backup og meta

ဆယ်ကျော်သက်တို့ အသားအရေ ကျန်းမာစေဖို့ အစားအစာ

ဆယ်ကျော်သက်တို့ အသားအရေ ကျန်းမာစေဖို့ အစားအစာ

အသားအရေ ကျန်းမာမှုက သုံးနေတဲ့ skincare တွေနဲ့တင် သက်ဆိုင်နေတာ မဟုတ်ပါဘူး။ နေ့စဉ် အပြုအမူတွေနဲ့ စားသုံးနေတဲ့ အစားအသောက်တွေအပေါ်မှာလည်း မူတည်နေပါသေးတယ်။

အသားအရေက ရုပ်ရည်သွင်ပြင်ပေါ်မှာ အများကြီး သက်ရောက်နေတယ်ဆိုတော့ အလှတရားကို သဘောကျတဲ့ ဆယ်ကျော်သက်အရွယ် မှာ အသားအရေလေး လှပစေဖို့ ဘာတွေ စားပေးသင့်လဲဆိုတာကို ဆောင်းပါးလေးထဲကနေ ပြောပြပေးမယ်နော်။

ဆယ်ကျော်သက်တို့ အသားအရေ ကျန်းမာစေဖို့ စားပေးသင့်တဲ့ အစားအစာ

ကျန်းမာလှပတဲ့ အသားအရေကို ပိုင်ဆိုင်တဲ့ ဆယ်ကျော်သက် တစ်ယောက် ဖြစ်စေဖို့ ဒါတွေစားပါ။

ချင်း(ဂျင်း)

ချင်း (ဂျင်း) မှာ ဓာတ်တိုးဆန့်ကျင် အာနိသင်ပါဝင်တာကြောင့် အသားအရေကို ရောင်ရမ်းမှု ကင်းစေပြီး အသားအရေကို ကြည်လင်စေပါတယ်။ အသားအရေကို ဘက်တီးရီးယားတွေ အန္တရာယ်ကနေ ကာကွယ်ပေးသလို အိုမင်းမှုကို ဟန့်တားပေးနိုင်ပါတယ်။

ချင်း(ဂျင်း) ရေနွေးကြမ်း သောက်ပေးတာက အသားအရေအတွက် အထောက်အကူပြုစေတဲ့ စားသောက်မှု တစ်ခုပါ။

ဒိန်ချဉ်

ဒိန်ချဉ်က probiotics ကြွယ်ဝစွာ ပါဝင်နေပါတယ်။ အစာခြေစနစ်ကို ကျန်းမာစေပြီး ဝမ်းမှန်စေပါတယ်။ ဝမ်းကနေတဆင့် ကိုယ်တွင်းက အဆိပ်အတောက်တွေကို ဖယ်ရှားပေးပြီး အသားအရေ ကြည်လင်စေပါတယ်။ ဝက်ခြံတွေကို ကာကွယ်ပေးသလို ဝက်ခြံရှိသူတွေကိုလည်း ဝက်ခြံ သက်သာစေဖို့ အားဖြည့်ပေးပါတယ်။ သဘာဝ ဒိန်ချဉ်ဖြစ်ပါစေ။

ရေညှိ

သဘာဝ အိုင်အိုဒင်းဓာတ်က ဇီဝကမ္မဖြစ်စဉ်ကို ကောင်းမွန်စေပြီး fatty acids ကအရေပြား စပ်ဖျဉ်းဖျဉ်းဖြစ်တာ၊ ရောင်ရမ်းတာကို သက်သာစေနိုင်ပါတယ်။

ရှားစောင်းလက်ပပ် ဖျော်ရည်

ရှားစောင်းလက်ပပ်ကို အသားအရေမှာ တိုက်ရိုက် အသုံးပြုလို့ရသလို ဖျော်ရည်အနေနဲ့လည်း သောက်သုံးပေးလို့ ရပါတယ်။ ရှားစောင်းလက်ပပ် ဖျော်ရည်က အစာခြေစနစ် ကျန်းမာစေပြီး ဝက်ခြံ ကင်းစေဖို့ အထောက်အပံ့ပေးမှာပါ။

လိမ္မော်ဖျော်ရည်

လိမ္မော်သီး စစ်စစ်ကို ကြိတ်ထားတဲ့ လိမ္မော်ဖျော်ရည်က ဗီတာမင် C ကြွယ်ဝတာကြောင့် အသားအရေကို ကြည်လင် လှပစေမှာပါ။ အမျှင်ဓာတ် ပါဝင်မှုကလည်း ဝမ်းမှန်စေပြီး ကိုယ်တွင်းက အဆိပ်အတောက်တွေကို ဖယ်ရှားပေးလို့ ဝက်ခြံ ကင်းစေမှာပါ။

အရေပြားကို မှိုပိုးတွေ အန္တရာယ်ကနေလည်း ကာကွယ်ပေးပါတယ်။

အနက်ရောင် ချောကလက်

အနက်ရောင် ချောကလက်က ဓာတ်တိုးဆန့်ကျင်ပစ္စည်း ပါဝင်တာကြောင့် စိတ်ခံစားမှု ကောင်းစေသလို အသားအရေကိုလည်း ဓာတ်တိုးပစ္စည်းတွေ အန္တရာယ်ကနေ ကာကွယ်ပေးပါတယ်။ အချိုနည်းနိုင်သမျှ နည်းတာကိုရွေးဖို့တော့ သတိပြုနော်။

[embed-health-tool-bmi]

မသက်ဆိုင်ကြောင်း ရှင်းလင်းချက်

Hello Health Group သည် ဆေးပညာအကြံဉာဏ်များ၊ ရောဂါရှာဖွေမှုများနှင့် ကုသမှုများ မပြုလုပ်ပေးပါ။

Skin Conditions https://medlineplus.gov/skinconditions.html Accessed Date 22 September 2020

Skin Infections https://medlineplus.gov/skininfections.html Accessed Date 22 September 2020

ယခုပုံစံ

20/06/2022

Aye Thi Mon မှ ရေးသားသည်။

Aye Thi Mon မှ ပြင်ဆင်ခဲ့ပါသည်။


ဆက်စပ် အကြောင်းအရာများ

ဆယ်ကျော်သက်တို့အတွက် မဖြစ်မနေ လိုအပ်မယ့် အာဟာရဓာတ်

ဆယ်ကျော်သက်တို့ ကျန်းမာစေဖို့ မွေးမြူသင့်တဲ့ အလေ့အထ အချို့



Aye Thi Mon မှ ရေးသားသည်။ · 20/06/2022 တွင် အသစ်ဖြည့်စွက်ခဲ့သည်။

ad iconadvertisement

ဤဆောင်းပါးက အကူအညီဖြစ်ပါသလား။

ad iconadvertisement
ad iconadvertisement