brand logo
ဆောင်းပါးများ
ကိရိယာများ
အဖွဲ့များ

မျှဝေပါ။

အပူရှပ်တာအတွက် ရှေးဦးသူနာပြုစုခြင်း

ရာသီဥတုတစ်မျိုးချင်းစီမှာကောင်းကွက်တွေရှိသလို ဆိုးကွက်တွေလည်းရှိပါတယ်။ဆောင်းအအေးဒဏ်က ပိုးတွေကိုပြင်ပလေထုထဲမှာ ပိုမိုရှင်သန်နိုင်စေတာကြောင့် အအေးမိတုပ်ကွေးြဖစ်နိုင်ခြေပိုများပါတယ်။ မိုးရာသီမှာဆိုရင်လည်း စွတ်စိုမှုကြောင့် မှိုပိုးပေါက်ဖွားပြီး အရေပြားပြဿနာတွေဝမ်းရောဂါတွေဖြစ်နိုင်ပါတယ်။ ဒီလိုပါပဲ နွေရာသီမှာဆိုရင်လည်း အပူရှပ်တာ၊ အရေပြားပြဿနာနဲ့ ဝမ်းရောဂါလိုမျိုးရောဂါတွေဖြစ်နိုင်ပါတယ်။ အဖြစ်အများဆုံးကတော့ အပူရှပ်တာပေါ့။ ကိုယ့်မိသားစုဝင်တွေမှာဖြစ်ဖြစ်၊ သူငယ်ချင်းတွေမှာဖြစ်ဖြစ် အပူရှပ်တာမျိုးဖြစ်ခဲ့မယ်ဆိုရင် ဘယ်လိုလုပ်ပေးရမလဲဆိုတာကို သိချင်တဲ့သူများရှိရင် ဒီဆောင်းပါးလေးကို ဖတ်ကြည့်ဖို့ပြောပါရစေ။

အပူရှပ်တာအတွက် ရှေးဦးသူနာပြုစုခြင်း

အပူရှပ်ခြင်း

အပူရှပ်တယ်ဆိုတာက ခန္ဓါကိုယ် အပူချိန်အရမ်းမြင့်တက်လာတာကြောင့်ပါ။ အပူဒဏ်ကို အချိန်ကြာမြင့်စွာ ထိတွေ့တာ၊ ပူပြင်းတဲ့အခြေအနေမှာ လှုပ်ရှားမှုတွေပြင်းပြင်းထန်ထန်လုပ်ဆောင်မှုကြောင့် ခန္ဓါကိုယ်အပူချိန်မြင့်တက်တဲ့အခါမျိုးမှာတွေကြုံရတဲ့ အခြေအနေတစ်ရပ်ပါ။ ခန္ဓါကိုယ်အပူချိန် ၁၀၄ ဒီဂရီ ဖာရင်ဟိုက် ဒါမှမဟုတ် ဒီအပူချိန်ထက်မြင့်တက်နေတာမျိုးဖြစ်နိုင်ပါတယ်။နွေရာသီရဲ့လတွေအများဆုံးဖြစ်လေ့ဖြစ်ထရှိတဲ့ ကျန်းမာရေးအခြေအနေတစ်ရပ်ပါ။

အပူရှပ်တဲ့အခါမှာ အရေးပေါ်ပြုစုကုသမှုလုပ်ဆောင်ပေးဖို့လိုအပ်ပါတယ်။ မကုသဘဲ သတိလက်လွတ်ထားလိုက်မယ်ဆိုရင် အပူရှပ်တာကြောင့် ဦးနှောက်နှလုံး၊ကျောက်ကပ်နဲ့ ကြွက်သားတို့ဟာ အချိန်တိုအတွင်းမှာ ထိခိုက်ပျက်စီးသွားနိုင်ပါတယ်။ ဒါတွေတင်မကသေးပါဘူးပြင်းထန်တဲ့နောက်ဆက်တွဲဝေဒနာတွေနဲ့ အသက်သေဆုံးတာမျိုး အထိဖြစ်နိုင်ပါတယ်။

အပူရှပ်တဲ့အခါ ဘယ်လိုလက္ခဏာမျိုးတွေတွေ့ရနိုင်လဲ

အပူရှပ်တဲ့အခါ –

အပူရှပ်တာအတွက်ရှေးဦးသူနာပြုစုခြင်း

အပူရှပ်တာက အရေးပေါ်ကျန်းမာရေးအခြေအနေတစ်ရပ်ပါ။ ချက်ချင်းဆေးကုသမှုခံယူဖို့လိုအပ်မှာပါ။ ကိုယ့်ပတ်ဝန်းကျင်မှာ တစ်စုံတစ်ယောက် အပူရှပ်တဲ့အခါ ဒီနည်းလမ်းလေးတွေအတိုင်းလိုက်လုပ်ကြည့်ဖို့ပြောပါရစေ။

  • အပူရှပ်တဲ့သူကိုနေရောင်နဲ့ တိုက်ရိုက်ထိတွေ့မှုမရှိအောင် အရိပ်အောက်တစ်ခုခုကိုရွှေ့ပါ။
  • အဲယားကွန်းဖွင့်ထားတဲ့ အခန်း၊ ဒါမှမဟုတ်အေးမြတဲ့နေရာတစ်ခုခုကိုရွှေ့ပေးပါ။
  • သက်တောင့်သက်သာအနေအထားမျိုးမှာ လှဲလျောင်းနေနိုင်အောင်လုပ်ဆောင်ပေးပါ။
  • ခြေထောက်ကိုနည်းနည်းလေးမြှင့်ထားပေးပါ။
  • ရေဖြန်းပေးပါ။ရေခဲဝတ်ကပ်ပေးလို့လည်းရပါတယ်။ ချိုင်းကြား၊ လည်ပင်းနဲ့ပေါင်ကြားနေရာတွေကိုရေအေးဝတ်၊ရေခဲအိတ်တို့ကပ်ပေးပါ။
  • ရေတိုက်ပါ။ အုန်းရည်လိုမျိုးရေဓါတ်ဖြည့်ပေးတဲ့အရည်တွေတိုက်ပေးလို့လည်းရပါတယ်။ အန်နေမယ်ဆိုရင်တော့ ဆက်မတိုက်ပါနဲ့။
  • ဒီလိုလုပ်ပေးပြီး မိနစ် ၃၀ အတွင်းမှာ အပူချိန်က ကျသွားမှာပါ။ တကယ်လို့ အပူချိန်ကမကျဘဲဖြစ်နေမယ်၊ လူနာက သတိလစ်တာ၊ တက်တာမျိုးတွေဖြစ်နေမယ်ဆိုရင်တော့ဆေးဘက်ဆိုင်ရာ အကူအညီကို အမြန်ဆုံးခေါ်ပါ။

Hello Health Group သည်ဆေးပညာအကြံပြုချက်များ၊ ရောဂါရှာဖွေအတည်ပြုချက်များနှင့် ကုသမှုများ မပြုလုပ်ပေးပါ။

Hello Sayarwon Panel
Hello Sayarwon Panel မှ အချက်အလက်များ စစ်ဆေးထားပါသည်။ Aye Thi Mon မှ ရေးသားသည်။ နောက်ဆုံးအသစ်ပြင်ဆင်သည့်ရက်စွဲမှာ 11/07/2022 ဖြစ်ပါသည်။

ဤဆောင်းပါးက အကူအညီဖြစ်ပါသလား။