အသားလေးလှလိုက်တာ
ကော်လာဂျင်သောက်လို့လေ။ ဟင်..ဒါဆို အသားလှဖို့က ကော်လာဂျင်မဖြစ်မနေသောက်ဖို့လိုမှာလား။ ဒီလိုလဲမဟုတ်သေးပါဘူး။ အသားလှဖို့အတွက် ကော်လာဂျင်ရနိုင်တဲ့
အစားအစာတွေရှိပါတယ်။ ဒါဆို ဘာတွေစားရမလဲ……..
အသားအရေလှပအောင် ကော်လာဂျင်ကြွယ်ဝစေဖို့ ဘာတွေစားမလဲ………
အသားအရေလှပအောင် ကော်လာဂျင်ကြွယ်ဝစေဖို့အတွက်ဒါတွေစားပေးလို့ရပါတယ်။
ငါးစားတဲ့အခါ တော်တော်များများကအရေခွံကို ဖယ်စားလေ့ရှိကြပါတယ်။ ကော်လာဂျင်ကြွယ်ဝဖို့ဆိုရင်တော့ ငါးစားတဲ့အခါအရေခွံကိုပါစားဖို့ပြောပါရစေ။ အကြောင်းကတော့ ငါးအရေခွံမှာပါတဲ့ အမိုင်နိုအက်ဆစ်က ကော်လာဂျင်ထုတ်ဖို့အတွက် အကောင်းဆုံးလှုံ့ဆော်ပေးပါတယ်။ ငါးအရေခွံမှာ အရေပြားကျန်းမာရေးအတွက်အရေးအပါဆုံး ကော်လာဂျင်အမျိုးအစားဖြစ်တဲ့ Type I collagen ပါဝင်နေပါတယ်။ တစ်နေ့ကို အရွယ်တော် ငါး နှစ်တုံးစားပေးမယ်ဆိုရင် အရေပြားအတွက် လိုအပ်တဲ့ ကော်လာဂျင်ကို ပြည့်ပြည့်ဝဝရရှိစေမှာဖြစ်ပါတယ်။
အရိုးစွပ်ပြုတ်က ကော်လာဂျင်ကြွယ်ဝတယ်လို့ နာမည်ကြီးတဲ့ အစားအစာတစ်ခုပေါ့။ အချိန်ကြာကြာလေး ပြုတ်ထားတဲ့ အမဲရိုး၊ ကြက်ရိုး၊ ဆိတ်ရိုး၊ ဝက်ရိုးစွပ်ပြုတ်တွေက ကော်လာဂျင်ကြွယ်ဝစွာပါဝင်နေပါတယ်။ ဒါကြောင့် အချိန်ကြာကြာပြုတ်ထားတဲ့ အရိုးစွပ်ပြုတ်ကို တစ်ပတ်နှစ်ကြိမ်လောက်သောက်ပေးပါ။ ခန္ဓာကိုယ်အတွက်လိုအပ်တဲ့ ကော်လာဂျင်ကို ပြည့်ဝစွာရရှိစေမှာဖြစ်ပါတယ်။
စတော်ဘယ်ရီ၊ ဘလက်ခ်ဘယ်ရီ၊ ရက်စ်ဘယ်ရီ၊ ဘလူးဘယ်ရီသီးတို့မှာ အရေပြားကျန်းမာရေးကို အကောင်းဆုံးစောင့်ရှောက်ပေးနိုင်တဲ့ ဗီတာမင် C ကြွယ်ဝစွာပါဝင်နေသလို အသားအရေကို
နေလောင်ဒဏ်ကနေ အထိရောက်ဆုံး ကာကွယ်ပေးနိုင်တဲ့ ellagic acid ပါဝင်နေပါတယ်။ တစ်ပတ်ကို ၃ ကြိမ်လောက် ဘယ်ရီသီး တစ်ခွက်စာ စားပေးပါ။
ဇင့်ဓာတ်ကြွယ်ဝစွာပါဝင်နေပါတယ်။ ဒါတွေတင်မကသေးပါဘူး။ အမဲသားမှာ ကော်လာဂျင်ထွက်ရှိမှုကို တိုးမြှင့်ပေးတဲ့ ဇင့်အပြင် ကော်လာဂျင်ထွက်ရှိမှုအတွက် အရေးပါတဲ့ အမိုင်နိုအက်ဆစ် ၃ မျိုးဖြစ်တဲ့ glycine၊ proline နဲ့ hydroxyproline တို့ပါဝင်နေပါတယ်။ တစ်ပတ်ကို အမဲသား ၂၅ သား ကနေ ၃၀ သားလောက်စားပေးလို့ရပါတယ်။
ကြက်ဥအကာမှာ ကော်လာဂျင်ထွက်ရှိလာစေဖို့ လှုံ့ဆော်ပေးတဲ့ အမိုင်နိုအက်ဆစ်ကြွယ်ဝစွာပါဝင်နေပါတယ်။ ဥအမျိုးမျိုးကို စားသုံးပေးတာက အရေပြားတင်မဟုတ်ပါဘူး။
ဆံသားကိုပါကျန်းမာစေနိုင်ပါတယ်။ ဒါကြောင့် တစ်ပတ်ကို ဥအမျိုးမျိုးကို ၃ ကြိမ် ကနေ ၅ ကြိမ်အထိစားပေးလို့ အသားအရေနဲ့ ဆံသားရဲ့ ကောင်းခြင်းတို့နဲ့ ပြည့်စုံလိုက်ပါ။
အစ်မ်းရင့်ရောင် ဟင်းရွက်တွေ
ဒါတွေအပြင် အယ်လ်မွန်စေ့၊
ပဲနီလေး၊ ကီဝီသီး၊ မုန်လာဥနီ၊ ကမာတို့ကိုစားပေးလို့ရပါတယ်။ ကော်လာဂျင်ကို ဆေးသောက်မှရတယ်ရယ်မဟုတ်ပါဘူး။ အခုလို အစားအစာတွေစားပေးရင်လည်းရနိုင်ပါတယ်။
ဒီတော့ ကော်လာဂျင်ပြည့်ဝအောင် အခုပြောပြတဲ့ အစားအစာတွေထဲက အနည်းဆုံး ၃ မျိုးလောက်တော့ ပုံမှန်စားပေးနော်။ စိုပြည်ကျန်းမာလှပတဲ့ အသားအရေကို ပိုင်ဆိုင်နိုင်ကြပါစေကြောင်း………………
[embed-health-tool-bmr]