backup og meta

Copper က ကျန်းမာရေးကို ဘယ်လို အားဖြည့်ပါသလဲ.........

Copper က ကျန်းမာရေးကို ဘယ်လို အားဖြည့်ပါသလဲ.........

Copper ဆိုတာက ရှင်သန်ရေးအတွက် အရေးပါတဲ့ သတ္တုဓာတ် တစ်မျိုးပါ။ ဒီဓာတ်ကို ခန္ဓာကိုယ်ရဲ့ တစ်ရှူးတွေတိုင်းမှာတွေ့ရပါတယ်။ သွေးနီဥဆဲလ်တွေ ဖြစ်ပေါ်စေဖို့ အရေးပါတဲ့ အခန်းကဏ္ဍကနေ ပါဝင်နေသလို အာရုံကြောဆဲလ်တွေ ကျန်းမာစေဖို့ရော ကိုယ်ခံအားစနစ်ကိုပါ အကောင်းဆုံး ထောက်ကူပေးနေပါတယ်။

ဒါတင်မကသေးပါဘူး။ ခန္ဓာကိုယ်အတွက် ကော်လာဂျင် ဖြစ်ပေါ်စေဖို့ ထောက်ကူပေးသလို သံဓာတ်စုပ်ယူနိုင်စေဖို့လည်း ထောက်ကူပေးပါတယ်။ အင်အားပြည့်ဝစေဖို့လည်း ထောက်ပံ့ပေးပါတယ်။ ဒီဓာတ်ကို များသောအားဖြင့် အသည်း၊ ဦးနှောက်၊ ကျောက်ကပ် နဲ့ ကြွက်သားတွေမှာ တွေ့ရနိုင်ပါတယ်။

Copper က ကျန်းမာရေးကို ဘယ်လို အားဖြည့်ပါသလဲ………

Copperက ခန္ဓာကိုယ် ကျန်းမာစေဖို့ ထောက်ပံ့ပေးသလို ကျန်းမာနေစေဖို့လည်း ထောက်ကူပေးပါတယ်။

အရောင်ကျစေနိုင်တယ်

copperက ကိုယ်တွင်းက ရောင်ရမ်းမှုတွေကို သက်သာစေနိုင်သလို အဆစ်ရောင်တာကိုလည်း သက်သာစေနိုင်ပါတယ်။ ဒါပေမယ့် လုံလောက်တဲ့ ပမာဏ ရရှိဖို့တော့ လိုပါမယ်။ copper ပြည့်ဝစေဖို့က စားသုံးပေးတာကနေပဲ ရရှိစေမှာ ဖြစ်ပါတယ်။

ဓာတ်တိုးဆန့်ကျင် အာနိသင်ရှိတယ်

လေ့လာမှုတွေအရ copperမှာ ဓာတ်တိုးဆန့်ကျင် အာနိသင်တွေ ရှိပါတယ်။ ဓာတ်တိုးပစ္စည်းတွေကြောင့် ဆဲလ်တွေ ပျက်စီးတာကို ကာကွယ်ပေးနိုင်သလို ဆီးချို နဲ့ ကင်ဆာလိုမျိုး ရောဂါတွေ မဖြစ်စေဖို့လည်း ကာကွယ်ပေးပါတယ်။

နှလုံးသွေးကြောတွေကို ကျန်းမာစေတယ်

Copperက နှလုံးသွေးကြောတွေကို ကျန်းမာစေနိုင်ပါတယ်။ သွေးတွင်း ကိုလက်စထရောကို ကျဆင်းစေနိုင်ပြီး သွေးချိုကို ထိန်းပေးသလို နာတာရှည် ရောင်ရမ်းတာ ဓာတ်တိုးပစ္စည်းတွေကြောင့် ထိခိုက်တာတွေ မဖြစ်စေဖို့ ကာကွယ်ပေးပါတယ်။

ကိုယ်ခံအား ကောင်းစေတယ်

Copper နည်းလာတာက သွေးဖြူဥဆဲလ် အရေအတွက်ကို လျော့ကျစေနိုင်ပါတယ်။ ရောဂါတွေကို အလွယ်တကူ ကူးစက်စေနိုင်တဲ့ သဘောပါ။ ကိုယ်တွင်းမှာ copper ပမာဏ ပြည့်ဝနေမယ်ဆိုရင် သွေးဖြူဥဆဲလ်တွေကို ကျန်းမာတဲ့ အရေအတွက် ရှိနေစေပြီး ကိုယ်ခံအားကို ပြည့်ဝ ကျန်းမာနေစေမှာပါ။

