အမျှင်ဓါတ်များတဲ့ အစားအစာတွေ
နေမကောင်းတဲ့အခါ အမျှင်ဓါတ်များတဲ့ အစားအစာတွေကို မစားနဲ့နော်။ အမျှင်ဓါတ်က ခန္ဓါကိုယ်အတွက်လိုအပ်သလို ကိုယ်အလေးချိန်ကို ကျစေတာလည်းမှန်ပေမယ့်နေမကောင်းလို့ဆေးတွေသောက်နေရချိန်မှာ စားသုံးမယ်ဆိုရင်တော့ဆေးအာနိသင်ကိုလျော့ပါးစေနိုင်တာကြောင့်နေမကောင်းတာကို တာရှည်စေနိုင်ပါတယ်။ ဒါကြောင့်နေထိုင်မကောင်းတဲ့အခါ အမျှင်ဓါတ်များစွာပါဝင်တဲ့ အစားအစာတွေကိုရှောင်ပါ။
အရက်
ဒါကတော့ပြောစရာလိုမယ်မထင်ပါဘူး။နေမကောင်းတဲ့အခါ အရက်ကိုမဖြစ်မနေရှောင်ရမှာပါ။ အရက်က Antibiotics(ပဋိဇီဝဆေး) တွေရဲ့ အာနိသင်ကို ထိခိုက်စေတာမဟုတ်ပါဘူး။ဘေးထွက်ဆိုးကျိုးတွေဖြစ်စေတာပါ။ အစာအိမ်အူလမ်းကြောင်းြပဿနာတွေ၊ခေါင်းထဲကငြီးစီစီဖြစ်တာတွေလိုမျိုးပေါ့။နေမကောင်းတာကိုလည်း တာရှည်စေနိုင်ပါတယ်။
ကဖင်းပါတဲ့စားစရာတွေ
ကဖင်းဓါတ်ပါတဲ့သောက်စရာတွေနဲ့ဆေးတွေကို တွဲဖက်စားသုံးမယ်ဆိုရင်ဆေးရဲ့ အာနိသင်ကို ပျက်ပြယ်စေနိုင်ပါတယ်။ ဒါကြောင့်နေထိုင်မကောင်းတဲ့အခါကော်ဖီ၊လက်ဖက်ရည်၊ ရေနွေးကြမ်းတို့လိုမျိုး ကဖင်းပါတဲ့သောက်စရာတွေနဲ့ဆေးကိုတွဲဖက်သောက်သုံးတာမျိုး မလုပ်ပါနဲ့။
နောက်တစ်ချက်က ပန်းနာရင်ကျပ်ဝေဒနာရှင်တွေအနေနဲ့ကော်ဖီကိုလုံးဝရှောင်ရှားသင့်ပါတယ်။ကော်ဖီမှာပါတဲ့ ကဖင်းဓါတ်က အာရုံကြောတွေအပေါ်မှာ သက်ရောက်မှုရှိသလို ရင်တုန်တာနဲ့ စိတ်အရမ်းလှုပ်ရှားတာမျိုးဖြစ်စေနိုင်ပါတယ်။
နေမကောင်းဖြစ်တဲ့အခါမြန်မြန်သက်သာချင်ရင်တော့ ဒီအစားအစာတွေကိုရှောင်ကြဉ်ပြီး ဆေးကို စနစ်တကျသောက်သုံးပေးပါ။ အစားအသောက်ကို ဂရုစိုက်တာကလည်း မြန်မြန်နေကောင်းစေဖို့အတွက် အကောင်းဆုံးသောနည်းလမ်းတွေထဲက တစ်ခုပါ။
Hello Health Group သည်ဆေးပညာအကြံပြုချက်များ၊ ရောဂါရှာဖွေအတည်ပြုချက်များနှင့် ကုသမှုများ မပြုလုပ်ပေးပါ။
မှတ်ချက်များ
သင့်အတွေးများကို ဝေမျှပါ။
သင့်ကျန်းမာရေးအတွေးများကို Hello Sayarwonနဲ့ ဝေမျှလိုက်ပါ။
ဆက်သွယ်ရန် သို့မဟုတ် ဝင်မည်။ နှင့် ဝင်ရောက်ဆွေးနွေးပါမည်။