backup og meta

နေလောင်ဒဏ်ကာကွယ်ခြင်း အရေးကြီးပုံ

မှ အချက်အလက် စစ်ဆေးထားပါသည်။ Dr. Kaung Thar


Dr. Zin Thu Thu Win မှ ရေးသားသည်။ · 12/05/2020 တွင် အသစ်ဖြည့်စွက်ခဲ့သည်။

    နေလောင်ဒဏ်ကာကွယ်ခြင်း အရေးကြီးပုံ

    မိဘများသည် မိမိ၏ကလေးများကို အပြင်ထွက်ရန်ပြောလေ့ရှိကြသည်။ ကျွန်တော်တို့လည်း နေရောင်ခြည်ထဲထွက်ရသည်ကို ကြိုက်ကြသည်။ နေရောင်ခြည်သည် ခန္ဒါကိုယ်အရိုးများကို သန်မာစေသော ဗီတာမင်D ကိုပေးစွမ်းပါသည်။ သို့သော် နေရောင်ခြည်ထဲအချိန်ကြာစွာနေလျှင် နေလောင်တတ်ပါသည်။ အဘယ်ကြောင့်ဆိုသော် နေရောင်ခြည်ထဲတွင် ယူဗီရောင်ခြည်ပါဝင်သောကြောင့်ဖြစ်ပါသည်။ ယူဗီရောင်ခြည်သည် အသားအရည်ထိခိုက်ရုံသာမက မျက်စိ ကိုယ်ခံအားနှင့် အရေပြားကင်ဆာရောဂါများလည်းဖြစ်တတ်ပါသည်။

    ထို့ကြောင့် ယူဗီရောင်ခြည်မှကာကွယ်ရန် အရေးကြီးပါသည်။ အောက်ဖော်ပြပါ အချက်များနှင့် ကာကွယ်နိုင်ပါသည်။

    ယူဗီရောင်ခြည်ပါဝင်နှုန်းတိုင်း ကိရိယာ

    ရှေးဦးစွာ နေရောင်ခြည်သည်မည်သည့်အချိန်တွင် အမြင့်ဆုံးဖြစ်သည်ဆိုသည်ကို သိထားရပါမည်။ သိထားမှသာ အန ္တရာယ်ရှိနိုင်သည့် ရောင်ခြည်မျိုးကိုရှောင်ရှားနိုင်ပါသည်။ ယူဗီပါဝင်နှုန်းကိရိယာ နှင့် တိုင်လျှင် နေရောင်ခြည်ပါဝင်သောရောင်ခြည်များ၏ပြင်းအားကို တိုင်းနိုင်မည်ဖြစ်ပါသည်။ ယူဗီရောင်ခြည်တွင် ပြင်းအား ၄မျိုးရှိပါသည်။

    အနိမ်းဆုံးအဆင့် (၁-၂) ၊ အလယ်အလတ်အဆင့်(၃-၅)၊ အမြင့်အဆင့် (၆-၇)၊ အမြင့်ဆုံးအဆင့် (၈-၁၀)၊ လွန်ကဲအဆင့် (၁၁ နှင့် အထက်) တို့ဖြစ်ပါသည်။ ယူဗီရောင်ခြည်သည် ၃ဟုဆိုလျှုင် အသားအရည်လောင်ကျွမ်းနိုင်သည့် အဆင့်ဖြစ်ပါသည်။ ကာကွယ်မှုယူရပါမည်။ နေလောင်နိုင်မှုအများဆုံးဖြစ်နိုင်သော အချိန်မှာ ၁၀နာရီမှ ၄နာရီကြားဖြစ်ပါသည်။ နေ့တစ်နေ့၏ရောင်ခြည်ပြင်းအားကို ပုံကြမ်းဆွဲကြည့်ပါက ခေါင်းလောင်းပုံစံရရှိပါမည်။ ထိုအချက်ကို ကြည့်ခြင်းဖြင့် မနက်ပိုင်းတွင် ယူဗီပါဝင်မှုနှုန်းအနည်းဆုံးဖြစ်၍ ဗီတာမင်ဒီဓါတ်ရရှိရန် အကောင်းဆုံးဖြစ်ပါသည်။