အရိုးတွေ ကြံ့ခိုင်စေတယ်

ခန္ဓာကိုယ်ထဲမှာ copperနည်းလာတဲ့အခါ အရိုးပါးတာ၊ အရိုးပွတာတွေကို ခံစားရနိုင်ပါတယ်။ copperပမာဏ လုံလောက် မျှတနေတာက အရိုးတွေကို ကြံ့ခိုင်သန်မာစေမှာပါ။

ကော်လာဂျင် ထွက်ရှိစေတယ်

copperမှာ ဓာတ်တိုးဆန့်ကျင် အာနိသင်ရှိနေတာကြောင့် အရွယ်တင်စေနိုင်ပါတယ်။ တွယ်ဆက်တစ်ရှူးတွေကို ကျန်းမာစေပြီး အသားအရေကိုလည်း တင်းရင်း လှပစေမှာပါ။ အရွတ်တွေ ကျန်းမာစေဖို့လည်း အားဖြည့်ပေးနိုင်ပါတယ်။

ဦးနှောက် ကျန်းမာစေနိုင်တယ်

Copperက အာရုံကြော လုပ်ငန်းစဉ်တွေမှာလည်း အခန်းကဏ္ဍ တစ်ခုကနေ ပါဝင်နေတာပါ။ များလွန်းရင် ဦးနှောက်ကို ထိခိုက်စေတယ်ဆိုပေမယ့် လုံလောက်တဲ့ ပမာဏ ရှိဖို့တော့ လိုပါမယ်။

တစ်နေ့တာမှာ လိုအပ်မယ့် ပမာဏ

  • ဆယ်ကျော်သက်တွေ နဲ့ အရွယ်ရောက်ပြီးသူ တစ်ဦးအနေနဲ့ တစ်နေ့ကို copperပမာဏ 900 micrograms လိုအပ်မှာပါ။
  • အရွယ်ရောက်ပြီးသူ ဖြစ်မယ်။ အသက် ၁၉ နှစ်အထက် ဖြစ်မယ်ဆိုရင်တော့ တစ်နေ့ကို 10,000 mcg လိုအပ်မှာ ဖြစ်ပါတယ်။

Copper ရနိုင်မယ့် အရင်းအမြစ်တွေက ဘာတွေ ဖြစ်မလဲ…….

နေ့စဉ် စားသုံးမှုတွေကနေလည်း copperကို ရရှိနိုင်ပါတယ်။

  • အခွံမာ ပင်လယ် အစားအစာ ( ခရု၊ ကမာ၊ ဂုံး၊ ကျောက်ပုစွန်၊ ဂဏန်း)
  • ကောက်နှံတွေ
  • အစိမ်းရောင် ဟင်းသီးဟင်းရွက်တွေ
  • သစ်သီးခြောက်တွေ
  • ကိုယ်တွင်းအင်္ဂါတွေ ( အသည်း၊ ကျောက်ကပ်)
  • အခွံမာသီးတွေ (သီဟိုဠ်စေ့၊ အယ်လ်မွန်စေ့) တွေကနေ ရရှိနိုင်ပါတယ်။

[embed-health-tool-bmr]

မသက်ဆိုင်ကြောင်း ရှင်းလင်းချက်

Hello Health Group သည် ဆေးပညာအကြံဉာဏ်များ၊ ရောဂါရှာဖွေမှုများနှင့် ကုသမှုများ မပြုလုပ်ပေးပါ။

The Health Benefits of Copper https://www.verywellhealth.com/copper-benefits-4178854 Accessed Date 30 August 2021

Health benefits and risks of copper  https://www.medicalnewstoday.com/articles/288165 Accessed Date 30 August 2021

ယခုပုံစံ

08/09/2021

Aye Thi Mon မှ ရေးသားသည်။

မှ အချက်အလက် စစ်ဆေးထားပါသည်။ Dr. Htet Htet Zaw Win

Dr. Htet Htet Zaw Win မှ ပြင်ဆင်ခဲ့ပါသည်။


ဆက်စပ် အကြောင်းအရာများ

အဆီမှာ ပျော်ဝင်သော ဗီတာမင်များနှင့် ဘေးထွက်ဆိုးကျိုးများ

ဗီတာမင် B12 ချို့တဲ့ ခြင်းနှင့် ကျီးကန်းပါးစပ်


မှ အချက်အလက် စစ်ဆေးထားပါသည်။

Dr. Htet Htet Zaw Win


Aye Thi Mon မှ ရေးသားသည်။ · 08/09/2021 တွင် အသစ်ဖြည့်စွက်ခဲ့သည်။

ad iconadvertisement

ဤဆောင်းပါးက အကူအညီဖြစ်ပါသလား။

ad iconadvertisement
ad iconadvertisement