backup og meta

နှာခေါင်းသွေးလျှံ တဲ့အခါ ပြုစုပေးနိုင်မယ့်နည်းလမ်းများ

နှာခေါင်းသွေးလျှံ တဲ့အခါ ပြုစုပေးနိုင်မယ့်နည်းလမ်းများ

နှာခေါင်းထဲက ပူခနဲဖြစ်သွားတယ်။ဟော နှာခေါင်းသွေးတွေလျှံလာတာပဲ။ ငါ့မှာရောဂါတစ်ခုခုများဖြစ်နေတာလား၊ ရုပ်ရှင်တွေထဲကလိုများဖြစ်နေပြီလားလို့တွေးနေလား။ နှာခေါင်းသွေးလျှံ တာက ရောဂါရှိလို့ချည်း ဖြစ်တတ်တာတော့ မဟုတ်ပါဘူး။

နှာခေါင်းသွေးလျှံခြင်း

နှာခေါင်းသွေးလျှံခြင်းဆိုတာက နှာခေါင်းထဲမှာရှိနေတဲ့ သွေးကြောကနေ သွေးထွက်လာခြင်းပါ။ နှာခေါင်းက ထိခိုက်လွယ်တဲ့ အစိတ်အပိုင်းတစ်ခုဖြစ်ပြီး သွေးကြောတော်တော်များများကလည်း နှာခေါင်းအတွင်းမှာရှိနေပါတယ်။ ဒါကြောင့် နှာခေါင်းထဲက သွေးကြောတစ်ခုခုကို ထိခိုက်မိတဲ့အခါမှာ နှာခေါင်းသွေးလျှံလာတာပါ။

နှာခေါင်းသွေးလျှံ တာကို ဖြစ်စေတဲ့  အကြောင်းအရင်းတွေက

  • နှာခေါင်းတွင်း အမြှေးပါးခြောက်သွေ့နေတာ၊
  • နှာခေါင်းထဲမှာ အနာရှိနေတာကြောင့် နှာခေါင်းနှိုက်ရင်းထိမိတာ၊
  • နှာခေါင်းကို မတော်တဆထိခိုက်မိတာ

နှာခေါင်းသွေးလျှံတာကို သက်သာအောင်ပြုစုနည်း

ခါးမတ်မတ်လေးထိုင်ပြီးခေါင်းကို အောက်နည်းနည်းစိုက်ထားပါ – ဒီလိုလုပ်ပေးတာက နှာခေါင်းတွင်းက သွေးကြောတွေပေါ်မှာ သွေးဖိအားသက်ရောက်မှုကို ကျဆင်းစေနိုင်ပါတယ်။ ဒီလိုလုပ်ပေမယ့် သွေးကမတိတ်သွားဘူးဆိုရင်တော့ ရှေ့ကိုနည်းနည်းကိုင်းပြီး ထိုင်လိုက်ပါ။ ဒါမှ သွေးတွေကို မျိုချမိတာမျိုးမဖြစ်မှာပါ။ သွေးတွေကို မျိုချမိတဲ့အခါ မအီမသာဖြစ်တာအော့အန်တာတွေဖြစ်စေနိုင်တာကြောင့်ပါ။

နှာခေါင်းကို လက်ချောင်းလေးတွေသုံးပြီး ဖိထားပေးပါ – နှာခေါင်းသွေးကျတာ သက်သာစေဖို့အတွက် နှာခေါင်းရိုးကို လက်မနဲ့လက်ညှိုးသုံးပြီး ဖိထားပေးပါ။ ၁၀ မိနစ်ကနေ ၁၅ မိနစ်လောက်အထိ နှာရိုးကို ဖိထားပေးပါ။ ဒီလိုလုပ်ပေးတာက နှာခေါင်းသွေးလျှံတာကို သက်သာစေနိုင်ပါတယ်။

ပါးစပ်နဲ့ အသက်ရှူပါ – နှာခေါင်းသွေးလျှံတဲ့အခါ နှာခေါင်းကနေ အသက်ရှူတာမျိုးမလုပ်ဘဲ ပါးစပ်ကနေတဆင့်ပဲ အသက်ရှူပေးပါ။

ရင်ဘတ်ကို ချောင်ချောင်ချိချိထားပေးပါ – နှာခေါင်းသွေးလျှံတဲ့အခါ သက်သောင့်သက်သာဖြစ်အောင် ငြိမ်ငြိမ်လေးထိုင်ခိုင်းပါ။ သတိထားရမယ့် နောက်တစ်ချက်က ရင်ဘတ်မှာ အင်္ကျီတွေ တင်းကျပ်မနေစေဖို့ပါ။

