brand logo
ဆောင်းပါးများ
ကိရိယာများ
အဖွဲ့များ

မျှဝေပါ။

ရေဘဝဲ စားတာ ကျန်းမာစေသလား .......

ပင်လယ်စာတွေ စားတဲ့အခါ ရေဘဝဲကို အကြိုက်ဆုံးလား။ ရေဘဝဲ စပ်စပ်လေး ချက်ပြီး ထမင်းဖြူ ပူပူလေးနဲ့ တွဲစားရတာက အတော်လေး အရသာရှိလှပါတယ်။ ဒီလို စားရတာတင် မဟုတ်ဘဲ ရေဘဝဲသုပ်၊ ရေဘဝဲကြော်၊ ရေဘဝဲကင်၊ ရေဘဝဲလုံးကြော် အားလုံးကို ကြိုက်တာဆိုရင်တော့ ဒီဆောင်းပါးလေးကို ဖတ်ကြည့်ဖို့ လိုပါမယ်။

ရေဘဝဲ စားတာ ကျန်းမာစေသလား .......

ရေဘဝဲ စားတာ ကျန်းမာစေသလား …….

ရေဘဝဲ ဆိုတာက ပင်လယ်ထဲက သတ္တဝါ တစ်မျိုးပါ။ ကယ်လ်လိုရီ ပါဝင်မှု နည်းပြီး ပရိုတင်း ကြွယ်ဝတဲ့ အစားအစာ တစ်မျိုးပါ။ ဒါတွေတင် မဟုတ်ဘဲ ရေဘဝဲမှာ ခန္ဓာကိုယ်အတွက်လိုအပ်တဲ့ ဗီတာမင်တွေနဲ့ သတ္တုဓာတ်တွေလည်း ကြွယ်ဝစွာ ပါဝင်နေပါတယ်။ ဒါကြောင့် ရေဘဝဲက ကျန်းမာစေသလားဆိုရင် ကျန်းမာစေတယ်လို့ပဲ ပြောပါရစေ။

ရေဘဝဲကနေ ရနိုင်မယ့် အာဟာရဓာတ်တွေက ဘာတွေဖြစ်မလဲ …….

ရေဘဝဲကနေ အခုလို အာဟာရဓာတ်တွေကို ရရှိနိုင်ပါတယ်။

ရေဘဝဲကပေးတဲ့ ကျန်းမာရေး

ရေဘဝဲကပေးတဲ့ ကျန်းမာရေး

ရေဘဝဲ စားတဲ့အခါ အခုလို ကျန်းမာရေး အကျိုးကျေးဇူးတွေ ရရှိစေနိုင်ပါတယ်။

Omega-3 Fatty Acids ကြွယ်ဝတယ်

ရေဘဝဲမှာ သန္ဓေသားလေး ဖွံ့ဖြိုးစေဖို့၊ နှလုံးကျန်းမာစေဖို့နဲ့ သိမြင်မှု စွမ်းဆောင်ရည် ကောင်းမွန်စေနိုင်တဲ့ အာဟာရဓာတ်တွေ ဖြစ်တဲ့ eicosapentaenoic acid (EPA) နဲ့ docosahexaenoic acid (DHA) တို့အပါအဝင် omega-3 fatty acids ကြွယ်ဝစွာ ပါဝင်နေပါတယ်။ အယ်လ်ဇိုင်းမား မဖြစ်အောင် ကာကွယ်ပေးပါတယ်။

ဓာတ်တိုးဆန့်ကျင်ပစ္စည်း ကြွယ်ဝတယ်

ရေဘဝဲမှာ အမိုင်နိုအက်ဆစ်တွေ ကြွယ်ဝစွာ ပါဝင်နေသလို ဓာတ်တိုးဆန့်ကျင်ပစ္စည်းတွေလည်း ကြွယ်ဝစွာ ပါဝင်နေပါတယ်။ ကိုယ်ခံအားကောင်းစေနိုင်သလို ဓာတ်တိုးပစ္စည်းတွေကြောင့် ရောင်ရမ်းတာနဲ့ နာတာရှည် ရောဂါတွေ မဖြစ်စေဖို့ ကာကွယ်ပေးပါတယ်။

