backup og meta

နေရောင်ကြောင့် ဘာလို့ ဖြူနေတဲ့အသားတွေ မဲသွားပြီး မဲနေတဲ့ဆံပင်တွေ အရောင်ဖျော့လာရတာလဲ ။ ။

မှ အချက်အလက် စစ်ဆေးထားပါသည်။ Dr. Thurein Hlaing Win


Dr. Thin Yadanar @ Frances မှ ရေးသားသည်။ · 28/02/2022 တွင် အသစ်ဖြည့်စွက်ခဲ့သည်။

    နေရောင်ကြောင့် ဘာလို့ ဖြူနေတဲ့အသားတွေ မဲသွားပြီး မဲနေတဲ့ဆံပင်တွေ အရောင်ဖျော့လာရတာလဲ ။  ။

    နေရောင်ကြောင့် ဘာလို့ ဖြူနေတဲ့အသားတွေ မဲသွားပြီး မဲနေတဲ့ဆံပင်တွေ အရောင်ဖျော့လာရတာလဲ ။ ။ ?

    ဒီလိုမျိုး မေးခွန်းတွေ သင့်ခေါင်းထဲ ရောက်ဖူးပေမယ့် တိတိကျကျ အဖြေမျိုး သင်ရဖူးချင်မှ ရဖူးခဲ့မှာပါ။ တွေးကြည့်လိုက်ရင် ရယ်တော့ရယ်ချင်စရာပဲ။ နေရောင်ကြောင့် မဲနေတဲ့ ဆံပင် တွေက အရောင်ကျပြီး ဖြူနေတဲ့ အသားက မဲသွားတယ်ဆိုတော့။ ဘယ်လိုတွေကြောင့် ဖြစ်ရတာလဲဆိုတာ စိတ်ဝင်စားစရာပဲ မဟုတ်လား။

    Melanin (အရေပြားရှိ ရောင်ခြယ်ပစ္စည်းတစ်မျိုး)

    စောစောက မေးခွန်းကို ပြန်ဖြေပေးရမယ်ဆိုရင်တော့ Melanin (အရေပြားရှိ ရောင်ခြယ်ပစ္စည်းတစ်မျိုး) ရဲ့ အကြောင်း ကတော့ မပါမဖြစ် ပါရပါလိမ့်မယ်။ Melanin ဆိုတာ ရောင်ခြယ်ပစ္စည်းတစ်မျိုးဖြစ်ပြီး ဆံပင်နဲ့ အသားအရေအတွက် သူတို့ ရှိသင့်တဲ့ အရောင်ရှိအောင် ထိန်းထားပေးတဲ့အရာတစ်ခုပါ။

    အရေပြားမှာ ရှိတဲ့ Melanocytes ဆဲလ် ကနေ eumelanin နဲ့ pheomelanin ဆိုတဲ့ Melanin နှစ်မျိုးထုတ်ပေးပါတယ်။ eumelanin ပိုထွက်တဲ့ လူတွေကျ အသားအရောင် မဲနေ ညိုနေတတ်ပြီး pheomelanin ပိုထွက်တဲ့ လူတွေရဲ့ အသားက ဝါနုနုလေး၊ နီရဲရဲလေးဖြစ်နေတတ်ပါတယ်။ သူတို့ထွက်တဲ့ ပမာဏ အနည်းအများပေါ် မူတည်ပြီး ဆံပင်အရောင် အသားအရောင်တွေ ပြောင်းလဲသွားရတာပါ။

    ဘာကြောင့် အရေပြားမှာ Melanin ရှိဖို့လိုအပ်တာလဲ ။ ။

    ဒီ အရေပြားပေါ်က Melanin တွေက သင့်အသားရေကို ခရမ်းလွန်ရောင်ခြည် ကနေ ကာကွယ်ပေးပြီး အရေပြားကင်ဆာ မဖြစ်အောင်လို့ ထိန်းပေးတဲ့ မရှိမဖြစ် အရေးပါတဲ့ ဆဲလ်တစ်ခုပါ။

    ဘာကြောင့် ဆံပင် အမဲက အရောင်ကျွတ်ပြီး အသားအဖြူက မဲရတာလဲ ။ ။

    ဆံပင်ဆိုတာ ပြောရရင် ကိုယ်ခန္ဓါရဲ့ စွန့်ပစ်ပစ္စည်း ဖြစ်လို့ ဆဲလ်သေတွေနဲ့ ဖွဲ့စည်းထားပြီး အရေပြားကကျတော့ ရှင်သန်နေတဲ့ ဆဲလ်တွေနဲ့ ဖွဲ့စည်းထားတာပါ။

    ဆံသားထဲမှာ ရှိတဲ့ Melanin ကို နေရောင်ကဖျက်ဆီးလိုက်လို့ ဆံပင်က အမဲရောင်တွေ ကျွတ်သွားပါတယ်။ ဆံပင်က ဆဲလ်သေတွေဖြစ်တာကြောင့် နေရောင်ခြည်ရဲ့တိုက်ခိုက်မှုကို ပြန်မတွန်းလှန်နိုင်ပါဘူး။ ဆံပင် အသစ်ပြန်ထွက်မလာမချင်း ဆံပင် က အဲဒီ အရောင်အတိုင်းရှိနေမှာပါ။

