ဆေးလိပ်သောက်တဲ့သူတွေက မသောက်တဲ့သူတွေထက် စိုးရိမ်စိတ်များပြီး စိတ်ဓာတ်ကျတာ ပိုဖြစ်တတ်ပါတယ်။ ဆေးလိပ်ဖြတ်တဲ့သူတွေက စစချင်းမှာ စိတ်အတက်အကျ မြန်တာမျိုး ကြုံရတတ်ပါတယ်။ တကယ်လို့ ကိုယ့်မှာ စိုးရိမ်ပူပန်တာတွေ ဖြစ်နေတယ်၊ စိတ်ကျသလို ခံစားရတယ်ဆိုရင် သေချာ စောင့်ကြည့်ဖို့ လိုပါတယ်။
တချို့တွေက ပြောကြတယ်။ သူတို့ စိတ်ညစ်လာရင် ဆေးလိပ်ထွက်သောက်လိုက်တာပဲ။ အိုင်ဒီယာအသစ်တွေတောင် ရလာတယ်လို့ ပြောကြသေးတယ်။ တကယ်တော့ ဒါက နီကိုတင်းရဲ့ လှည့်စားမှုတွေပါ။ သောက်သောက်ချင်းမှာ နီကိုတင်းက လူကို နေလို့ထိုင်လို့ကောင်းအောင် ဖန်တီးပေးတာကြောင့် ဖြစ်ပါတယ်။
ဒါကြောင့်ပဲ ဆေးလိပ်ဖြတ်စမှာ နီကိုတင်းငတ်ပြီး စိတ်အတက်အကျဖြစ်တာတွေ ကြုံရတာပေါ့။ နောက်ပိုင်းကျရင်တော့ နေသားကျပြီး သက်သာသွားပါတယ်။ ဆေးလိပ်ပြတ်သွားတဲ့သူတွေရဲ့ ပြောစကားအရ ဆေးလိပ်သောက်တုန်းကထက်တောင် စိတ်ဓာတ်ကျတာ သက်သာတယ်လို့ ဆိုပါတယ်။
ဆေးလိပ်ဖြတ်တဲ့အချိန်မှာ ကြုံရတတ်တဲ့ အခက်အခဲတွေကို ဘယ်လိုရင်ဆိုင်ရမလဲ။
ဆေးလိပ်တကယ်ပြတ်ဖို့ဆိုရင် ခုနကပြောခဲ့တဲ့ တောင်ကြီး ၇လုံးကို ကျော်နိုင်မှ ရမှာပါ။ ဘယ်လိုတွေ ကျော်ဖြတ်မလဲဆိုတဲ့ နည်းလမ်းတွေကို ဆက်ပြီး ပြောပြပေးပါမယ်။
(၁) ဆေးလိပ်သောက်ချင်စိတ်တွေ ပြင်းထန်လာခဲ့ရင်
ဆေးလိပ်သောက်ချင်စိတ်ကို ဖြေဖျောက်ဖို့ နည်းလမ်းတွေ အများကြီး ရှိပါတယ်။ ဆေးဝါးအကူအညီနဲ့ ဖြတ်မလား ဒါမှမဟုတ် တခြားနည်းလမ်းတွေကို သုံးမလားပေါ့။
ဥပမာ ပြောရရင် ကိုယ့်ကို ဆေးလိပ်သောက်ချင်လာအောင် လှုံ့ဆော်နေတဲ့ အရာတွေကနေ ဝေးဝေးရှောင်ရပါမယ်။ ကိုယ့်ရဲ့ ဆေးလိပ်သောက်ဖော်သောက်ဖက်တွေနဲ့ မတွေ့တာ၊ ဆေးလိပ်သောက်နေကျ နေရာတွေကို မသွားတာ၊ ဆေးလိပ်သောက်ရင်း လုပ်တတ်တဲ့ အလုပ်တွေကို မလုပ်တာ စတာတွေကို လုပ်လို့ ရပါတယ်။
ဆေးလိပ်သောက်ချင်တဲ့ အတွေးဝင်လာပြီဆိုတာနဲ့ ‘ငါဆေးလိပ်ဖြတ်နေတာပဲ’ဆိုပြီး ကိုယ့်ကိုယ်ကို သတိပေးပါ။ ဆေးလိပ်ကတော့ မသောက်သောက်အောင် စွဲဆောင်မှာပါပဲ။ ဒါကို မြောမပါသွားပဲ စိတ်ခိုင်ခိုင်ထားပြီး ကျော်ဖြတ်လိုက်ပါ။
(၂) စိတ်တိုစိတ်ဆတ်လာခဲ့ရင်
စိတ်ဆတ်လာပြီဆိုတာနဲ့ ဒါက ခန္ဓာကိုယ်က နီကိုတင်းမရှိတာကို အသားကျအောင် ကြိုးစားနေလို့ ဒီလိုဖြစ်တယ်ဆိုတာကို လက်ခံလိုက်ပါ။ အသက်ကို ပြင်းပြင်းလေး ရှူသွင်းရှူထုတ်လုပ်ပါ။ ‘ငါဆေးလိပ်ဖြတ်နေတာပဲလေ’ ဆိုတာကို အာရုံသွင်းလိုက်ပါ။
(၃) ဂဏှာမငြိမ်ဘဲ ဘာလုပ်လို့ ဘာကိုင်ရမှန်းမသိဖြစ်နေရင်
ထပြီး လှုပ်ရှားမှု တစ်ခုခုလုပ်လိုက်ပါ။ လမ်းလေး ဘာလေး ထလျှောက်လိုက်ရင်တောင် ဂဏှာမငြိမ်ဖြစ်တာက နည်းနည်းလောက် သက်သာသွားမှာပါ။ ကော်ဖီ၊ လက်ဖက်ရည်နဲ့ အားဖြည့်အချိုရည်လိုမျိုး ကဖင်းပါတာတွေ သောက်တတ်ရင် ခဏရှောင်ထားပါ။ ဆေးလိပ်ဖြတ်နေတဲ့အချိန်ဆို ကဖင်းက ခန္ဓာကိုယ်မှာပိုပြီး ကြာကြာနေပါတယ်။ ကဖင်းများရင်လည်း တုန်တာက ပိုဆိုးတတ်ပါတယ်။
မှတ်ချက်များ
သင့်အတွေးများကို ဝေမျှပါ။
သင့်ကျန်းမာရေးအတွေးများကို Hello Sayarwonနဲ့ ဝေမျှလိုက်ပါ။
ဆက်သွယ်ရန် သို့မဟုတ် ဝင်မည်။ နှင့် ဝင်ရောက်ဆွေးနွေးပါမည်။