backup og meta

နေပူပူထဲလည်း မထွက် အိမ်မှာပဲနေနေတာတောင် ဘာကြောင့် အသားမည်းမည်းလာရတာလဲ ။ ။

နေပူပူထဲလည်း မထွက် အိမ်မှာပဲနေနေတာတောင် ဘာကြောင့် အသားမည်းမည်းလာရတာလဲ ။ ။

နေရောင်နဲ့လည်း မထိ၊ အိမ်မှာဘဲ နေနေရင်းနဲ့ အသားမည်းမည်းလာရတဲ့ အခိုက်အတန့်မျိုး ကြုံဖူးကြပါသလား။ နေကသာ အသားကိုမဲည်းစေနိုင်တယ်ဆိုတာပဲ သိထားတော့ နေပူထဲလည်း မသွားဘဲနဲ့ အသားမည်းလာတဲ့အခါ တွေးစရာလေးတွေ ဖြစ်လာပါတယ်။ ဒါတွေ ဘာကြောင့် ဖြစ်ရတာလဲ ။ ။

အသားမည်းတဲ့ ဖြစ်စဉ်က ဘယ်လိုဖြစ်ရတာလဲ ။ ။

ကိုယ်ပေါ်က အရေပြားတွေ အရောင်ရင့်လာခြင်းရဲ့ အဓိက တရားခံကတော့ အရေပြားပေါ်မှာရှိတဲ့ Melanocyte ကထုတ်တဲ့ melanin ကြောင့် ဖြစ်ရတာပါ။ ဒါကြောင့် melanin ပိုထွက်စေတဲ့ အကြောင်းအရာတွေ သင့်မှာရှိနေရင်တော့ အိမ်ထဲမှာနေရင်းနဲ့လည်း သင့်အသားအရေတွေ မည်းသွားနိုင်ပါတယ်။ ဒါဆို ဘယ်လို အကြောင်းအရာတွေက melanin ပိုထွက်ခြင်းကို ဖြစ်စေတာလဲ ။ ။

နေရောင်ခြည် ။ ။

အသားမည်းလာခြင်းကိုဖြစ်စေတဲ့ melanin ပိုထွက်စေတဲ့အကြောင်းအရင်းတွေထဲမှာ နေရောင်ခြည်ကို ချန်ခဲ့လို့ မရပါဘူး။ နေရောင်ခြည်ထဲမှာပါတဲ့ ခရမ်းလွန်ရောင်ခြည်တွေက အရေပြားပေါ်က Melanocytes ကို လှုံ့ဆော်ပေးပြီး melanin တွေကို ပိုထွက်စေတာကြောင့် နေရောင်ထဲသွားလေလေ အသားပိုမည်းလာရလေလေဖြစ်ပါတယ်။

ဟော်မုန်း ။ ။

ဟော်မုန်းအပြောင်းအလဲကလည်း သင့်အသားအရေကို အရောင်ရင့်ပြီး မည်းလာစေတဲ့ ထိပ်ဆုံး အကြောင်းအရင်းတွေထဲမှာပါပါတယ်။ အထူးသဖြင့် ကိုယ်ဝန်ဆောင်နေတဲ့ အမျိုးသမီးတွေ၊ သန္ဓေတားဆေး၊ထိုးဆေးသုံးနေတဲ့ အမျိုးသမီးတွေ အသားအရောင်ရင့်လာတဲ့ ဖြစ်စဉ်ဟာ ဟော်မုန်းအပြောင်းအလဲကြောင့် ဖြစ်ရတာပါ။ နောက်ထပ် ဟော်မုန်းနဲ့ဆိုင်ပြီး အသားအရောင်ပြောင်းလဲလာခြင်းကိုဖြစ်စေတဲ့ နာမည်ကြီးရောဂါတစ်ခုကတော့ Addison’s disease ပဲ ဖြစ်ပါတယ်။

Addison’s disease ဆိုတာ ကိုယ်ခန္ဓာရဲ့ ဟော်မုန်းတွေကို ထုတ်ပေးတဲ့ကျောက်ကပ် အပေါ်မှာရှိတဲ့ Adrenal gland ပုံမှန် အလုပ်မလုပ်တော့ဖြစ်လာရတဲ့ ရောဂါပါ။ သူ့ရဲ့လက္ခဏာတွေကတော့