    နေရောင်ခြည်ကြောင့် အရေပြားမှာရှိတဲ့ Melanin လည်း ဆံပင်က Melanin လိုပဲ ဖျက်ဆီးခံလိုက်ရပါတယ်။ ဒါပေမယ့် အရေပြားက ဆဲလ်ရှင်တွေကတော့ နေရောင်ကြောင့် ထိခိုက်သွားတဲ့ Melanin နေရာမှာ အစားထိုးဖို့ Melanin အသစ်တွေ ဆက်ထုတ်လုပ်ပါတယ်။ ဒီလိုနဲ့ နေရောင်ကြောင့် အသားပိုမဲ ရတာဖြစ်ပါတယ်။

    ပိုပြီး အသေးစိပ်ကတော့ ဒီမှာလာပါပြီ။ ။

    နေရောင်ထဲမှာ ခရမ်းလွန်ရောင်ခြည် A နဲ့ ခရမ်းလွန်ရောင်ခြည် B ဆိုပြီး ၂ မျိုးှရှိပါတယ်။ ခရမ်းလွန်ရောင်ခြည် B နဲ့ ထိတွေ့တဲ့ အသားအရေတွေဟာဆိုရင် ချက်ချင်းမဲသွားနိုင်ပြီး အသားမဲတာ မိနစ်ပိုင်းကနေ ရက်ပိုင်းလောက်အထိကြာတတ်ပါတယ်။ ခရမ်းလွန်ရောင်ခြည် A ကျတော့ အသားမဲစေနိုင်တာပဲ ဖြစ်ပေမယ့် ချက်ချင်းမဲစေတာမျိုး မဟုတ်ပါဘူး။ တဖြည်းဖြည်းချင်း အသားအရောင် ရင့်လာတာမျိုးပါ။ ဒီလို နေရောင်ကြောင့် Melanin တွေ ပိုထွက်လာတာကို Melanogenesis လို့ဆေးပညာအရခေါ်ပါတယ်။ ဒီလို Melanogenesis ဖြစ်စဉ် အတွင်းမှာဆိုရင် Melanocytes ဆဲလ် တွေက Melanin ရောင်ခြယ်ပစ္စည်းတွေ ပိုထုတ်တာကြောင့် အသားတွေ ပိုမဲလာရတာဖြစ်ပါတယ်။

    ထူးဆန်းတာတစ်ခုက နေရောင်က အသားအရေကို တိုက်ရိုက်ကြီးမဲစေတာ မဟုတ်ဘဲ ထိခိုက်စေတာသာဖြစ်ပြီး အသားမဲတာကိုတော့ အရေပြားကဆက်လုပ်သွားတာပါ။ ဒါကလည်း အရေပြားကင်ဆာမဖြစ်အောင် သဘာဝတရားကြီးကဖန်တီးပေးထားတာဖြစ်ပါတယ်။ သဘာဝတရားကြီးက ဖန်တီးပေးထားဖြစ်လို့ ဒီ Melanogenesis ဖြစ်စဉ် ကြီးဟာ တစ်ချိန်ချိန်မှာတော့ ရပ်တန့်သွားရမှာပါ။ ဒါကို မရပ်တန့်ဘဲ ဆက်ဖြစ်နေတယ်ဆိုရင်တော့ ဒါကို melanogenesis skin cancer အရေပြားကင်ဆာလို့ ခေါ်ပါတယ်။

    ဒါတွေကတော့ နေရောင်ကြောင့် မဲနေတဲ့ ဆံပင်တွေ အရောင်ကျွတ်ပြီး ဖြူနေတဲ့ အသားတွေ မဲသွားရတဲ့ အကြောင်းအရင်းတွေ ပဲဖြစ်ပါတယ်။ ဘယ်လိုပဲ ဖြစ်ဖြစ် နေရောင်မှာ ပါဝင်တဲ့ ခရမ်းလွန်ရောင်ခြည်တွေက လူတွေကို ဒုက္ခပေးနိုင်တာကြောင့် အပြင်သွားရင် ထီး၊ ဦးထုပ်၊ နေကာမျက်မှန်၊ လက်ရှည်တွေကို ဝတ်သွားတာကသာ အကောင်းဆုံးပါ။ ။

    Hello Health Group သည် ဆေးပညာဆိုင်ရာ အကြံပေးချက်များ၊ ရောဂါရှာဖွေခြင်းနှင့် ကုသခြင်းများ မပြုလုပ်ပါ။

     

    မသက်ဆိုင်ကြောင်း ရှင်းလင်းချက်

    Hello Health Group သည် ဆေးပညာအကြံဉာဏ်များ၊ ရောဂါရှာဖွေမှုများနှင့် ကုသမှုများ မပြုလုပ်ပေးပါ။

    မှ အချက်အလက် စစ်ဆေးထားပါသည်။

    Dr. Thurein Hlaing Win


    Dr. Thin Yadanar @ Frances မှ ရေးသားသည်။ · 28/02/2022 တွင် အသစ်ဖြည့်စွက်ခဲ့သည်။

    advertisement iconadvertisement

    ဤဆောင်းပါးက အကူအညီဖြစ်ပါသလား။

    advertisement iconadvertisement
    advertisement iconadvertisement