backup og meta

ကဖင်းဆိုတိုင်း လန်းရောလား

ကဖင်းဆိုတိုင်း လန်းရောလား
အိပ်ငိုက်လိုက်တာကော်ဖီေသာက်ပါလား။ ဒါမှမဟုတ် လက်ဖက်ရည်ေလးဖြစ်ဖြစ်ပေါ့ လို့ပြောနေကြတာကြားဖူးမှာပါ။ ညကအိပ်ရေးပျက်တယ် အိပ်ငိုက်တော့မှာပဲ၊ လက်ဖက်ရည်ကျကျလေးသောက်လိုက်မယ်ဆိုတာရော၊ အိပ်ချင်ပြေ လက်ဖက်သုပ်လေးစားပါလား၊ဆိုတာတွေက အိပ်ငိုက်လိုက်တာဆိုတဲ့ စစကားတစ်ခွန်းအတွက်ပေးတတ်ကြတဲ့အဖြေတွေပေါ့။ ဒါဆိုရင် ဒီအစားအစာတွေက အိပ်ချင်ပြေစေတယ်ဆိုတဲ့သဘောပေါ့။နောက်တစ်ခွန်းကျန်သေးတယ်ခေါင်းထဲမှာမကြည့်ဘူး။ခေါင်းကြည်ပြီး လန်းသွာအောင်ကော်ဖီသောက်ပါလားဆိုတာမျိုးပေါ့။ အခုပြောခဲ့တာတွေအားလုံးက ကဖင်းပါတဲ့ အစားအစာတွေပါ။ ဒီနေရာမှာမေးစရာတစ်ခုက ခန္ဓါကိုယ်မှာ မလန်းမဆန်းဖြစ်နေရင် ကဖင်းပါတာတစ်ခုခုစားပြီး လန်းအောင်လုပ်လို့ရတာလား။ ကဖင်းက အတန်အသင့်ဆိုရင် လန်းဆန်းစေနိုင်ပေမယ့် အရမ်းများရင်တော့ ပါဝါမတက်ဘဲ ပါဝါထိုးကျသွားမှာပါ။

ကဖင်းဆိုတိုင်း လန်းရောလား

အရာရာက တန်ဆေး လွန်ဘေးပါ။ ကဖင်းက အတန်အသင့်ဆိုရင် တက်ကြွလန်းဆန်းစေနိုင်ပေမယ့် အရမ်းများသွားရင်တော့နေမထိထိုင်မသာဖြစ်တာ၊ အသားတွေတုန်လာတာမျိုး၊ရင်တွေတုန်လာတာမျိုး ကျန်းမာရေးဆိုးကျိုးတွေခံစားရနိုင်ပါတယ်။

ကဖင်းလွန်ရင်ဘာဖြစ်မလဲ

စိတ်ပူပန်မယ်
ကဖင်းက တက်ကြွစေနိုင်တယ်ဆိုပေမယ့် အရမ်းများရင်တော့ ပင်ပန်းသလိုခံစားလာရပါလိမ့်မယ်။ ကဖင်းကို အတန်အသင့်သောက်တာက စိတ်ကြည်လင်လန်းဆန်းစေနိုင်တယ်ဆိုပေမယ့် လိုတာထက်ပိုသောက်ရင်တော့ ပိုလန်းလာမှာ မဟုတ်ဘဲ အာရုံရှုပ်ထွေးပြီး စိတ်ပူပန်မှုတိုးလာစေမှာပါ။
အိပ်မပျော်ဖြစ်မယ်
သောက်လိုက်ခါစမှခေါင်းကြည်ပြီး အိပ်မငိုက်တော့ဘဲဖြစ်နိုင်ပေမယ့် ညဘက်အိပ်တဲ့အခါမှာလည်း ဘယ်လိုမှကောင်းကောင်းအိပ်မပျော်တော့တာမျိုးဖြစ်လာနိုင်ပါတယ်။ ဒါကြောင့် တစ်ခွက်၊နှစ်ခွက်ထက်ပိုမသောက်မိပါစေနဲ့။
အစာခြေစနစ်ပြဿနာခံစားရနိုင်တယ်
ကော်ဖီ နည်းနည်းလောက်သောက်တာ၊ ကဖင်းပါတဲ့ အစားအသောက်ကို နည်းနည်းလောက်စားတာက အစာခြေစနစ်ကို ကျန်းမာစေနိုင်တယ်ဆိုပေမယ့် အရမ်းများသွားရင်တော့ ဝမ်းပျက်တာနဲ့ စားချဉ့်ရည်ပြန်ဆန်တက်တာမျိုးဖြစ်နိုင်ပါတယ်။
သွေးတိုးေစနိုင်တယ်
ကဖင်းဓါတ်အလွန်အကျွံ စားသုံးမှုက နှလုံးရောဂါဖြစ်နိုင်ခြေကို တိုးစေနိုင်သလိုလေဖြတ်တာကိုဖြစ်စေနိုင်ပါတယ်။လေ့လာမှုတွေအရတော့ ကဖင်းဓါတ်က အာရုံကြောစနစ်ကို လှုံ့ဆော်ပေးနိုင်တာကြောင့်သွေးပေါင်ချိန်ကိုမြင့်တက်စေနိုင်ပါတယ်။