  • ပုံမှန်မဟုတ်ဘဲ နုန်းနေတာ
  • အသားမည်းလာတာ
  • စားချင်သောက်ချင်စိတ်လည်း မရှိ တဖြည်းဖြည်း ပိန်လာပြီး
  • သွေးပေါင်လည်းကျ သွေးတွင်းသကြားဓာတ်လည်းနည်း
  • ဆံပင်တွေလည်း ကျွတ်ပြီးတော့ အဆစ်အမြစ်တွေလည်း ကိုက်ခဲနေတတ်ပါတယ်။

ဒီလို Addison’s disease ကိုဖြစ်စေတဲ့ အကြောင်းအရင်းတွေကတော့ Adrenal gland ကင်ဆာရောဂါ၊ Adrenal gland တီဘီရောဂါ နဲ့ ခုခံအားကို ကိုယ်တွင်း ဆဲလ်တွေကို အမှတ်မှားပြီး တိုက်တဲ့ ပြဿနာတွေပဲ ဖြစ်ပါတယ်။

ရောဂါများနှင့် အာဟာရဓာတ်ချို့တဲ့မှုများ ။ ။

ဗီတာမင် B12 ချို့တဲ့ခြင်း – ဗီတာမင် B12 ချို့တဲ့ခြင်း ကြောင့်ဖြစ်ရတဲ့ အရေပြားပြဿနာတွေကတော့ အသားမည်းလာတာ၊ ခရုသင်း၊ သမင်ဖြူ ဖြစ်တာနဲ့ ဆံပင်တွေ ပါးလာရတာပဲ ဖြစ်ပါတယ်။

အသားအရောင် ရင့်လာခြင်းကို ဖြစ်စေတဲ့ ရောဂါတွေကတော့

  • ဆီးချိုရောဂါ၊ – ဆီးချိုဆေးတွေရဲ့ ဘေးထွက်ဆိုးကျိုးတွေကြောင့် အသားမည်းလာတာနဲ့ ဆီးချိုကြောင့် ကျောက်ကပ်ထိပြီး အသားအရောင်ရင့်လာတာတွေ ကြောင့် ဆီးချိုသမားတွေမှာ အသားအရောင့်ရင့်လာတာ ဖြစ်ရတာပါ။
  • သံဓာတ်များတာ – ခန္ဓာကိုယ်မှာ သံဓာတ်တွေ များလာတဲ့အခါ ကိုယ်တွင်းအင်္ဂါတွေမှာ သံဓာတ်တွေ စုပုံတတ်သလို၊ အရေပြားမှာလည်း စုပုံတတ်ပြီး အသားမည်းတတ်ပါတယ်။
  • lupus လို့ခေါ်တဲ့ ခုခံအားဆဲလ်တွေ မှားတိုက်တဲ့ ရောဂါ – ခုခံအားက ကိုယ်တွင်းက ဆဲလ်တွေကို မှားပြီးတိုက်တဲ့အထဲမှာ အရေပြားပေါ်က Melanocytes တွေလည်း ပါသွားတာကြောင့် melanin တွေပိုထွက်ပြီး lupus ရောဂါ သမားတွေ အသားပိုမည်းလာရတာဖြစ်ပါတယ်။
  • အရက်ကြောင့် အသည်းခြောက်ခြင်း – နှစ်လပေါင်းများစွာ အရက်သောက်လာတဲ့အခါ အရက်ကပါတဲ့ အဆိပ်တွေနှိပ်စက်လို့ သင့်အသည်းပျက်စီးပြီး နောက်ဆုံး ပြင်လို့မရတော့တဲ့ အသည်းခြောက်ခြင်း ဖြစ်လာရပါတော့တယ်။ အသည်းခြောက်ခြင်း ရဲ့ လက္ခဏာတွေကတော့ အသားအရောင်တွေ ရင့်လာမယ်၊ လူက ပိန်ခြောက်နေပြီး ဗိုက်ကြီးကတော့ ဖောင်းနေမယ်၊ ခြေလက်တွေလည်း ဖောရောင်နေပြီး လူကလည်း နုန်းနေပါလိမ့်မယ်။
  • သိုင်းရွိုက်ဟော်မုန်းများခြင်းနည်းခြင်း၊ အာဟာရဓာတ်ချို့တဲ့ခြင်းနဲ့ ကျောက်ကပ်ဆိုင်တဲ့ ရောဂါတွေ၊ ကင်ဆာရောဂါလည်း သင့်အသားအရေ အရောင်ရင့်လာခြင်းကို ဖြစ်စေတဲ့ အကြောင်းအရင်းတွေ ဖြစ်ပါတယ်။

