အရေပြားကိုထိခိုက်စေနိုင်တဲ့ ဓာတုပစ္စည်းတွေ လောင်တဲ့အခါ ဘာတွေလုပ်ရမလဲ။ ဓာတုပစ္စည်းတွေ လောင်တာမျိုးက ဖြစ်ခဲတယ်ဆိုပေမယ့် လုံးဝမဖြစ်ဘူးလို့ဆိုနိုင်တဲ့ အရာတော့မဟုတ်ပါဘူး။ တစ်ခါတလေ အခန့်မသင့်တဲ့ အခါမျိုးမှာလည်း ဓာတုပစ္စည်းတွေ လောင်တာမျိုး ဖြစ်နိုင်ပါတယ်။ ဓာတုပစ္စည်းတွေ လောင်တဲ့အခါ အရေပြားက ကျိန်းစပ်စပ်ဖြစ်ပြီး အရေပြားတစ်ရှူးတွေပျက်စီးနိုင်ပါတယ်။ ဓာတုပစ္စည်းတွေ လောင်တာက နေအိမ်မှာဖြစ်နိုင်သလို လုပ်ငန်းခွင်နဲ့ ကျောင်းတွေမှာလည်း ဖြစ်နိုင်ပါတယ်။ ကိုယ်ထိလက်ရောက်စော်ကားခံရတာနဲ့ မတော်တဆဖြစ်ရပ်တွေကြောင့်လည်း ဓာတုပစ္စည်းလောင်တာမျိုး ခံစားရနိုင်ပါတယ်။ များသောအားဖြင့်တော့ ဓာတုပစ္စည်း လောင်တာကို ပြင်းထန်တဲ့ ထိခိုက်မှုအဖြစ်ယူဆကြပြီး ဆေးကုသမှုခံယူဖို့ တိုက်တွန်းလေ့ရှိကြပါတယ်။
မှတ်ချက်များ
သင့်အတွေးများကို ဝေမျှပါ။
သင့်ကျန်းမာရေးအတွေးများကို Hello Sayarwonနဲ့ ဝေမျှလိုက်ပါ။
ဆက်သွယ်ရန် သို့မဟုတ် ဝင်မည်။ နှင့် ဝင်ရောက်ဆွေးနွေးပါမည်။