ရေဘဝဲမှာ သံဓာတ်နဲ့ ဗီတာမင် B12 ပါဝင်နေတာကြောင့် ခန္ဓာကိုယ်ရဲ့ ဇီဝကမ္မဖြစ်စဉ်တွေကို တိုးတက်စေနိုင်ပါတယ်။ သံဓာတ် အားနည်းတာကြောင့် သွေးအားနည်းတာမျိုး မဖြစ်စေဖို့ ကာကွယ်ပေးနိုင်ပါတယ်။

သွေးတွင်းအဆီကျစေနိုင်တယ်

ရေဘဝဲရဲ့ နောက်ထပ် ကျန်းမာရေး အာနိသင်တစ်ရပ်က သွေးတွင်းအဆီကို ကျစေတာပါ။ သွေးထဲမှာ အဆီဖြစ်တာ၊ အနည်ထိုင်တာတွေ မဖြစ်စေဖို့ ကာကွယ်ပေးပြီး သွေးကြောတွေကို ကျန်းမာစေနိုင်ပါတယ်။ သွေးကြောကျဉ်းတာတွေကို ကာကွယ်ပေးနိုင်သလို နှလုံးသွေးကြောရောဂါတွေ မဖြစ်စေဖို့ ကာကွယ်ပေးပါတယ်။

ဘက်တီးရီးယားတွေကို တိုက်ဖျက်ပေးနိုင်တယ်

ရေဘဝဲ လက်ချောင်းတွေမှာပါတဲ့ စုပ်ခွက်လေးတွေထဲမှာ peptide လို့ခေါ်တဲ့ ဘက်တီးရီးယားတွေကို တိုက်ဖျက်ပေးနိုင်တဲ့ အရာလေးပါဝင်နေပါတယ်။ ဒီ peptide ကို ဘက်တီးရီးယားတွေကို တိုက်ဖျက်ဖို့ သုံးနိုင်သလို အစားအစာတွေ တာရှည်ခံစေဖို့လည်း အသုံးပြုပေးလို့ ရပါတယ်။

နှလုံး ကျန်းမာစေနိုင်တယ်

ရေဘဝဲမှာ Bioactive ဒြပ်ပေါင်း တစ်မျိုး ဖြစ်တဲ့ macrocyclic lactone ပါဝင်နေပါတယ်။ သွေးပေါင်ကို ထိန်းညှိပေးသလို သွေးတွင်း ကိုလက်စထရောများတာနဲ့ သွေးခဲပိတ်ဆို့တာမျိုးတွေ မဖြစ်စေဖို့ ကာကွယ်ပေးပါတယ်။ သွေးကြောလေးတွေကို ကျန်းမာစေနိုင်ပါတယ်။

ဆီးချို သက်သာစေတယ်

ရေဘဝဲမှာပါတဲ့ ပရိုတင်းက သွေးတွင်းသကြားဓာတ်ကို ကျဆင်းစေနိုင်သလို ဆီးချိုကြောင့် ဖြစ်တဲ့ နောက်ဆက်တွဲ ကျန်းမာရေး ပြဿနာတွေကိုလည်း ကာကွယ်ပေးပါတယ်။ အသည်းက အဆိပ်အတောက်တွေကိုလည်း ဖယ်ရှားပေးနိုင်ပါတယ်။

ကဲ ….. ရေဘဝဲ စားရင်း အခုလို ကျန်းမာရေး အကျိုးကျေးဇူးတွေကို ရယူလိုက်ပါ။

Hello Sayarwon Panel
Hello Sayarwon Panel မှ အချက်အလက်များ စစ်ဆေးထားပါသည်။ Aye Thi Mon မှ ရေးသားသည်။ နောက်ဆုံးအသစ်ပြင်ဆင်သည့်ရက်စွဲမှာ 28/12/2021 ဖြစ်ပါသည်။

ဤဆောင်းပါးက အကူအညီဖြစ်ပါသလား။