backup og meta

အဝလွန်တာကို ခွဲစိတ်ပြီး ကုသလို့ရတယ် ဆိုတာ တကယ်လား။ ။

အဝလွန်တာကို ခွဲစိတ်ပြီး ကုသလို့ရတယ် ဆိုတာ တကယ်လား။   ။

ကိုယ်အလေးချိန်ကလည်းများနေတယ်။ ချက်ချင်း ဝိတ်မကျတော့ဘူးဆိုရင် ကျန်းမာရေးကိုထိခိုက်နိုင်တယ်။ လုံးဝ မစားဘဲနဲ့လည်း မနေနိုင်ဘူး။ ကိုယ်လက်လှုပ်ရှားမှု လုပ်ဖို့လည်း ခက်နေတယ်ဆိုတဲ့ အဝလွန်တဲ့သူတွေ အတွက် ကိုယ်အလေးချိန်ကျသွားစေဖို့ နည်းပညာအသစ်တွေပေါ်ထွန်းလာပါပြီ။ အစားလျှော့ ရတာလည်းမဟုတ်၊ လေ့ကျင့်ခန်းလုပ်ရတာလည်း မဟုတ်ဘဲ ခွဲစိတ်မှုလုပ်ပြီး ဝိတ်ချတဲ့နည်းပညာတွေ ပေါ်ထွက်လာခဲ့ပါပြီ။ ထူးဆန်းလိုက်တာနော်။ ဘယ်လိုများပါလိမ့်။ ။

ဝိတ်ကျစေဖို့ ခွဲစိတ်လို့ရတယ်ဆိုတာ ဘာကိုပြောတာလဲ ။ ။

အဆီစုပ်ထုတ်တာနဲ့ မတူပါဘူး။ သူက အစာအိမ်ကို သေးသွားအောင် ကြိုးချည်လိုက်တဲ့သဘာပါ။ အစာအိမ်ကို သိမ်အောင် ကြိုးနဲ့ စည်းထားလိုက်တဲ့အခါကျ ဗိုက်မြန်မြန်ပြည့်လွယ်သွားပြီး စိတ်လွတ်ကိုယ်လွတ် မစားမိတော့ပါဘူး။ ဒီလိုနဲ့ တစ်ခါတည်း အများကြီး ပြည့်အင့်နေအောင် မစားဖြစ်တော့လို့ ကိုယ်ထဲဝင်လာမယ့် ကယ်လိုရီတွေ နည်းသွားမှာဖြစ်ပြီး အချိန်တစ်ခုရောက်သွားတဲ့အခါ ကိုယ်အလေးချိန်သိသိသာသာ ကျဆင်းသွားမှာဖြစ်ပါတယ်။

ဒါဆို ခွဲစိတ်နည်း ဘယ်နှစ်မျိုးရှိလဲ ။ ။

၁ ။ Roux-en-Y gastric bypass

  • Roux-en-Y gastric bypass ဆိုတာ အစာအိမ်ထဲမှာ အိတ်သေးသေးလေးတစ်ခု ဖန်တီးလိုက်တာဖြစ်ပြီး စားလိုက်တဲ့အစာတွေအားလုံး အဲ့ဒီ အိတ်လေးထဲရောက်အောင် ဖန်တီးထားတာဖြစ်ပါတယ်။ ပင်မ အစာအိမ်နဲ့လည်း ဆက်ထားတဲ့အတွက် အစာခြေရည်တွေ အိတ်လေးထဲ အလွယ်တကူရောက်နိုင်လို့ အစာမချေနိုင်မှာ အတွက် စိတ်ပူစရာ မလိုပါဘူး။ ချေပြီးတဲ့ အစားတွေကိုလည်း အူသိမ်ထဲရောက်အောင် အူသိမ်နဲ့လည်းဆက်ထားတဲ့အတွက် သူက ပင်မအစာအိမ်တစ်ခုလိုပဲ အလုပ်တွေ အကုန်လုပ်ပါတယ်။ အဝလွန်တဲ့သူတွေအတွက် ရလာမယ့် ကောင်းကျိုးကတော့ သူက ပင်မအစာအိမ်လောက် မကြီးတဲ့အတွက် အစားအများကြီး မစားမိတော့ ကယ်လိုရီတွေလည်း သိပ်မတက်တော့ဘူးပေါ့။

၂ ။ Laparoscopic adjustable gastric banding

  • သူကတော့ အစာအိမ်အပေါ်ပိုင်းနားလောက်မှာ အလျှော့အတင်းလုပ်လို့ရတဲ့ ကြိုးချည်လိုက်တာဖြစ်ပြီး အစာအိမ်ကို သိမ်အောင် လုပ်လိုက်တာဖြစ်ပါတယ်။ ကြိုးချည်ထားတဲ့ အပေါ်ပိုင်းမှာရှိတဲ့ အစာအိမ်ကသာ အစာတွေကို လက်ခံမှာဖြစ်ပြီး ကြေသွားတဲ့ အစာတွေက သိမ်အောင်လုပ်ထားတဲ့ အပိုင်းကနေ အစာအိမ်အောက်ပိုင်းကိုဆင်းသွားမှာဖြစ်ပါတယ်။ ကြိုး အလျှော့အတင်းလုပ်လို့ရအောင် ဘောလုံးလေးကို ကြိုးနဲ့ဆက်ထားပြီး ဘောလုံးထဲ အရည်အသွင်းအထုတ်လုပ်ခြင်းဖြင့် ကြိုးကို အလျှော့အတင်း လုပ်လို့ရမှာဖြစ်ပါတယ်။ သူက အလုပ်အများဆုံးခွဲစိတ်မှုတစ်ခုပါ ။

