backup og meta

ပျားသံပုရာရည်လေး သောက်ကြရာဝယ်

မှ အချက်အလက် စစ်ဆေးထားပါသည်။ Aye Thi Mon


Aye Thi Mon မှ ရေးသားသည်။ · 15/12/2021 တွင် အသစ်ဖြည့်စွက်ခဲ့သည်။

    ပျားသံပုရာရည်လေး သောက်ကြရာဝယ်

    သောက်စရာတွေ အများကြီး ရှိတဲ့အထဲကမှ သင့်အကြိုက်ဆုံး သောက်စရာလေးက ပျားသံပုရာရည် များလား ….ဒါဆိုရင် ဒီဆောင်းပါးလေးက သင့်အတွက်ပါ။ နှစ်နှစ်ခြိုက်ခြိုက် သောက်သုံးနေတဲ့ ပျားသံပုရာရည်လေး က ကျန်းမာရေးကို အထောက်အကူပြုနိုင်လား ……. ဘယ်လိုများ အထောက်အကူပြုပေးနိုင်လဲ …… ဆိုတာကို ဆောင်းပါးလေးထဲမှာ ဖတ်ကြည့်စေချင်ပါတယ်။

    ပျားသံပုရာရည် ဆိုတာ

    ပျားသံပုရာရည် ဆိုတာက ပျားရည်ရယ်၊ သံပုရာရည်ရယ်ကို ဆား အနည်းငယ် ရေနွေး ဒါမှမဟုတ် ရေအေးလေးနဲ့ ဖျော်ထားတဲ့ ဖျော်ရည်ပါ။ အမောပြေစေသလို ခေါင်းမူးတာ ခေါင်းကိုက်တာတွေကိုလည်း သက်သာစေနိုင်ပါတယ်။

    ပျားသံပုရာရည် ဒီလို ဖျော်ပါ

    ပျားသံပုရာရည် ဖျော်ဖို့ဆိုရင်

    • သံပုရာရည် လက်ဖက်ရည်ဇွန်း (၂) ဇွန်း
    • သဘာဝ ပျားရည် စစ်စစ် လက်ဖက်ရည်ဇွန်း (၁) ဇွန်း
    • ရေအေး ဒါမှမဟုတ် ရေနွေး တစ်ဖန်ခွက်စာ
    • ဆား နည်းနည်းတို့ပါ။

    ပျားသံပုရာရည်လေး သောက်ကြရာဝယ်

    ပျားသံပုရာရည်လေး သောက်ကြရာဝယ်

    အရသာရှိလှတဲ့ ပျားသံပုရာရည် ကို သောက်ပေးမယ်ဆိုရင် အခုလို အကျိုးကျေးဇူးလေးတွေ ရရှိစေနိုင်မှာပါ။

    အစာကြေစေနိုင်တယ်

    ပျားသံပုရာရည် က အစာခြေစနစ်ကို ကျန်းမာစေပါတယ်။ အစာခြေအက်ဆစ် ထွက်ရှိမှုကို ကောင်းစေပါတယ်။ အစာအိမ်နဲ့ အူနံရံတွေကို အာဟာရ စုပ်ယူမှု ကောင်းစေပါတယ်။

    အစာမကြေဘူးလို့ ခံစားရမယ်ဆိုရင် ပျားသံပုရာရည် သောက်ပေးလို့ ရပါတယ်။ လေပွတာကိုလည်း သက်သာစေနိုင်ပါတယ်။ ဝမ်းမှန်စေဖို့လည်း ထောက်ကူပေးနိုင်ပါတယ်။

    အဆိပ်အတောက် ကင်းစေတယ်

    ပျားသံပုရာရည် ရဲ့ နောက်ထပ် အာနိသင်တစ်ရပ်ကတော့ ကိုယ်တွင်းက အဆိပ်အတောက်တွေကို ထိထိရောက်ရောက် ဖယ်ရှားပေးနိုင်တာပါ။ ဓာတ်တိုးပစ္စည်းတွေကြောင့် ထိခိုက်တာမျိုး မဖြစ်စေဖို့ ကူညီပေးပါတယ်။