    နေရောင်ခြည်၏ အသားအရေအပေါ်သက်ရောက်မှု

    နေရောင်ခြည်သည် သဘာဝအရ ဗီတာမင်ဒီဓါတ်ကိုဖြည့်စွမ်းပေးပါသည်။ အရိုးများကို သန်မာစေပါသည်။ ထို့အပြင် အိုမင်းရင့်ရော်ခြင်းမှလည်းကာကွယ်ပေးနိုင်ပါသည်။ အသားအရေနုပျိုကာ ကျန်းမာစေပါသည်။ နေရောင်ခြည်သည် ထိုကဲ့သို့အကျိုးကျေးဇူးများပေးသော်လည်း ယူဗီရောင်ခြည်မှာ လူကိုဒုက္ခပေးနိုင်ပါသည်။

    လူ့အသားအရည်ကို အပြင်လွှာနှင့် အတွင်းလွှာဟူ၍ နှစ်မျိုးခွဲခြားနိုင်ပါသည်။ ယူဗီရောင်ခြည်နှင့် ဓါတ်မတည့်ခြင်းဖြစ်ပါက အပြင်လွှာတွင်ဦးစွာတွေ့ရပါသည်။ အပြင်လွှာတွင် အသားအရည်ရောင်ခြယ်ပေးသော မင်လနင်ဓါတ်ပါဝင်ပါသည်။ မင်လနင်သည် အလင်းစွမ်းအင်ကို စုပ်ယူ၍ အသားအရေကို ယူဗီရောင်ခြည်မှကာကွယ်၍ အရေပြားကင်ဆာဖြစ်ခြင်းမှကာကွယ်ပေးပါသည်။

    နေလောင်ခြင်းများလျှင် မင်လနင်ဆဲလ်များလောင်ကျွမ်းပြီးအရေပြားတင်းရင်းမှုကို လျော့ကျစေပါသည်။ အရွယ်မတိုင်ခင် အိုမင်းရင့်ရော်စေပါသည်။

    မင်လနင်ဓါတ်မရှိလျှင် ယူဗီရောင်ခြည်များသည် အရေပြားအတွင်းလွှာထိထိုးဖောက်လာပြီး အရေပြားရှိဆဲလ်များကို ထိခိုက်ပျက်စီးစေပါသည်။ အရေပြားထိခိုက်နိုင်သူများသည် မိမိတို့အသားအရည်ကာကွယ်ရန် လုံခြုံသောအဝတ်အစား နေရောင်ခြည်ကာလိမ်းဆေးများ နှင့် နေရောင်ခြည်ထဲထွက်သည့်အချိန်ကို လျော့ချရပါမည်။

    နေရောင်ခြည်ကာကွယ်ခြင်း

    ယခင်တွင် အရေပြားကင်ဆာသည် အခြားသောကင်ဆာများထက်ဖြစ်ပွားမှု များပါသည်။ ထိုသို့မြင့်မားခြင်းမှာ အပြင်ထွက်နှုန်းများခြင်း နှင့် နေရောင်ခြည်ထိနှုန်းများခြင်းတို့ကြောင့်ဖြစ်ပါသည်။ သတင်းကောင်းမှာ အရေပြားကင်ဆာ ဖြစ်သော လူ၅ယောက်တွင် ၄ယောက်သည် ကာကွယ်၍ရသောအခြေအနေဖြစ်ပါသည်။

    အရိပ်ရသောနေရာတွင်နေခြင်း၊ အဝတ်အစား၊ ဦးထုပ် စသည်တို့သည် နေရောင်ခြည်ကာရန် အကောင်းဆုံးနည်းလမ်းများဖြစ်ပါသည်။ နေရောင်ခြည်ကာလိမ်းဆေးသည်လည်း အလှအပရေးရာနှင့် ကျန်းမာရေးရှုထောင့်မှ ခေတ်စားလာသော နည်းလမ်းတစ်မျိုးဖြစ်ပါသည်။ မျက်နှာတွင်သာမက အခြားသောနေရာများတွင်လည်း လိမ်းထားသင့်ပါသည်။ နေရောင်ခြည်ကာလိမ်းဆေးများလိမ်းထားသော်လည်းနေရောင်ခြည်တွင်ကြာကြာမနေသင့်ပါ။

