ထမင်းစားတဲ့အခါ အကြော်လေးတစ်ခွက်၊ ဆီပြန်လေးတစ်ခွက်၊ အရည်ဟင်းလေး၊ ငပိရည်၊တို့စရာလေးနဲ့မှ ခံတွင်းမြိန်တယ်ဟုတ်။ တစ်ခါတလေ ဘာစားရမှန်းမသလို့ ငါးလေးပဲကြွပ်ကြွပ်ကြော်စားလိုက်တယ်၊ ကြက်သားလေးပဲကြော်စားလိုက်တယ်ဆိုတာမျိုးတွေရှိတယ်ဟုတ်။ မုန့်ဟင်းခါးစားစား၊ အသုပ်စားစား အကြော်လေးထည့်စားရမှာ ခံတွင်းတွေ့တဲ့သူတွေရှိနေတယ်မှတ်လား။ ဒါဆိုရင်တော့ ဆီကြော်တွေအကြောင်းနည်းနည်းလောက်ပြောကြရအောင်နော်။