backup og meta

အသားအရေ ညီညာချောမွတ်စေမည့် ပစ္စည်း ငါးမျိုး


Dr. Ye Mhan Linn မှ ရေးသားသည်။ · 03/11/2020 တွင် အသစ်ဖြည့်စွက်ခဲ့သည်။

    အသားအရေ ညီညာချောမွတ်စေမည့် ပစ္စည်း ငါးမျိုး

    သဘာ၀ အတိုင်း အသားအရေ တောက်ပ၊ ညီညာ၊ ချောမွတ် နေရန် မှာ အမျိုးသမီးတိုင်း အတွက် အိပ်မက်ပင် ဖြစ်ပါသည်။ ယင်းအိပ်မက်ကို အကောင်အထည်ပေါ်စေနိုင်သည့် သဘာ၀ အတိုင်းရော၊ လူလုပ် ပစ္စည်းများရော များစွာရှိပါသည်။ ဒီပစ္စည်းများစွာ ထဲကမှ ငါးမျိုးကို လေ့လာကြည့် ကြပါစို့။

    ၁။ Alpha Lipoic Acid (ALA)

    ALA သည် အိုမင်းခြင်းကို နှေးကွေးစေသည့် အဓိကဓါတ် အနေဖြင့် ယူဆထားကြပြီး ခန္ဓါကိုယ်တွင်း နိုက်ထရစ် အောက်ဆိုဒ် ထုတ်လုပ်မှုကို မျှတစေပြီး အရေပြားသို့ သွားသော သွေးပမာဏကို ထိန်းချုပ်ပါသည်။ ယင်းသို့ ပြုလုပ်ပေးခြင်းသည် ဖြူဆုတ်ဆုတ် မှိုင်းတိုင်းတိုင်း အသား အရေကို ရွန်းလဲ့တောက်ပစေပါလိမ့်မည်။ ထိုအတူပင် နီရဲခြင်းနှင့် အမဲစက်များ ဖြစ်ပေါ်ခြင်းကို သက်သာစေ ပါသည်။ ထိုကြောင့် အောက်ခံမိတ်ကပ် မလိုဘဲ သင်၏ အသား အရေကို ချောမွေ့စေနိုင်ပါမည်။

    ၂။ ဗီတာမင် စီ

    ဗီတာမင်စီသည် စွမ်းအားပြည့်ဝသော အကောင်းဆုံး ဓါတ်တိုးဆန့်ကျင်ပစ္စည်း ဖြစ်ပြီး သင့်၏ အသားအရေကို နေလောင်ခြင်းမှ ကာကွယ်နိုင်ပါလိမ့်မည်။ ယင်းသည် ရောင်ခြယ်ပစ္စည်းများကို အားနည်းစေသည့် အတွက် အသားအရေ ဖြူဖွေးစေခြင်းကြောင့် အသား ဖြူဆေးများနှင့် နေလောင်ခြင်းကို ကာကွယ်သည့် လိမ်းဆေး များတွင် ထည့်သွင်း သုံးစွဲကြပါသည်။ ထို့ကြောင့် ဗီတာမင် စီ ပါဝင်သော အလှကုန်များကို သုံးစွဲကြည့်သင့်ပါသည်။

    ၃။ Polyenylphosphotidyl choline (PPC)

    ဤဓါတ်ပေါင်းသည် အသားအရေကို အကောင်းဆုံး ရေဓါတ် ပြန်လည် ဖြည့်တင်းပေးနိုင်သည့် အတွက် အသားအရေ ခြောက်သွေ့ သူများအတွက် အထူးသင့်လျော်ပါသည်။ ဖောစဖိုလစ်ပစ် (phospholipid)ပါဝင်သောကြောင့် အသားအရေကို တောက်ပစေခြင်း၊ နှင်းဆီရောင်သန်းစေခြင်းနှင့် အသားအရေ ပျက်စီးခြင်းကို ပြန်လည်ကုစားပေးနိုင်ပါသည်။ အားကောင်း သော ဓါတ်တိုးဆန့်ကျင် ပစ္စည်းများက အိုမင်းခြင်းကို တိုက်ဖျက်စေ နိုင်သည့်အပြင် အောက်စီဂျင်ဓါတ်တိုး ပစ္စည်းများကို တိုက်ဖျက်နိုင် ခြင်း၊ အလှပြင်ပစ္စည်းများမှ ဘေးထွက်ဆိုးကျိုးများ၊ ဓါတုအဆိပ် သင့်ခြင်းများကိုလည်း သက်သာစေပါသည်။