၃ ။ Sleeve gastrectomy

  • သူကတော့ အစာအိမ်တစ်ဝက်ကို ဖြတ်ထုတ်လိုက်ပြီး အစာအိမ်ကို ပြွန်ပုံစံဖြစ်အောင် လုပ်လိုက်တာဖြစ်ပါတယ်။ ဒီလိုနဲ့ အစာအိမ်ထဲမှာ အစာများများမကာတော့လို့ စားလိုက်ရင် မြန်မြန်ပြည့်လွယ်သွားတဲ့အပြင် အစာစားချင်တဲ့ ghrelin ဟော်မုန်းကို လျှော့ချပေးတဲ့အတွက် အစားတအားစားချင်တော့မှာ မဟုတ်ပါဘူး။

ကောင်းကျိုး ဆိုးကျိုးတွေ ။ ။

ကိုယ်အလေးချိန်ကျအောင် ခွဲစိတ်တဲ့နည်းလမ်းက သင့်ကို ပေါင်အများကြီးကျအောင် စွမ်းဆောင်ပေးနိုင်တဲ့ နည်းလမ်းတစ်ခုပါ။ အရာရာတိုင်းမှာ အကောင်းနဲ့ အဆိုးဒွန်တွဲနေတဲ့အတွက် သူ့မှာကောင်းတဲ့ အချက်တွေ ရှိသလို ဆိုးတဲ့အချက်တွေလည်း ရှိပါတယ်။

ကောင်းတာတွေကတော့ ခွဲစိတ်မှုလုပ်ပြီးသွားတဲ့သူ ၉၅ ရာခိုင်နှုန်း ဟာ ကောင်းမွန်တဲ့ လူနေမှုပုံစံတွေ ရရှိသွားကြတဲ့အပြင် အဝလွန်တာရဲ့နောက်ဆက်တွဲဆိုးကျိုးတွေ ဖြစ်တဲ့

ခွဲစိတ်မှုလုပ်ရတာဖြစ်တဲ့အတွက် လူနာတွေဘက်ကရင်းလိုက်ရတာလေးတွေလည်းရှိပါတယ်။

  • ခွဲစိတ်တဲ့ မေ့ဆေးထုံဆေးတို့ရဲ့ ဒဏ်
  • ဗိုက်ပေါ်မှာကျန်ခဲ့တာ ချုပ်ရိုးက နာနေတာတစ်မျိုး၊ ပြန်ကွဲထွက်မှာ ဆိုးလို့ လှုပ်လှုပ်ရှားရှား လုပ်လို့မရတာကတစ်ကြောင်း
  • သဘာဝကို ဆန့်ကျင်ပြီး အစာအိမ်ကို သေးအောင် လုပ်ထားတာကြောင့် နေထိုင်ရတာ သက်တောင့်သက်တာ မရှိတာ
  • အစာတွေများများ မစားဖြစ်တော့ ဗီတာမင်နဲ့ သတ္တုဓာတ်တွေ ချို့တဲ့တာတွေ ဖြစ်တတ်ပါတယ်။

ဘယ်လိုမှ မျှော်လင့်ချက်မရှိတဲ့လူတွေ အတွက်ကတော့ အဝလွန်နေတာကို လျှော့ချဖို့ ခုပြောထားတဲ့ ခွဲစိတ်နည်းတွေကသာ သူတို့အတွက် မျှော်လင့်ချက်ရောင်ခြည်လေးပါ။ ခွဲစိတ်ပြီးရင်လည်း လိုက်နာရမယ့် စားသောက်မှုပုံစံတွေ ၊ လုပ်သင့်တဲ့လေ့ကျင့်ခန်းတွေကို သေချာလိုက်နာဖို့ မမေ့နဲ့နော်။ ။

[embed-health-tool-bmi]

မသက်ဆိုင်ကြောင်း ရှင်းလင်းချက်

Hello Health Group သည် ဆေးပညာအကြံဉာဏ်များ၊ ရောဂါရှာဖွေမှုများနှင့် ကုသမှုများ မပြုလုပ်ပေးပါ။

https://www.healthxchange.sg/digestive-system/stomach/weight-loss-surgery-pros-and-cons Accessed Date 20.12.2018

https://www.mayoclinic.org/tests-procedures/gastric-bypass-surgery/in-depth/weight-loss-surgery/art-20045334 Accessed Date 20.12.2018

https://www.webmd.com/diet/obesity/weight-loss-surgery-facts#2Accessed Date 20.12.2018

ယခုပုံစံ

19/09/2022

Dr. Thin Yadanar @ Frances မှ ရေးသားသည်။

Aye Thi Mon မှ ပြင်ဆင်ခဲ့ပါသည်။


ဆက်စပ် အကြောင်းအရာများ

ဖျားနာနေချိန်မှာ ဘာတွေ သောက်လို့ရသလဲ

မိုးရာသီမှာ ကျန်းမာစေဖို့ ဘာတွေ စားသောက်ကြမလဲ



Dr. Thin Yadanar @ Frances မှ ရေးသားသည်။ · 19/09/2022 တွင် အသစ်ဖြည့်စွက်ခဲ့သည်။

ad iconadvertisement

ဤဆောင်းပါးက အကူအညီဖြစ်ပါသလား။

ad iconadvertisement
ad iconadvertisement