    ယူဗီပါဝင်မှုနှုန်းကိုကြည့်၍ ပါဝင်မှုနှုန်းအများဆုံးရှိသောအခြေအနေမျိုးကို ရှောင်ရှားရပါမည်။ နေ့လည်နေ့ခင်းအပြင်ထွက်ခြင်းကိုရှောင်ကြဉ်ပါ။

    နေရောင်ခြည်သည် ခန္ဒါကိုယ်အတွက်ကောင်းသည်ဟုဆိုသော်လည်း ၁၀နာရီ မှ ၃နာရီကြားနေရောင်ထဲထွက်ခြင်းကိုရှောင်ကြဉ်ရပါမည်။

    နေလောင်စေသော နေရာများ စက်များ ရှောင်ကြဉ်ပါ။ နေလောင်သောအသားအရည်ကိုလိုချင်ပါက ရှောင်ရှားသင့်သည်များကိုအရင်သိထားရပါမည်။

    နေရောင်ထဲထွက်လျှင် လုံလုံခြုံခြုံဝတ်ဆင်ပါ။ ဦးထုပ်ဆောင်းခြင်းဖြင့် မျက်လုံး နားရွက် မျက်နှာ နှင့် လည်ပင်းများကို နေရောင်ခြည်ဒဏ်မှ ကာကွယ်ပေးပါသည်။

    နေကာမျက်မှန်သည် လည်းနေရောင်ခြည်ဒဏ်မှ ကာကွယ်ပေးနိုင်ပါသည်။ ပွယောင်းသော အဝတ်အစားများ ချည်ထည်များသည် အထောက်အကူဖြစ်ပါသည်။

    အရေပြားကင်ဆာကာကွယ်ရန် အဓိက အချက်မှာ နေ့လည်နေ့ခင်းတွင် နေရောင်ထဲမထွက်ရန်ဖြစ်ပါသည်။ “အရိပ်ကိုကြည့်ပါ ။ အရိပ်တိုလျှင် အရိပ်ကိုရှာပါ။” ဆိုသော ထုံးနှလုံးမူရပါမည်။ သစ်ပင် ထီး အစရှိသည်များသည် ၁၀၀ရာခိုင်နှုန်းနေရောင်ခြည်ကာကွယ်မှုကို မပေးစွမ်းနိုင်ပါ။

    ကလေးများကို ကာကွယ်ခြင်း

    အပြင်မှာဆော့လေ့ရှိသော ကလေးများအဖို့ မိမိကိုယ်ကို မည်သို့ကာကွယ်မလဲကိုသိထားရပါမည်။ ကလေးများသည် လူကြီးများထက် ပို၍ သဘာဝအပြောင်းအလဲကို ခံရပါသည်။ သူတို့၏ကြီးထွားမှုလည်းသဘာဝပတ်ဝန်းကျင်အပေါ်မူတည်ပါသည်။ ထိုသို့လုပ်ဆောင်ရန် ကလေးများကို ယူဗီရောင်ခြည်နှင့် ပတ်သက်သော ကျန်းမာရေးပညာပေးမှုများ နေထိုင်မှုပုံစံကို သင်ကြားပေးရပါမည်။ ထို့အတွက်ကျောင်းသည် လွန်စွာမှ အရေးကြီးပါသည်။

    Hello Health Group သည် ဆေးပညာအကြံပြုချက်များ၊ ရောဂါရှာဖွေမှုများနှင့် ကုသမှုများကို မပြုလုပ်ပေးပါ

    မသက်ဆိုင်ကြောင်း ရှင်းလင်းချက်

    Hello Health Group သည် ဆေးပညာအကြံဉာဏ်များ၊ ရောဂါရှာဖွေမှုများနှင့် ကုသမှုများ မပြုလုပ်ပေးပါ။

    မှ အချက်အလက် စစ်ဆေးထားပါသည်။

    Dr. Kaung Thar


    Dr. Zin Thu Thu Win မှ ရေးသားသည်။ · 12/05/2020 တွင် အသစ်ဖြည့်စွက်ခဲ့သည်။

    advertisement iconadvertisement

    ဤဆောင်းပါးက အကူအညီဖြစ်ပါသလား။

    advertisement iconadvertisement
    advertisement iconadvertisement