Pistachio စေ့လေးတွေဟာ အရသာရှိ သလို ပျင်းလည်းပြေစေတဲ့ အစားအစာတစ်ခုပါ။ ဒါတင်လား ဆိုတော့ မဟုတ်သေးပြန်ပါဘူး။ အပျင်းပြေ အရသာရှိရှိ စားလို့ရတဲ့ Pistachio စေ့လေးတွေက ကျန်းမာရေးနဲ့ ညီညွတ်တဲ့အဆီ၊ ပရိုတင်း၊ အမျှင်ဓာတ် နဲ့ ဓာတ်တိုးဆန့်ကျင် အာနိသင်တွေ ပါဝင်နေပြီး ကျန်းမာစေဖို့လည်း အထောက်အကူ ပြုပေးပါသေးတယ်။