ခြေကုန်လက်ပမ်းကျမယ်

ကော်ဖီ၊လက်ဖက်ရည်နဲ့ အခြား ကဖင်းဓါတ်ပါတဲ့သောက်စရာတွေက တိုက်ရိုက်အကျိုးဆက်အနေနဲ့ တက်ကြွလန်းဆန်းစေနိုင်တယ်ဆိုပေမယ့် တကယ်တော့နောက်ပိုင်းရရှိလာမယ့် အကျိုးဆက်က ခန္ဓါကိုယ်မှာ အင်အားကုန်ခမ်းပြီးခြေကုန်လက်ပမ်းကျသွားတာပါ။

ဆီးခဏခဏ သွားမယ်၊ ဆီးမအောင့်နိုင်ဖြစ်မယ်

ကဖင်းဓါတ်က ဆီးရွှင်စေနိုင်ပါတယ်။ ကဖင်းပါတဲ့ကော်ဖီ၊လက်ဖက်ရည်တွေကိုသောက်မိရင်ဖြစ်ဖြစ် ကဖင်းပါတဲ့ အချိုရည်တွေကိုသောက်ပြီးရင်ဖြစ်ဖြစ် ခဏခဏ ဆီးသွားချင်နေတာမျိုးဖြစ်နိုင်ပါတယ်။ ဒီလိုဆီးခဏခဏသွားတာနဲ့အတူဖြစ်လာနိုင်တာကရေဓါတ်ဆုံးရှုံးတာပါ။

သွေးတွင်းသကြားဓါတ်ြမင့်တက်စေနိုင်တယ်

ကဖင်းဓါတ်က အမျိုးအစား – ၂ ဆီးချိုရောဂြါဖစ်နိုင်ခြေကို ကျဆင်းစေနိုင်တယ်ဆိုပေမယ့် ဆီးချိုရှိပြီးသူတွေမှာတော့ ကဖင်းများလွန်းရင်သွေးတွင်းသကြားဓါတ်မြင့်တက်စေနိုင်ပြီး အင်ဆူလင်တုံ့ပြန်နိုင်မှုကို ထိခိုက်စေနိုင်ပါတယ်။

ကဖင်းပါတဲ့အရာတွေကို အလွန်အကျွံစားမိတာ၊သောက်မိတာတွေကြောင့် ပိုလန်းမသွားပါဘူး။ ပိုပြီး ဂါ သွားနိုင်တယ်နော်။ ဒီတော့ အိပ်ရေးပျက်တိုင်း ကဖင်းကိုချည်းသောက်မနေဘဲပြည့်ဝတဲ့ အိပ်စက်မှုလေးရအောင်ဂရုစိုက်ပါလို့ တိုက်တွန်းပါရစေ။

Hello Health Group သည် ဆေးပညာဆိုင်ရာ အကြံပေးချက်များ၊ ရောဂါရှာဖွေခြင်းနှင့် ကုသခြင်းများ မပြုလုပ်ပါ။

[embed-health-tool-bmr]

မသက်ဆိုင်ကြောင်း ရှင်းလင်းချက်

Hello Health Group သည် ဆေးပညာအကြံဉာဏ်များ၊ ရောဂါရှာဖွေမှုများနှင့် ကုသမှုများ မပြုလုပ်ပေးပါ။

9 Side Effects of Too Much Caffeinehttps://www.healthline.com/nutrition/caffeine-side-effects Accessed Date 20 February 2019

ယခုပုံစံ

23/06/2022

Aye Thi Mon မှ ရေးသားသည်။

Dr. Htet Htet Zaw Win မှ ပြင်ဆင်ခဲ့ပါသည်။


ဆက်စပ် အကြောင်းအရာများ

ကော်ဖီက ကောင်းတယ်၊ မကောင်းဘူး ငြင်းနေတဲ့သူတွေ ဘယ်သူမှန်လဲ ။ ။

ကိုယ်ဝန်ဆောင်နေစဉ်အတောအတွင်း ကဖင်းဓါတ်ကြောင့် သင့်ကလေးကိုမည်ကဲ့သို့သက်ရောက်နိုင်သနည်း။



Aye Thi Mon မှ ရေးသားသည်။ · 23/06/2022 တွင် အသစ်ဖြည့်စွက်ခဲ့သည်။

ad iconadvertisement

ဤဆောင်းပါးက အကူအညီဖြစ်ပါသလား။

ad iconadvertisement
ad iconadvertisement