ခေါင်းအရမ်းမငုံ့ထားပါနဲ့ – နှာခေါင်းသွေးလျှံတဲ့အခါ ခေါင်းကို တအားစိုက်ထားတာမျိုးမလုပ်ပါနဲ့။ မလိုအပ်ဘဲ သွေးထွက်များစေနိုင်တာကြောင့်ပါ။ နှာခေါင်းသွေးလျှံနေတုန်းမှာ လှဲမအိပ်မိဖို့လည်း သတိထားရပါမယ်။

ရေအေးအေးလေးနဲ့ သန့်စင်ဆေးကြောပေးပါ – နှာခေါင်းသွေးလျှံတဲ့အခါ နှာခေါင်းကို ရေအေးအေးသန့်သန့်လေးနဲ့ ဆေးကြောပေးလိုက်ပါ။ နှာခေါင်းထဲမှာသွေးခဲတွေရှိရင် ဖယ်ရှားပေးနိုင်ပြီး သွေးတိတ်ဖို့ အထောက်အပံ့ဖြစ်စေမှာပါ။ ဒါပေမယ့် နှာခေါင်းထဲကို နှိုက်ဆေးတာမျိုးကိုတော့ မလုပ်ရပါဘူး။

ရေခဲကပ်ပေးပါ – နှာခေါင်းနဲ့ ပါးတဝိုက်ကို တဘက်စသန့်သန့်လေးထဲမှာ ရေခဲထည့်ပြီး ကပ်ပေးပါ။ ဒါကလည်းသွေးတိတ်စေဖို့ အထောက်အပံ့ဖြစ်စေမှာပါ။

ဒီလိုအခြေအနေဖြစ်ရင် ဆရာဝန်နဲ့ ပြသဖို့ လိုပါမယ်

  • မိနစ် ၃၀ကျော်ကြာတဲ့အထိ သွေးမတိတ်ဘူးဆိုရင်
  • ခေါင်းထဲမှာ မူးနောက်နောက်ဖြစ်နေမယ်ဆိုရင်
  • နှာခေါင်းသွေးက ရုတ်တရက်လျှံလာတာ
  • ချော်လဲတာကြောင့် ခေါင်းကိုထိခိုက်မိပြီး နှာခေါင်းသွေးလျှံတာ
  • မျက်နှာကို အထိုးခံရတာကြောင့် နှာခေါင်းသွေးလျှံ လာတာမျိုးဆိုရင်တော့ ဆရာဝန်နဲ့ပြသကြည့်ဖို့ပြောပါရစေ။

[embed-health-tool-bmi]

မသက်ဆိုင်ကြောင်း ရှင်းလင်းချက်

Hello Health Group သည် ဆေးပညာအကြံဉာဏ်များ၊ ရောဂါရှာဖွေမှုများနှင့် ကုသမှုများ မပြုလုပ်ပေးပါ။

Nosebleeds Treatmenthttps://www.webmd.com/first-aid/nosebleeds-treatment Accessed Date 6 August 2018

Nosebleed (Epistaxis, Nose Bleed, Bloody Nose) https://www.medicinenet.com/nosebleed/article.htm#nosebleed_definition_and_facts Accessed Date 6 August 2018

Nosebleeds: First aidhttps://www.mayoclinic.org/first-aid/first-aid-nosebleeds/basics/art-20056683 Accessed Date 6 August 2018

ယခုပုံစံ

28/11/2022

Aye Thi Mon မှ ရေးသားသည်။

မှ အချက်အလက် စစ်ဆေးထားပါသည်။ Aye Thi Mon

Dr. Htet Htet Zaw Win မှ ပြင်ဆင်ခဲ့ပါသည်။


ဆက်စပ် အကြောင်းအရာများ

အနာကျက်မြန်စေမယ့် အစားအစာ (၁၁)မျိုး

Broken Hand (လက်ကျိုးခြင်း)


မှ အချက်အလက် စစ်ဆေးထားပါသည်။

Aye Thi Mon


Aye Thi Mon မှ ရေးသားသည်။ · 28/11/2022 တွင် အသစ်ဖြည့်စွက်ခဲ့သည်။

ad iconadvertisement

ဤဆောင်းပါးက အကူအညီဖြစ်ပါသလား။

ad iconadvertisement
ad iconadvertisement