backup og meta

ဖန်ခါးသီး ရဲ့ ဆေးဖက်ဝင်မှု အဖုံဖုံ

ဖန်ခါးသီး နာမည်အတိုင်း ဖန်လည်းဖန်တယ် ခါးလည်းခါးပါတယ်။ ဒါပေမယ့် အနံကတော့ မွှေးပါတယ်။ တကြွပ်ကြွပ် ဝါးစားလို့ရတဲ့ ဖန်ခါးသီးကို အတို့အမြှုပ် အဖြစ် စားကြသလို ကြက်သွန်ဖြူ ဆား မီးဖုတ်လေးနဲ့ ထောင်းပြီးတော့လည်း စားလေ့ရှိကြပါတယ်။ အခြားနည်းတွေနဲ့လည်း ဆေးဖြစ်ဝါးဖြစ် စားကြပါတယ်။

ဖန်ခါးသီး ရဲ့ ဆေးဖက်ဝင်မှု အဖုံဖုံ

ဒီလို ဖန်ခါးခါးနဲ့ အနံ့မွှေးတဲ့ တို့စရာ ဖန်ခါးသီးလေးက ဘယ်လို ဆေးဖက်ဝင်လဲဆိုတာကို ဒီ ဆောင်းပါးလေးထဲမှာ ပြောပြပေးမှာမို့ ဖတ်ကြည့်စေချင်ပါတယ်။

ဖန်ခါးသီး ဆိုတာ

ဖန်ခါးသီးဆိုတာက ဖန်ခါးပင်ရဲ့ အသီးပါ။ နွေပူပူမှာ အရိပ်ရစေလောက်တဲ့အထိ ကြီးတဲ့ ဖန်ခါးပင်ရဲ့ အသီးလေးတွေပါ။ အခိုင်လိုက် သီးတတ်ပြီး အသီးလေးက ခပ်ရှည်ရှည်လေးပါ။ အသားမာပြီး အလယ်မှာ အစေ့ တစ်စေ့ပဲ ပါပါတယ်။ အစိမ်းရင့်ရောင် ရှိပြီး တစ်ခါတလေမှာ အဝါဖျော့ဖျော့ ဒါမှမဟုတ် ပန်းရောင်လေးလိုလို အနီရောင်ဖျော့ဖျော့လေးလိုလို ရှိတတ်ပါတယ်။

Combretaceae မျိုးရင်းဝင် အပင်မျိုး ဖြစ်ပြီး အပူပိုင်း နဲ့ သမပိုင်းဒေသတွေမှာ ပေါက်ရောက်ကြပါတယ်။ အိန္ဒိယ၊ နီပေါ၊ တရုတ်၊ သီရိလင်္ကာ၊ မလေးရှား နဲ့ ဗီယက်နမ်နိုင်ငံတွေမှာ အများဆုံးပေါက်ရောက်ပါတယ်။

ဖန်ခါးသီးမှာ ဘယ်လို အာဟာရဓာတ်တွေ ပါဝင်နေလဲ

ဖန်ခါးသီးမှာ အခုလို အာဟာရဓာတ်တွေ ပါဝင်နေပါတယ်။

  • ဗီတာမင် C
  • ဗီတာမင် K
  • မဂ္ဂနီဆီယမ်
  • အမိုင်နိုအက်ဆစ်
  • ဖလေဗာနွိုက်
  • ဓာတ်တိုးဆန့်ကျင်ပစ္စည်းတွေ ပါဝင်နေပါတယ်။

ဖန်ခါးသီး ရဲ့ ဆေးဖက်ဝင်ပုံ

ဖန်ခါးသီးက နာမည်နဲ့လိုက်အောင် ဖန်ခါးပေမယ့် အတန်အသင့် စားရင် အခုလို ကျန်းမာရေး အကျိုးကျေးဇူးတွေ ရရှိနိုင်ပါတယ်။ ဘယ်လို အကျိုးကျေးဇူးတွေလဲ ဆိုတာကိုတော့ အတူတူ ဆက်ကြည့်လိုက်ရအောင်နော်။

ခံတွင်း ကျန်းမာစေတယ်

၂၀၁၀ ခုနှစ်က ထုတ်ပြန်ခဲ့တဲ့ လေ့လာမှုတွေအရ ဖန်ခါးသီးက သွားနဲ့ ခံတွင်းကို ထိခိုက်စေတဲ့ ဘက်တီးရီးယားတွေကို တိုက်ဖျက်ပေးပြီး သွားနဲ့ခံတွင်း ကျန်းမာစေဖို့ အကောင်းဆုံး ထောက်ပံ့ပေးနိုင်တယ်လို့ တွေ့ရှိခဲ့ရပါတယ်။

ဒါကြောင့် သွားတွေ ခိုင်မာပြီး ခံတွင်းပြဿနာ ကင်းစေဖို့ ဖန်ခါးသီးကို စားပေးလို့ ရပါတယ်။