    ၄။ Neuropeptides

    နူရိုပက်တိုက် (Neuropeptides)များသည် အိုမင်းခြင်းကို တိုက်ဖျက်နိုင်ပါသည်။ အိုမင်းနေသော အရေပြား ဆဲလ်များဖြင့် မဲညစ်နေသော အရေပြားလွှာကို ပြန်လည် သန့်စင် စေပြီး အသားမည်းလာခြင်းကိုလည်း တားဆီးနိုင်သည့် အပြင် အရေး အကြောင်းများ၊ အရေပြားတွန့်ခြင်း များအတွက်လည်း ကာကွယ် နိုင်စွမ်းရှိပါသည်။ သဘာဝပစ္စည်းဖြစ်သည့် အတွက် ထိခိုက်လွယ် သော အသားအရေပိုင်ရှင်များ၊ အသားအရေ ပျက်စီးနေသူများ အတွက် အထူးကောင်းမွန်ပါသည်။ အချိန်တိုအတွင်း အာနိသင်ပြသော်လည်း ဆက်လက်သုံးစွဲနေမှသာ နူရိုပက်တိုက်၏ အာနိသင်ကို ရရှိပြီး ရပ်လိုက်သည်နှင့် ဆေးစွမ်းပြယ်သွားပါမည်။

    ၅။ Alpha-Arbutin

    အာဗျူတင်ခေါ် Alpha-Arbutin သည် အပင်မှ ရရှိပြီး မယ်လနင်ကိုဆန့်ကျင်သော အာနိသင်ရှိပါသည်။ အာဗျူတင် နှင့် အခြားသော အပင်ထွက် ပစ္စည်းများသည် အလှအပ ဆိုင်ရာ အစားထိုးထုတ်ကုန်များ အဖြစ် အသုံးပြုလာကြပြီး အရေပြားရှိ ရောင်ခြယ်ပစ္စည်းများကို အားနည်းစေသောကြောင့် အသားအရေကို ပိုမို ဖြူဖွေးစေပါသည်။ ယင်းအာဗျူတင်ကို ဘယ်ရီအုပ်စု အပင် များမှထုတ်လုပ် ရရှိပါသည်။

    သင့်အသားအရည်အတွက် မှန်ကန်သော အလှကုန်များ ဝယ်ယူသုံးစွဲ ရန် အရေးကြီးသည့်အတွက် အထက်တွင် ဖော်ပြခဲ့သော အချက်အလက်များသည် သင့်အတွက် တန်ဖိုးရှိမည်ဟု မျှော်လင့်ပါသည်။ သင့်အသားအရေအတွက် အကောင်းဆုံး ပစ္စည်းကို ရရှိနိုင်ပါစေ။

    မသက်ဆိုင်ကြောင်း ရှင်းလင်းချက်

    Hello Health Group သည် ဆေးပညာအကြံဉာဏ်များ၊ ရောဂါရှာဖွေမှုများနှင့် ကုသမှုများ မပြုလုပ်ပေးပါ။


    Dr. Ye Mhan Linn မှ ရေးသားသည်။ · 03/11/2020 တွင် အသစ်ဖြည့်စွက်ခဲ့သည်။

    advertisement iconadvertisement

    ဤဆောင်းပါးက အကူအညီဖြစ်ပါသလား။

    advertisement iconadvertisement
    advertisement iconadvertisement