backup og meta

မျှဝေပါ။

သီးသီးအကြောင်း သိကောင်းစရာ

သီးသီးကို ဒီအတိုင်း စားကြသလို ယိုထိုးပြီးလည်း စားကြပါတယ်။ အပင်ကြီးမျိုးဖြစ်ပြီး ပင်စည်မှာ အခေါက်ကြမ်းကြမ်းတွေနဲ့အတူ ဆူးတွေပါ ရှိတတ်ပါတယ်။ ရှောက်ပင်၊ သံပုရာပင်၊ သနပ်ခါးပင်၊ ပျဉ်တော်သိမ်ပင်တို့နဲ့ မျိုးရင်းတူပြီး မွှေးရနံ့ရှိပါတယ်။

သီးသီးအကြောင်း သိကောင်းစရာ

သီးသီးက အပြင်ခွံမာမာလေးနဲ့ လုံးဝန်းပါတယ်။ အထဲမှာ အနှစ်လေးတွေရှိပြီး အစေ့ အဖြူလေးတွေ ပါရှိပါတယ်။ မြင်သာအောင်ပြောပြရရင် ဥသျှစ်သီး အသေးစားလေးနဲ့ တူပါတယ်။

သီးသီးမှာပါတဲ့ အာဟာရ

သီးသီးရဲ့ အနှစ်ထဲတွင်

သီးသီးကပေးတဲ့ ကျန်းမာရေး

ယိုပဲ ထိုးစားစား၊ အနှစ်ကို တိုက်ပြီး ဖျော်ရည်ပဲ လုပ်သောက်သောက်၊ အသီးကို ငရုတ်သီး၊ ဆားတို့နဲ့ နယ်ပြီးပဲ စားစား အရသာရှိတဲ့ သီးသီးလေးက

အစာခြေစနစ် ကျန်းမာစေတယ်

သီသီးက အမျှင်ဓာတ် ကြွယ်ဝတဲ့ အသီးဖြစ်တာကြောင့် အစာခြေစနစ်ကို ကျန်းမာစေပြီး ဝမ်းမှန်စေသလို အူနံရံတွေကို အာဟာရ စုပ်ယူမှု ကောင်းစေပါတယ်။ သိပ်မမှည့်သေးတဲ့ သီးသီးကို ဝမ်းပျက်ဝမ်းလျှောတာ သက်သာစေဖို့ သုံးလို့ရသလို ဝမ်းသွားရခက်တာကို သက်သာစေဖို့လည်း အသုံးပြုပေးလို့ ရပါတယ်။

အနာကျက်စေနိုင်တယ်

သီးသီးက အရောင်ကျစေနိုင်သလို အနာကျက်စေနိုင်တဲ့ အာနိသင်လည်း ရှိပါတယ်။ သီသီးကို စားသုံးပေးလို့ရသလို အနာပေါ်ကို တိုက်ရိုက် အသုံးပြုပေးလို့လည်း ရပါတယ်။

အစာအိမ် ကျန်းမာစေတယ်

သီးသီး အမှည့်ကို စားသုံးပေးတာက အစာအိမ်ကို ကျန်းမာစေပြီး လေထိုးလေအောင့်တာနဲ့ အမျိုးမျိုးသော အစာအိမ်ပြဿနာတွေကို ကင်းစေပါတယ်။

အရေပြားပြဿနာ ကင်းစေတယ်

သီးသီးအရွက် ကြိတ်ရည်ကို အရေပြားမှာ လိမ်းပေးတာ၊ ခပ်ဖွဖွလေးနှိပ်နယ်ပေးတာက အင်ပျဉ် အပါအဝင် အရေပြား ပြဿနာ တော်တော်များများကို သက်သာစေနိုင်ပါတယ်။ ဝက်ခြံကိုလည်း သက်သာစေနိုင်ပါတယ်။

နေလောင်တာကို သက်သာစေတယ်

သီးသီးခေါက်ကို သွေးလူးတာက နေလောင်တာကို သိသိသာသာ သက်သာစေပါတယ်။

ဒါတွေအပြင် သီးသီးက

အရသာရှိတဲ့ သီးသီးလေး စားရင်း အခုလို ကျန်းမာရေး အကျိုးကျေးဇူးတွေ ရယူလိုက်ပါ။

[embed-health-tool-bmr]

မသက်ဆိုင်ကြောင်း ရှင်းလင်းချက်

Hello Health Group သည် ဆေးပညာအကြံဉာဏ်များ၊ ရောဂါရှာဖွေမှုများနှင့် ကုသမှုများ မပြုလုပ်ပေးပါ။

ယခုပုံစံ

13/10/2021

Aye Thi Mon မှ ရေးသားသည်။

Aye Thi Mon မှ ပြင်ဆင်ခဲ့ပါသည်။

Hello Sayarwon Panel မှ အချက်အလက်များ စစ်ဆေးထားပါသည်။ Aye Thi Mon မှ ရေးသားသည်။ နောက်ဆုံးအသစ်ပြင်ဆင်သည့်ရက်စွဲမှာ 13/10/2021 ဖြစ်ပါသည်။

ad iconadvertisement

ဤဆောင်းပါးက အကူအညီဖြစ်ပါသလား။

ad iconadvertisement
ad iconadvertisement