ဆေးများ

တချို့ဆေးတွေရဲ့ ဘေးထွက်ဆိုးကျိုးတွေကြောင့်လည်း သင့်အသားမည်းလာနိုင်ပါတယ်။ အသားအရောင်ကို ပြောင်းလဲစေတဲ့ ဆေးတွေကတော့ amiodarone, amitriptyline, arsenic, bleomycin, clofazimine, clophosphamide, minocycline, zidovudine တို့အပြင် အတက်ရောဂါကို ကုသတဲ့ဆေးများ၊ ငှက်ဖျားအမြစ်ပြတ်ကုသတဲ့ဆေးတွေနဲ့ သန္ဓေတားဆေးတို့ရဲ့ ဘေးထွက်ဆိုးကျိုးတွေကြောင့်လည်း သင့်အသားအရေ အရောင်ရင့်လာနိုင်ပါတယ်။

အသားဆိုတာ နေရောင်တစ်ခုတည်းကြောင့်နဲ့တော့ မည်းနိုင်တာမဟုတ်ပါဘူး။ နေရောင်မဟုတ်ဘဲ အခြား အကြောင်းအရာတွေကြောင့်လည်း သင့်အသားအရောင်ရင့်သွားနိုင်တယ်ဆိုတဲ့ အကြောင်းလေးတွေသိထားတော့ ကိုယ်ဘာကြောင့် အသားမည်းနေတာလဲဆိုတာ အဖြေတစ်ချက်ရှာလို့ရတာပေါ့ ။

[embed-health-tool-bmi]

မသက်ဆိုင်ကြောင်း ရှင်းလင်းချက်

Hello Health Group သည် ဆေးပညာအကြံဉာဏ်များ၊ ရောဂါရှာဖွေမှုများနှင့် ကုသမှုများ မပြုလုပ်ပေးပါ။

https://health.usnews.com/health-news/patient-advice/articles/2016-04-14/9-reasons-your-skin-is-changing-color

Accessed Date 13.3.2019

https://www.philstar.com/lifestyle/health-and-family/2018/10/30/1864179/what-causes-skin-darkening

Accessed Date 13.3.2019

https://www.healthgrades.com/right-care/skin-hair-and-nails/darkened-skin

Accessed Date 13.3.2019

 

ယခုပုံစံ

06/10/2022

Dr. Thin Yadanar @ Frances မှ ရေးသားသည်။

မှ အချက်အလက် စစ်ဆေးထားပါသည်။ Dr. Thurein Hlaing Win

Dr. Htet Htet Zaw Win မှ ပြင်ဆင်ခဲ့ပါသည်။


ဆက်စပ် အကြောင်းအရာများ

နွေရာသီ မှာ အသားအရေလေးကို ဒီလိုဂရုစိုက်

နေရောင်ခြည်ဒဏ်ကနေ ကာကွယ်ဖို့ ဘာလို့ အရေးကြီးတာလဲ။


မှ အချက်အလက် စစ်ဆေးထားပါသည်။

Dr. Thurein Hlaing Win


Dr. Thin Yadanar @ Frances မှ ရေးသားသည်။ · 06/10/2022 တွင် အသစ်ဖြည့်စွက်ခဲ့သည်။

ad iconadvertisement

ဤဆောင်းပါးက အကူအညီဖြစ်ပါသလား။

ad iconadvertisement
ad iconadvertisement