    အရေပြား၊ အသည်း၊ အသက်ရှူလမ်းကြောင်းမှာ ရှိနေတဲ့ အဆိပ်အတောက်တွေကို ထိထိရောက်ရောက် ဖယ်ရှားပေးနိုင်ပါတယ်။

    အသားအရေ ကြည်လင်စေတယ်

    အရေပြားမှာ ဖြစ်တဲ့ ကျန်းမာရေးပြဿနာတွေ၊ ဝက်ခြံတွေ ကင်းစေဖို့အတွက် ပျားသံပုရာရည်ကို သောက်ပေးလို့ ရပါတယ်။ ရေနွေးနွေးလေးနဲ့ သောက်ပေးရင် ပိုကောင်းပါတယ်။

    ဗီတာမင် C ပါဝင်နေမှုက ကိုယ်တွင်း အဆိပ်အတောက်တွေကို ထိထိရောက်ရောက် ဖယ်ရှားပေးနိုင်ပါတယ်။

    ကိုယ်ခံအား ကောင်းစေတယ်

    အအေးမိ ဖျားနာမှု ကင်းပြီး ကိုယ်ခံအား ကောင်းစေဖို့ဆိုရင် ပျားသံပုရာရည် သောက်ပေးလို့ ရပါတယ်။ ဓာတ်မတည့်မှုတွေကို သက်သာစေဖို့လည်း ထောက်ကူပေးနိုင်ပါတယ်။

    လည်ချောင်းနာတာကို သက်သာစေနိုင်တယ်

    လည်ချောင်းနာတဲ့အခါ ပျားသံပုရာရည် သောက်ပေးတာကလည်း နည်းလမ်းကောင်း တစ်ရပ်ပါ။ ဘက်တီးရီးယားတွေကို တိုက်ဖျက်ပေးနိုင်ပြီး အသက်ရှူ လမ်းကြောင်းပိုးဝင်တာမျိုးတွေကိုလည်း သက်သာစေနိုင်ပါတယ်။

    လည်ချာင်းနာတဲ့အခါ ပျားသံပုရာရည် ထဲကို ချင်း(ဂျင်း) လေးပါ ထည့်သောက်ပေးတာ ပိုကောင်းပါတယ်။

    သွေးတိုးကျစေနိုင်တယ်

    ပျားသံပုရာရည် က သွေးတိုးတတ်တဲ့သူတွေအတွက် အထူးသင့်တော်တဲ့ သောက်စရာ တစ်မျိုးပါ။ ခေါင်းကိုက်တာကို သက်သာစေနိုင်သလို သွေးတိုးလည်း ကျစေနိုင်ပါတယ်။

    ဒါတွေအပြင် ပျားသံပုရာရည် က နှလုံးကျန်းမာစေပြီး ကျောက်ကပ်က ကျောက်တွေကို ကြေစေနိုင်ပါတယ်။ ဆီးရွှင်စေနိုင်သလို အသည်း ကျန်းမာစေနိုင်ပါတယ်။

    ဒါကြောင့် ပျားသံပုရာရည်လေးက ကျန်းမာရေးနဲ့ ညီညွတ်တယ်လို့ ပြောရတာပါ။ ဒီတော့ စာဖတ်ပရိသတ်ကြီးရော ဘယ်လို ထင်မိလဲ……

    ကဲ …… ပျားသံပုရာရည်လေး ကို အရသာရှိရှိ သောက်ပြီး အခုလို အကျိုးကျေးဇူးလေးတွေ ရယူလိုက်တော့နော်။

    မသက်ဆိုင်ကြောင်း ရှင်းလင်းချက်

    Hello Health Group သည် ဆေးပညာအကြံဉာဏ်များ၊ ရောဂါရှာဖွေမှုများနှင့် ကုသမှုများ မပြုလုပ်ပေးပါ။

    မှ အချက်အလက် စစ်ဆေးထားပါသည်။

    Aye Thi Mon


    Aye Thi Mon မှ ရေးသားသည်။ · 15/12/2021 တွင် အသစ်ဖြည့်စွက်ခဲ့သည်။

    advertisement iconadvertisement

    ဤဆောင်းပါးက အကူအညီဖြစ်ပါသလား။

    advertisement iconadvertisement
    advertisement iconadvertisement