နာကျင်မှုကို သက်သာစေတယ်

ဖန်ခါးသီး စားပေးတာက ခန္ဓာကိုယ်က နာကျင်မှုတွေကို သက်သာစေနိုင်ပါတယ်။ အရိုးအဆစ် နာကျင်တာ၊ ကြွက်သားနာကျင်တာနဲ့ အမျိုးမျိုးသော နာကျင်မှုတွေကို သက်သာစေဖို့ ဖန်ခါးသီးကို စားပေးလို့ ရသလို ဖန်ခါးသီး အဆီအနှစ်ကို အသုံးပြုပေးလို့လည်း ရပါတယ်။

သွေးတွင်းကိုလက်စထရော ထိန်းညှိပေးတယ်

၂၀၁၀ ခုနှစ်က လုပ်ခဲ့တဲ့ လေ့လာမှုတွေအရ  ဖန်ခါးသီးက သွေးတွင်း ကိုလက်စထရောကို ထိန်းညှိပေးနိုင်တယ်လို့ သိရပါတယ်။ သွေးတွင်း ကိုလက်စထရော ထိန်းညှိပေးတာက နှလုံး ကျန်းမာစေဖို့လည်း  အကောင်းဆုံး ထောက်ပံ့ပေးနိုင်ပါတယ်။

ဓာတ်တိုး ပစ္စည်းတွေ ဖယ်ရှားပေးတယ်

ဖန်ခါးသီးမှာ ဓာတ်တိုးဆန့်ကျင် ပစ္စည်းတွေ ဖြစ်ကြတဲ့

  • Glutathione
  • Superoxide dismutase
  • ဗီတာမင် C
  • ဗီတာမင် E တို့ ပါဝင်နေတာကြောင့် ခန္ဓာကိုယ်က ဓာတ်တိုးပစ္စည်းတွေကို အထိရောက်ဆုံး ဖယ်ရှားပေးနိုင်ပါတယ်။

ဓာတ်တိုးဆန့်ကျင်ပစ္စည်းတွေက ကိုယ်ခံအား ကစလို့ နာတာရှည်ရောဂါတွေ မဖြစ်စေဖို့ အထိ အကောင်းဆုံး ကာကွယ်ထောက်ပံ့ပေးနိုင် ပါတယ်။

သွေးတွင်းသကြားဓာတ် ထိန်းညှိပေးတယ်

ဖန်ခါးသီးက သွေးတွင်းသကြားဓာတ်ကို အကောင်းဆုံး ထိန်းညှိပေးနိုင်ပါတယ်။ ဖန်ခါးသီးကို ဆီးချို ရှိသူတွေ စားပေးလို့ ရသလို ဆီးချို ကာကွယ်ဖို့အတွက်လည်း စားသုံးပေးလို့ ရပါတယ်။ တန်ဆေး လွန်ဘေး ဆိုတာကိုတော့ သတိပြုစေချင် ပါတယ်။

ဘယ်သူတွေ မစားသင့်ဘူးလဲ…..

ဖန်ခါးသီးက ဆေးဖက်ဝင်တယ် ဆိုပေမယ့်

ဖန်ခါးသီး ဆေးဖက်ဝင်ပါတယ်

ဖန်ခါးသီး စားပေးတာက
  • ခံတွင်း ကျန်းမာစေတယ်
  • နာကျင်မှုကို သက်သာစေတယ်
  • သွေးတွင်း ကိုလက်စထရော ထိန်းညှိပေးတယ်
  • ဓာတ်တိုး ပစ္စည်းတွေ ဖယ်ရှားပေးတယ်
  • သွေးတွင်းသကြားဓာတ် ထိန်းညှိပေးတယ်။

    [embed-health-tool-bmr]

    မသက်ဆိုင်ကြောင်း ရှင်းလင်းချက်

    Hello Health Group သည် ဆေးပညာအကြံဉာဏ်များ၊ ရောဂါရှာဖွေမှုများနှင့် ကုသမှုများ မပြုလုပ်ပေးပါ။

    The Health Benefits of Haritaki https://www.verywellhealth.com/the-benefits-of-haritaki-88828 Accessed Date 7 September 2020
    TERMINALIA https://www.rxlist.com/terminalia/supplements.htm Accessed Date 7 September 2020

    ယခုပုံစံ

    19/09/2023

    Aye Thi Mon မှ ရေးသားသည်။

    မှ အချက်အလက် စစ်ဆေးထားပါသည်။ Dr. Phyo Wai Lynn

    Aye Thi Mon မှ ပြင်ဆင်ခဲ့ပါသည်။


    ဆက်စပ် အကြောင်းအရာများ

    ရဲယို နဲ့ ကျန်းမာရေး

    သရက်သီးဖျော်ရည် သောက်ကြမယ်


    Hello Sayarwon Panel မှ အချက်အလက်များ စစ်ဆေးထားပါသည်။ Aye Thi Mon မှ ရေးသားသည်။ နောက်ဆုံးအသစ်ပြင်ဆင်သည့်ရက်စွဲမှာ 19/09/2023 ဖြစ်ပါသည်။

    ad iconကြော်ငြာ

    ဤဆောင်းပါးက အကူအညီဖြစ်ပါသလား။

    ad iconကြော်ငြာ
    ad iconကြော်ငြာ