနှင့် ကုသမှုများ မပြုလုပ်ပေးပါ။

    မှ အချက်အလက် စစ်ဆေးထားပါသည်။

    Hello Sayarwon Panel


    Hello Sayarwon Panel မှ ရေးသားသည်။ · 20/06/2022 တွင် အသစ်ဖြည့်စွက်ခဲ့သည်။

    advertisement iconadvertisement

    ဤဆောင်းပါးက အကူအညီဖြစ်ပါသလား။

    advertisement iconadvertisement
    advertisement iconadvertisement